ခုခေတ်ဟာ ပွင့်လင်းပြီးလွတ်လပ်လာတာနဲ့အညီ လက်မထပ်ခင်အတူနေကြတဲ့ ယဉ်ကျေးမှုဟာလည်း ပိုပြီးထွန်းကားလာနေပါတယ်။ ဒီလိုအတူနေတာကို အရှေ့တိုင်းယဉ်ကျေးမှုအရ လက်မခံလိုသူတွေရှိသလို လက်ခံသူတွေလဲ အများကြီးရှိလာနေပါတယ်။ အတူနေခြင်း မနေခြင်းဟာ အရွယ်ရောက်ပြီး လွတ်လပ်တဲ့ သူနှစ်ဦးအဖို့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်တဲ့အတွက် ဖြစ်လာတဲ့နောက်ဆက်တွဲတွေကိုလဲ မပြုလုပ်ခင်ကတည်းက ကြိုတင်စဉ်းစားတိုင်ပင်ဆွေးနွေး
အရေးအကြီးဆုံးကတော့ မလိုချင်သေးဘဲ ကိုယ်ဝန်မရဖို့နဲ့ ကူးစက်ရောဂါမရဖို့ပါပဲ။ အတူအရင်နေလိုက်မယ်၊ ပြီးတော့မှ အရေးပေါ်ဆေးတိုက်လိုက်မယ်ဆိုတာ ပြည့်စုံမှန်ကန်တဲ့ တာဝန်ယူမှုမဟုတ်ပါဘူး။ အဲဒီအစား သင့်တော်မှန်ကန်တဲ့ သားဆက်ခြားနည်းတွေဟာ ဘာတွေရှိပြီး ကိုယ်နဲ့ ဘာတွေက ကိုက်ညီတယ်ဆိုတာကို အမျိုးသားရော အမျိုးသမီးကပါ သိရှိပြီး လိုက်နာကြတာ အများကြီးပိုအကျိူးရှိပါတယ်။
စနစ်တကျကိုယ်ဝန်တားနည်းကို မသိလို့ ကိုယ်ဝန်ရှိပြီးမှ ဖျက်ချတဲ့အခါ ပိုးဝင်ပြီး သွေးဆိပ်တက်တာ၊ ခွဲစိတ်ခန်းဝင်ရတာအပြင် သေဆုံးတာတွေအထိ ဖြစ်တတ်ပါတယ်။ နောက်ထပ်အရေးကြီးတာတစ်ခုက လက်ထပ်လိုစိတ်မရှိတဲ့ အမျိူးသားကို အချုပ်နှောင်တစ်ခုဖြစ်စေဖို့ တစ်ဖက်သတ်ကိုယ်ဝန်ယူခြင်းဟာလည်း ဆိုးကျိုးတွေကိုသာဖြစ်စေပါတယ်။ ဒါကြောင့် အတူမနေခင်ကတည်းက သင့်တော်တဲ့ သားဆက်ခြားနည်းကို စနစ်တကျရွေးချယ်လိုက်နာဖို့ အင်မတန်အရေးကြီးပါတယ်။
(၁) ကွန်ဒုံး
စနစ်တကျသာသုံးမယ်ဆိုရင် ကွန်ဒုံးဟာ ကိုယ်ဝန်မရနိုင်အောင် ကိုးဆယ့်ကိုးရာခိုင်နှုန်းအထိ တားဆီးပေးပါတယ်။ ဒါ့အပြင် အကောင်းမွန်ဆုံး အကျိုးရလာဒ်ကတော့ HIV ကာလသား နဲ့ ဆစ်ဖလစ် အပြင်ဘီပိုး စီပိုး စတဲ့ ကူးစက်ရောဂါတွေကိုပါ ထိထိရောက်ရောက်ကာကွယ်ပေးနိုင်တာ
(၂) ဟော်မုန်းဓာတ်ပါတဲ့ တားဆေးများ
COC လို့ခေါ်တဲ့ ဟော်မုန်းဓာတ်နှစ်မျိုးပါ တားဆေး သောက်ဆေးအမျိုးအစားနဲ့ ပရိုဂျက်စတင် ဟော်မုန်းတစ်မျိုးတည်းပါတဲ့သော
(၃) Depo ထိုးဆေး
သုံးလခံထိုးဆေးလို့အလွယ်ခေါ်ပေမယ့် ဆယ့်နှစ်ပတ်ခံထိုးဆေးဖြစ်ပါတယ်။ ဆယ့်နှစ်ပတ်ပြည့်ရင် တစ်ကြိမ်ပြန်ထိုးရပါတယ်။ နီးစပ်ရာဆေးရုံဆေးခန်းတွေမှာ အလွယ်ထိုးလို့ရပြီး စျေးနှုန်းလဲ သက်သာပါတယ်။ ရာသီထိန်တာ၊ ရာသီမမှန်တာမျိူးဖြစ်တတ်ပါတယ်။ တကယ်လို့ သုံးလခံဆေးထိုးပြီးမှ ရာသီတောက်လျှောက် တစ်လလုံးပေါ်နေတာမျိုးဖြစ်ရင်တော့ နောက်ဆက်တွဲအနေနဲ့သွေးအားနည်းတာ
(၄) သားအိမ်ထဲထည့်ပစ္စည်း
ငါးနှစ်ကနေ ဆယ်နှစ်ခံတာမို့ ရေရှည်ကိုယ်ဝန်တားချင်တဲ့ သူတွေအတွက် ပိုသင့်တော်ပါတယ်။ ကြိုးစလေးဟာ မွေးလမ်းကြောင်းမှာရှိနေပေမယ့် လိင်ဆက်ဆံခြင်းကိုထိခိုက်မှာမစိုးရိမ်ရပါဘူး။ တစ်ခါတစ်ရံမှာတော့ အလိုအလျောက်ထွက်သွားတာမျိုးဖြစ်
(၅) လက်မောင်းထဲထည့်ပစ္စည်း
ဟော်မုန်းဓာတ်ပါဝင်တဲ့ ပစ္စည်းဖြစ်ပြီး ထုံဆေးနဲ့ လက်မောင်းအတွင်း ထည့်ပေးတာဖြစ်ပါတယ်။ ဒီတိုင်းအပြင်ကကြည့်ရင်မသိသာဘဲ လက်နဲ့စမ်းကြည့်မှသာထည့်ထားမှန်းသိနိုင်မှာပါ။ ဟော်မုန်းပါတာမို့ ရာသီမမှန်တာ၊ ကိုယ်အလေးချိန်တိုးလာတာမျိုး ဖြစ်နိုင်ပါတယ်။
(၆) အရေးပေါ်သောက်ဆေး
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။