backup og meta

ပန်းနာရင်ကြပ်ကြောင့် အမောဖောက်ခြင်းဟာ ဘာလို့ ညဘက်တွေမှာ ပိုဆိုးလေ့ရှိတာလဲ

ပန်းနာရင်ကြပ် သမားတွေရဲ့ ၃၀ ရာနှုန်းကနေ ၇၀ ရာနှုန်းလောက်ဟာ နေ့ဘက်ထက် ညဘက်မှာ ပိုပြီး ရင်ကျပ်တတ်ကြပါတယ်။ ညဘက်မှာ ရင်ကြပ်ခြင်း၊ အမောထဖောက်ခြင်းတို့ဟာ နေ့ဘက်ထက်စာရင် ပိုပြီး ကသိကအောက် ဖြစ်စေမယ့်အပြင် တချို့လူတွေအတွက်ဆို ချက်ချင်း ကုသမှု ခံယူဖို့ လိုအပ်စေပါတယ်။ ပန်းနာရင်ကြပ်ကြောင့် အမောဖောက်ခြင်းဟာ ဘာလို့ ညဘက်တွေမှာ ပိုဆိုးလေ့ရှိတာလဲ ……

ပန်းနာရင်ကြပ်ကြောင့် အမောဖောက်ခြင်းဟာ ဘာလို့ ညဘက်တွေမှာ ပိုဆိုးလေ့ရှိတာလဲ

ပန်းနာရင်ကြပ်ကြောင့် အမောဖောက်ခြင်းဟာ ဘာလို့ ညဘက်တွေမှာ ပိုဆိုးလေ့ရှိတာလဲ

ပန်းနာရင်ကြပ်ကြောင့် အမောဖောက်ခြင်းဟာ ဘာလို့ ညဘက်တွေမှာ ပိုဆိုးလေ့ရှိတာလဲဆိုတော့

(၁) ဓာတ်မတည့်မှုဖြစ်စေသောအရာများနှင့် ထိတွေ့မှုများခြင်း

ဓာတ်မတည့်စေသော အရာဟာ အိပ်ရာပေါ်က ကြမ်းပိုး ဖြစ်နိုင်သလို အခန်းထဲမှာ ရှိနေတဲ့ ဖုန်မှုန့်နှင့် ကြောင်အမွေးတွေလည်း ဖြစ်နိုင်ပါတယ်။ သင့်အနေနှင့် ညအိပ်ချိန်မှာ အနည်းဆုံး ၇ နာရီလောက်တော့ အခန်းထဲမှာ နေဖြစ်နေတဲ့အတွက် မိမိအခန်းထဲမှာ ခုနကလို ဓာတ်မတည့်စေတဲ့ အရာတွေ ရှိနေရင်တော့ သင်အိပ်ပျော်ဖို့ ကြိုးစားချိန်မှာပဲ အသက်ရှူကျပ်ခြင်း နှင့် အသက်ရှူစဉ် တရွီရွီ အသံများ မြည်လာခြင်းတို့ကို ကြုံတွေ့ရနိုင်ပါတယ်။

(၂) ပက်လက်အိပ်စက်ပုံကြောင့် အစာအိမ်အက်ဆစ်များအထက်သို့ ဆန်တက်ခြင်း

ပက်လက် အိပ်တဲ့အခါမှာ အစာအိမ်တွင်းရှိ အက်ဆစ်တွေဟာ အစာရေမျိုကနေတဆင့် အထက်သို့ ဆန်တက်ပြီးနောက် အသက်ရှူလမ်းကြောင်းတွင်းသို့ ဝင်မိပြီး ချောင်းဆိုးစေပါတယ်။

ဒီလို အစာအိမ် အက်ဆစ်တွေဟာ လေပြွန်တွေကို ကျုံ့စေပြီး အသက်ရှူကျပ် စေပါသေးတယ်။

(၃) နှာခေါင်းအနောက်ဖက်ကနေ နှာရည်ကျခြင်း

သင် လဲလျောင်းစဉ်မှာ နှာခေါင်းအတွင်းရှိ နှာရည်တွေဟာ လည်ချောင်းတွေထဲ စီးဆင်းစေပြီး ချောင်းဆိုးခြင်းကို လှုံ့ဆော်ပေးပါတယ်။

