backup og meta

Monsoon Fruits လို့ခေါ်တဲ့ တုပ်ကွေးရာသီမှာ စားပေးသင့်တဲ့ အသီးအနှံများ ။ ။

အားလုံးသိတဲ့အတိုင်း မိုးရာသီဆိုတာ တုပ်ကွေးတို့ အပျော်ဆုံးကာလတစ်ခုပါ။ ခြောက်သွေ့မှုလည်းမရှိ တစ်ချိန်လုံး စိုစွတ်နေပြီး သူတို့ကို သတ်နိုင်တဲ့ နေရောင်ခြည်လည်း သိပ်မထွက်နိုင်တော့ မိုးရာသီဆိုတာ တုပ်ကွေးရာသီဖြစ်နေရတာပေါ့။

ရာသီကတော့ တားလို့ရမှာ မဟုတ်ဘူး။ အချိန်တန်ရင် ရောက်လာမှာပဲ ဆိုတော့ တုပ်ကွေးရာသီအတွက် ကိုယ့်ဘက်ကပြင်ဆင်စရာ ရှိတာလေးတွေ ပြင်ဆင်ရတာပေါ့။ ခြင်ကိုက်မခံရအောင်နေတာ၊ မိုးရေစိုပြီး မဖျားအောင်ကြိုပြင်ဆင်ရတာ အပြင် မိုးရာသီမှာ အပေါများဆုံးဖြစ်တဲ့ ရောဂါပိုးတွေ ကိုယ်ခန္ဓါထဲ မဝင်အောင် ကြိုကာကွယ်တာမျိုးတွေ လုပ်သင့်ပါတယ်။

တုပ်ကွေးပိုးတွေကို ကိုယ်ခန္ဓါထဲ မဝင်ဖို့အတွက် အဓိကအရေးကြီးဆုံးကတော့ ကိုယ်ခံအားပါ။ ကိုယ်ခံအားကောင်းဖို့အတွက် နံပါတ် ၁ လိုအပ်တာကတော့ အစားအသောက်ပါ။ အစားအသောက်တွေထဲမှာမှ ရောဂါတွေကို ကာကွယ်ပေးဖို့ဆိုတော့ အသီးအနှံတွေက မပါမဖြစ်ပါ။ ဒီတော့ ဘယ်လို အသီးအရွက် တွေ စားပေးရမှာလဲ ။

Monsoon Fruits တုပ်ကွေးရာသီအတွက် စားပေးသင့်တဲ့ အသီးအနှံများ ။ ။

ချယ်ရီသီး ။ ။

ဒီလို မိုးဦးကျရာသီဆိုတာ ချယ်ရီသီး တွေ လှိုင်လှိုင်ပေါတဲ့ရာသီတစ်ခုပါ။ ကယ်လိုရီလည်းနည်းတဲ့အပြင် ပါဝင်တဲ့ အနီရောင်ခြယ်ပစ္စည်လေးက ဓါတ်တိုးဆန့်ကျင့်ပေးနိုင်တဲ့ အစွမ်းရှိတာကြောင့် ကိုယ်တွင်းမှာရှိတဲ့ မကောင်းတဲ့ ဓါတုပစ္စည်းတွေ ကို ဖယ်ရှားပေးနိုင်မယ့်အပြင် ခုခံအားကိုလည်းတက်စေပါတယ်။

လိုင်ချီးသီး ။

ဈေးထဲမှာ လိုင်ချီးသီး ေတွ ပေါနေတယ်ဟုတ်။ စားလို့လည်းကောင်း ဗီတာမင် စီဓါတ်လည်း ကြွယ်ဝတဲ့အပြင် ဓါတ်တိုးဆန့်ကျင်တဲ့ အာနိသင်အပြည့်ပါတာကြောင့် တုပ်ကွေးပိုးတွေကို ကာကွယ်ပေးမယ့် ခုခံအားကို အမှန်အကန်ု မြှင့်တင်ပေးမှာနော် ။

သလဲသီး ။ ။

ပါဝင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက သွေးတိုးရောဂါ၊ ကင်ဆာရောဂါနဲ့ နှလုံးရောဂါတို့ကို ကာကွယ်ပေးမယ့်အပြင် ဗီတာမင် B နဲ့ folate တို့ပါဝင်လို့ သွေးအားကိုလည်း ကောင်းစေဦးမှာပါ။ ခုခံအားကို မြင့်တင်ပေးတဲ့ အသီးတစ်ခုလည်းဖြစ်လို့ တုပ်ကွေးတွေကို အလွယ်တကူပဲ အနိုင်ယူနိုင်မှာနော်။

ပန်းသီး ။

ဘယ်ရာသီမဆို ရှိနေတဲ့ ပန်းသီးလေးကို တစ်နေ့တစ်လုံးသာ မှန်မှန်စားလို့ကတော့ ဆရာဝန်ဆီ လုံးဝသွားစရာ မလိုဘူးဆိုတဲ့ စကားလေး ကြားဖူးမှာပါ။ ပန်းသီးမှာ ပါတဲ့ ကြွယ်ဝတဲ့ အာဟာရဓါတ်တွေက ခုခံအားကို အကောင်းဆုံ မြှင့်တင်ပေးမှာ ဖြစ်လို့ တုပ်ကွေးဖြစ်မှာအတွက် စိတ်ပူစရာ မလိုတော့ဘူးနော်။

ကြက်ဟင်းခါးသီး ။

ခါးတဲ့အသီးတိုင်း ဆေးဘက်ဝင်တယ်ဆိုတာ အားလုံးသိကြမှာပါ။ ဒီတော့ ကြက်ဟင်းခါးသီးလည်းပါတာပေါ့။ ကြက်ဟင်းခါးသီးမှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက ကိုယ်တွင်းရောင်ရမ်းခြင်းတွေကို လျော့ကျစေတဲ့အပြင် တုပ်ကွေးဖြစ်နိုင်တဲ့ ဗိုင်းရပ်ပိုးတွေကိုလည်း သေစေနိုင်စွမ်းရှိပါတယ်။

ဒီတော့ မိုးဦးကျရဲ့ တုပ်ကွေးပိုတွေကို ဒီအသီးလေးတွေနဲ့ ကာကွယ်လိုက်ရအောင် ။ ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.boldsky.com/health/nutrition/2014/ten-best-fruits-to-eat-during-monsoon/articlecontent-pf47767-044600.html

Accessed Date 5.6.2019

https://medium.com/@michelhowdy/top-10-vegetables-and-fruits-to-eat-during-monsoon-7fa9f2f88a51

Accessed Date 5.6.2019

https://doctor.ndtv.com/living-healthy/monsoons-monsoon-infections-7-fruits-you-should-be-eating-1888950

Accessed Date 5.6.2019

ယခုပုံစံ

27/06/2022

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Thin Yadanar @ Frances မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင်က ခဏခဏ ဖျားတတ်တဲ့သူဆိုရင် တုပ်ကွေးရာသီကို ဒီအချက်လေးတွေနဲ့ ဖြတ်ကျော်လိုက်ပါ။

တုပ်ကွေးရာသီ ရောက်ပြီဆို ခုလိုအချက်လေးတွေ သိထားပြီး ကြိုပြင်ဆင်ထားဖို့ လိုပါတယ်။ ။


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thin Yadanar @ Frances မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 27/06/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။