backup og meta

သင့်လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်ကို ဒီအရာကဖျက်ဆီးနိုင်ပါတယ်

HPVဗိုင်းရပ်စ်ပိုးကူးစက်ခံရခြင်းငယ်သောအမျိုးသားနှင့်အမျိုးသမီးများတွငအဖြစ်အများဆုံးသောကျန်းမာရေးပြဿနာတစ်ခု

HPV (သို့မဟုတ် ) Human Papilloma Virusသည်အဖြစ်အများဆုံးလိင်ဆက်ဆံခြင်းမှတဆင့်ကူးစက်သောဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်သည်။ ရောဂါကူးစက်ခံရသောသူများသည်လိင်အဂါၤတဝိုက်တွင် ကြွက်နို့များပေါက်ခြင်းနှင့် သေစေနိုင်လောက်သည်အထိပြင်းထန်သောကင်ဆာများဖြစ်သည့်လိင်တံကင်ဆာ၊သားအိမ်ခေါင်းကင်ဆာ၊မိန်းမကိုယ်လမ်းကြောင်းကင်ဆာ၊မိန်းမကိုယ်နှုတ်ခမ်းသားကင်ဆာ၊စအိုကင်ဆာ၊လည်ချောင်းကင်ဆာ၊ လျှာကင်ဆာနှင့်အာသီးကင်ဆာများဖြစ်နိုင်သည်။ကင်ဆာများမဖြစ်နိုင်လျှင်တောင်ပေါက်နေသောကြွက်နို့များသည်သင့်၏လိင်ပိုင်းဆိုင်ရာဆွဲဆောင်နိုင်စွမ်းယုံကြည်ချက်ရှိမှုကိုထိခိုက်စေပါသည်။

ကြွက်နို့များသည်လိင်အဂါၤပတ်လည်တဝိုက် နှင့်စအိုတစ်ဝိုက်တွင်မနာသောအဖုလေးများအဖြစ်ပေါက်တတ်သည် ။အရွယ်အစားနှင့်ပုံစံများကွဲပြားနိုင်ပါသည်။တစ်ချို့သောကြွက်နို့များသည်ပန်းဂေါ်ဖီကဲ့သို့အဖြူဖတ်များအထပ်လိုက်ပုံစံမျိုးနှင့်ရှိနေတတ်ပါသည်။ ကြွက်နို့များသည်သင့်ကျန်းမာရေးကိုပြင်းပြင်းထန်ထန်ဒုက္ခမပေးနိုင်သော်လည်းုသင်၏စိတ်ပိုင်းဆိုင်ရာကိုတော့ထိခိုက်နိုင်ပါသည်။

HPVသညသင်၏လိင်ပိုင်းဆိုင်ရာယုံကြည်မှုကိုဘယ်လိုထိခိုက်နိုင်စေသနည်း

၁ ။ ြကွက်နို့များ

လူ့အသိုင်းအဝိုင်းရဲ့လက်ခံမှုအရလိင်အဂါၤတစ်ဝိုက်တွ င် ကြွက်နို့များပေါက်နေလျှင်သင့်ကိုယ်သင်မသန့်ရှင်းဘူးဟုခံစားရပါလိမ့်မယ်။တချို့လူများကသင်သည်ကာမကိစ္စလိုက်စားသဖြင့် ကြွက်နို့ပေါက်ရခြင်းဖြစ်သည်ဟုယူဆထားကြသည် ။ မည်သို့ပင်ဖြစ်စေကာမူပတ်ဝန်းကျင်အသိုင်းအဝိုင်းကိုသွားပြောနေ၍မရပေ။ချီးမွမ်း၇ရက်ကဲ့ရဲ့ ၇ရက်မဟုတ်လား။ဤသို့အပြောခံရမည်မှာထုံးစံပင် ဖြစ်သောကြောင့် ကြိုတင်ပြင်ဆင်ထားသင့်သည်။ အကယ်၍သင့်တွင်လက်တွဲဖော်ရှိပြီးသားဖြစ်လျှ င်သင့်၏ကိုယ်ကျင့်တရားသည်သူတို့အတွက်မေးခွန်းထုတ်စရာဖြစ်နေလိမ့်မည်။သူတို့အားသင်ကလှည့်စားသည်ဟုပင်သံသယဝင်နေနိုင်သည်။သင့်တွင်သာမကသင့်လက်တွဲဖော်တွင်ပါ HIV(ခုခံအားကျဆင်းမှုကူးစက်ရောဂါ)ရှိနေလျှင်သင်သာအပြစ်တင်ခံရမည်မှာမုချဖြစ်သည်။သင်တို့၏အိမ်ထောင်ရေးလည်းပြိုကွဲသွားလိမ့်မည်။