(၄) ဆေးမသောက်မိခြင်း

သင့် အနေနှင့် အိပ်ခါနီး သောက်ရမယ့် ဆေးတွေကို ပုံမှန် မသောက်မိဘူးဆိုရင်တော့ အိပ်နေစဉ် ရင်ကျပ်စေပါလိမ့်မယ်။

(၅) စိတ်ဖိစီးမှု

စိတ်ဖိစီးခြင်းကြောင့်လည်း ညအိပ်ချိန် ပန်းနာရင်ကျပ် ထခြင်းကို ဖြစ်စေပါတယ်။ ဒါဟာ စိတ်ဖိစီးချိန် ထွက်တတ်တဲ့ ဟော်မုန်းတွေက အသက်ရှူလမ်းကြောင်းတွင် ရောင်ရမ်းခြင်း ဖြစ်စဉ်တွေကို ဖြစ်စေတတ်လို့ပါ။

(၆) အဆုတ်စွမ်းဆောင်ရည်

နေ့ဘက်မှာ လူတွေဟာ လှုပ်ရှားတက်ကြွနေတဲ့အတွက် အဆုတ် စွမ်းဆောင်ရည်ဟာ နေ့ဘက်မှာ ပိုမို ကောင်းမွန်ပြီး ညဘက်မှာ ကျဆင်းနေတတ်ပါတယ်။ ဒီအချက်က ပန်းနာရင်ကြပ် အမောဖောက်ခြင်းတွေဟာ ညဘက်မှာ အဖြစ်များရခြင်း ရဲ့ အကြောင်းရင်း တစ်ချက် ဖြစ်ပါတယ်။

ညဘက်မှာ ပန်းနာရင်ကြပ်ကြောင့် ရုတ်တရက် အမောဖောက်လေ့ ရှိသူတွေ အနေနှင့် ကြိုတင် ပြင်ဆင်ရမယ့် အချက်တွေ ကတော့

Inhalerကို ကိုယ်နှင့် လက်လှမ်းမီသော နေရာတွင်သာ ထားပါ။

-ဆရာဝန်နှင့် တိုင်ပင်ပြီး ဆေးသောက်ချိန်ကို ညှိနှိုင်းပါ။ လိုအပ်ပါက ဆေးပမာဏ တိုးသောက်ပါ။

-အိပ်ခန်းကို သန့်ရှင်းအောင် ထားပါ။ လေဝင်လေထွက် ကောင်းပါစေ။ အခန်းတွင်းသို့ အိမ်မွေးတိရစ္ဆာန်များ အဝင်မခံပါနှင့်။

-ဆေးလိပ်ငွေ့၊ အမွှေးတိုင်ငွေ့စသော အငွေ့များနှင့် ဝေးဝေး နေပါ။

-မပြင်းထန်သော ကိုယ်လက်လေ့ကျင့်ခန်းများ နေ့စဉ် ပြုလုပ်ပေးပါ။

ရေးသားသူ – Dr. Rose

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthgrades.com/right-care/asthma/why-asthma-is-worse-at-night?fbclid=IwAR0WUwnZpeJXo-_MtBKyj6xR0dkAAymgUJoY2PxPi8yrAzdHimSxcJblLYs

https://medlineplus.gov/ency/patientinstructions/000062.htm

ယခုပုံစံ

14/11/2022

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ပန်းနာရင်ကျပ်ရောဂါ ပြန်ထနေတဲ့အခါ သဘာဝအတိုင်းသက်သာအောင် ဘယ်လိုလုပ်ကြမလဲ။ ။

ပန်းနာရင်ကျပ်ရောဂါရှိသူတွေ ဆောင်သင့် ရှောင်သင့်တဲ့ အစားအသောက်များ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 14/11/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။