တစ်ကိုယ်တည်းသမားဖြစ်နေလျှင်တော့လိင်အဂါၤ မှ ကြွ က်နို့များသည်သင့်အားတစ်ကိုယ်တည်းဘဝမှ ကျွတ်ရန်ပိတ်ပင်နေလိမ့်မည်။သင်ကိုယ်တိုင်လည် း ကိုယ့်ခန္ဓါအားရွံရှာနေလိမ့်မည်။လူတော်တော်များများကကြွက်နို့ပေါက်သည်ဟုသတိထားမိပြီးတာနဲ့သူတို့ကိုယ်သူတို့တောင်မကြည့်ချင်တော့ဟုပြောကြသည်။သင်အပြင်ထွက်တာနှင့်သင့်စိတ်ထဲတွင်စတင်စဉ်းစားသည်က“ငါ့မှာကြွက်နို့ရှိတာသူတို့တွေသိနေလား” “သိသွားရင်သူတို့ရွံကြမှာလား” “လက်ကောလက်ခံနိုင်ပါ့မလား”ဆိုသည့်အတွေးဖြစ်သည်။မည်သို့ပင် ဖြစ်စေကာမူကုမရသောလိင်မှတစ်ဆင့်ကူးစက်တတ်သောရောဂါရှိသူကိုချစ်သူတော်ရမည်မှာခက်ခဲသောအရာပင်ဖြစ်သည်။ ကြွက်နို့များအားအချိန်အတော်ကြာကုယူရမည်။ကုသတိုင်းပျောက်ချင်မှလည်းပျောက်နိုင်သည်။ထိုအခါမိမိကိုယ်ကိုအထင်အမြင်သေးမှုနှင့်ဆန့်ကျင်ဘက်လိင်ကိုဆွဲဆောင်နိုင်သည့်ယုံကြည်မှုများတဖြည်းဖြည်းမှေးမှိန်လာပြီးစိတ်ကျရောဂါများစတင်ဝင်ရောက်လာပါတော့သည်။

၂ ။ကင်ဆာေရာဂြါဖစ်နေလျှင်

လိင်စိတ်တက်ကြွမှု နှင့်ကင်ဆာကြားတွင်ဆက်သွယ်မှုတော့သိပ်မရှိပေ။မျိုးပွားအင်္ဂါများတွင်ကင်ဆာဖြစ်နေလျှင်တော့သင့်ကိုယ်သင်သိမ်ငယ်နေမှုသည်သင့်အတွက်ထိုးနှက်ချက်တစ်ခုပင်ဖြစ်သည်။ကင်ဆာမှရသောနာကျင်မှုအပြင်သိမ်ငယ်မှုများလည်းရနိုင်ပါသည်။သင့် ၏လွတ်လပ်မှုများဆုံးရှုံးသွားပြီးသင်လုပ်နေကျအလုပ်များတွင်လည်းမပျော်မွေ့တော့ပေ။သင်စတင်ပင်ပန်းလာပြီးအရင်ကလုပ်နေကျအလုပ်များပင်သင့်အတွက်စတင်ခက်ခဲလာသည်။သင်၏အနာဂါတ်အစီအစဉ်များကိုလည်းရပ်ထားလိုက်ရပြီးသင့်ဘဝကိုသင်စိတ်တိုင်းကျဆေးခြယ်၍မရတော့ဘူးဆိုသည့်အတွေးများစတင်ဝင်ရောက်လာသည်။ဤသို့ဖြင့်သင်ဟာဘယ်သူဖြစ်တယ်သင်ဘာဖြစ်ချင်တယ်သင်လုပ်နိုင်တယ်ဆိုသည့် ယုံကြည်ချက်များလျော့ကျလာသည်။ထို့ကြောင့်သိမ်ငယ်စိတ်မဝင်ဖို့နှင့်စိတ်ဓါတ်ခိုင်မာဖို့ယုံကြည်မှုများသည်သင့်၏ဆန့်ကျင်ဘက်လိင်ဆွဲဆောင်မှုနှင့်လိင်ကိစ္စများတွင်အဓိကျသောအပိုင်းများဖြစ်လာသည်။

သင့်ရဲလိင်ပိုင်းဆိုင်ရာစွဲဆောင်မှုကိုHPVကာကွယ်ဆေးနှင့်ကာကွယ်ထားလိုက်ပါ။

လူအများစုသည်ဆေးထိုးခံရမည်ကိုမကြောက်ကြပေ။ဤသို့ဖြင့်သူတို့တွင် HPVကာကွယ်ဆေးထိုးပြီးကြပြီးကြွက်နို့များနှင့်ကင်ဆာများအားကာကွယ်ပြီးသားဖြစ်နေတတ်သည် ။သင်ရောဘယ်လိုလဲ။သင်နှင့်သင်ချစ်ရသောသူကိုပါရောဂါဖြစ်မှုမှကာကွယ်မည်ဆိုလျှင်သင်ကာကွယ်ဆေးထိုးမည်လား။ကာကွယ်ဆေးမထိုးဘဲကြွက်နို့များမရချင်ဘူးဆိုလျှ င်အကောင်းဆုံးမှာလိင်မဆက်ဆံဘဲနေဖို့ဖြစ်သည်.။သင် ၁၀၀%လိင်မဆက်ဆံဘူးတာသေချာနေလျှင်ကာကွယ်ဆေးထိုးခြင်းကိုဆန့်ကျင်နိုင်ပါသည်။ HPVကာကွယ်ဆေးထိုးခြင်းဖြင့် ကြွက်နို့များလိင်အင်္ဂါတွင်ပေါက်ခြင်းနှင့်ကင်ဆာများကိုဖြစ်စေတတ်သည့် HPVဗိုင်းရပ်စ်ပိုးများအားကာကွယ်ပြီးဖြစ်သည် ။ဗိုင်းရပ်စ်ပိုးနှင့်တစ်ခါမှမထိတွေ့ဖူးလျှင် (သို့မဟုတ်)လိင်တစ်ခါမှမဆက်ဆံဖူးသေးသည့်အချိန်တွင်ကာကွယ်ဆေးထိုးလျှင်ဆေးအာနိသင်အကောင်းဆုံးကိုရနိုင်သည်။သင်လူပျိုဖော်၊အပျိုဖော်ဝင်သည့်အရွယ်ရောက်သည့်အခါတွင်လည်းဆေးအာနိသင်ရှိနေတုန်းဖြစ်သည်။ကာကွယ်ဆေး၏သက်ရောက်မှုကိုအပြည့်အဝရရှိမည်ဖြစ်သည်။သင်အသက်၄၅နှစ်အောက် ဖြစ်နေသရွေ့ကာကွယ်ဆေးထိုးရန်နောက်မကျသေးပေ။ကာကွယ်ဆေးသည်သင့်အားရောဂါဖြစ်ခြင်းမှကာကွယ်ပေးနိုင်သည့် အပြင် ပြင်းထန်သောဆိုးကျိုးများလည်းမပေးနိုင်သည့်အတွက်ယခုပဲကာကွယ်ဆေးထိုးလိုက်ပါ။

Hello Health Groupသည်ဆေးပညာဆိုင်ရာအကြံပြုချက်များရောဂါရှာဖွေမှုများ၊ကုသမှုများအားမပြုလုပ်ပါ။

ယခုဆောင်းပါးကို လင်းရောင်ခြည်ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ရောဂါရှာဖွေရေးစင်တာမှ စစ်ဆေးအတည်ပြုထောက်ခံပေးထားခြင်းဖြစ်ပါသည်။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

Marra, C., Ogilvie, G.,Gastonguay, L., Colley, L., Taylor, D. andMarra, F. (2009). Patients With Genital Warts Have a Decreased Quality of Life. Sexually Transmitted Diseases, 36(4), pp.258-260. Mortensen, G. and Larsen, H. (2010). The quality of life of patients with genital warts: a qualitative study. BMC Public Health, 10(1).

Human Papillomavirus (HPV) Vaccines.https://www.cancer.gov/about-cancer/causes-prevention/risk/infectious-agents/hpv-vaccine-fact-sheet#q8Accessed February 28, 2018.

HPV and genital warts.https://smartsexresource.com/topics/hpv-and-genital-wartsAccessed February 28, 2018.

http://www.cancerresearchuk.org/about-cancer/coping/physically/sex/effects

https://www.ncbi.nlm.nih.gov/pmc/articles/PMC2942787/

ယခုပုံစံ

31/01/2022

Dr. Thurein Hlaing Win မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ

လိင်မှတဆင့်အများဆုံးကူးစက်သောရောဂါအကြောင်း ကျွန်တော်လူတွေကို အသိပညာပေးပါတယ်


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 31/01/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement