backup og meta

ကျောက်ကပ်လှူထားတဲ့ အမျိုးသမီး ကိုယ်ဝန်ဆောင်ဖို့ ဖြစ်နိုင်ပါ့မလား.......

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျောက်ကပ်လှူထားတဲ့ အမျိုးသမီး ကိုယ်ဝန်ဆောင်ဖို့ ဖြစ်နိုင်ပါ့မလား.......

    ချစ်ခင်ရသူ တစ်ဦးဦး ကျောက်ကပ် ကျန်းမာရေး ချို့ယွင်းနေတာကြောင့်  ကျောက်ကပ် အစားထိုး ကုသမှု ခံယူဖို့ လိုအပ်နေတယ်။ ဒါကို ကိုယ်ကလည်း လှူပေးချင်တယ်။ ဒါပေမယ့် အနာဂတ်မှာ ကိုယ်ပိုင် မိသားစုလေး တစ်စု ထူထောင်ဖို့လည်း စိတ်ကူးက ရှိနေပြန်တယ်။ ဒီအချိန်မှာ ကျောက်ကပ် လှူလိုက်ရင် အနာဂတ်မှာ ကိုယ်ပိုင် ရင်သွေး ရှိလာနိုင်ပါ့မလား။ ကျောက်ကပ်လှူထားတဲ့ အမျိုးသမီး ကိုယ်ဝန်ဆောင်ဖို့ ဖြစ်နိုင်ပါ့မလား……. ကိုယ်ဝန်ဆောင်ဖို့ အခက်အခဲတွေများ ရှိနိုင်မလား ဆိုပြီး စိတ်ပူနေတဲ့သူတွေအတွက် ဒီဆောင်းပါးလေးက ဖြေထုတ်ပေးနိုင်မှာပါ။

    ကျောက်ကပ် လှူမယ့် လေဒီလေးတိုင်း သိချင်နေလောက်မယ့် မေးခွန်းများ

    ကျောက်ကပ်လှူထားတဲ့ အမျိုးသမီး ကိုယ်ဝန်ဆောင်ဖို့ ဖြစ်နိုင်ပါ့မလား……. ကျောက်ကပ်လှူတော့မယ်ဆိုရင် သိချင်နေလောက်မယ့် မေးခွန်းတွေက တော်တော်လေး များနေလောက်ပါတယ်။ ဒီမေးခွန်းတွေရဲ့ အဖြေတွေကတော့

  • ကျောက်ကပ်လှူတာက ကလေးရနိုင်ခြေကို ထိခိုက်နိုင်မလား။

  • မထိခိုက်နိုင်ပါဘူး။ ကျောက်ကပ် လှူလိုက်ပေမယ့် ရာသီသွေးက ပုံမှန် ဆင်းနေမှာဖြစ်သလို ကလေးရနိုင်ခြေကလည်း လျော့သွားတာမျိုး မရှိပါဘူး။ ဒါကြောင့် ကျောက်ကပ်လှူလိုက်လည်း မေမေဖြစ်နိုင်မယ့် အခွင့်အရေးက ရှိနေဆဲပါ။

    • ကျောက်ကပ်လှူပြီး ဘယ်လောက်ကြာရင် ကိုယ်ဝန်ဆောင်နိုင်မလဲ။

    ကျောက်ကပ်လှူပြီးပြီးချင်းမှာ ချက်ချင်း ကိုယ်ဝန်ဆောင်ဖို့ မဖြစ်နိုင်ပါဘူး။ ကျောက်ကပ်လှူပြီး အနည်းဆုံး ၆ လကြာမှ ကိုယ်ဝန်ဆောင်သင့်ပါတယ်။ ကိုယ်ဝန် မဆောင်ခင်မှာ ကျန်းမာရေး စစ်ဆေးမှု ခံယူတာ၊ ကိုယ်ဝန်ဆောင်ဖို့ ခန္ဓာကိုယ်က ကြံ့ခိုင်မှု ပြည့်ပြီလားဆိုတာကို အိုဂျီနဲ့ သေချာတိုင်ပင်တာမျိုး လုပ်ဖို့လိုပါမယ်။ ကိုယ်ဝန်ရှိပြီဆိုတာနဲ့လည်း အိုဂျီကို သေချာပြသဖို့တော့ လိုပါမယ်။ ကျောက်ကပ် လှူထားတယ် ဆိုတာကိုလည်း သေချာပြောပြဖို့ လိုပါလိမ့်မယ်။

    • ကျောက်ကပ်လှူပြီး ကိုယ်ဝန်ဆောင်ရင် အန္တရာယ်ရှိလား။

    ကျောက်ကပ် လှူပြီးသူတွေက ကိုယ်ဝန်ကို အန္တရာယ်ကင်းကင်း ဆောင်နိုင်ကြပါတယ်။ လေ့လာမှုတွေ အရကတော့ ကျောက်ကပ်လှူထားတဲ့ လေဒီလေးတွေဟာ ကိုယ်ဝန်ဆောင်ချိန်မှာ အခြား အမျိုးသမီးတွေထက် ကိုယ်ဝန်ဆောင် ဆီးချိုကိုယ်ဝန်ဆောင် သွေးတိုး နဲ့ ဆီးထဲမှာ ပရိုတင်း များတာတွေကို ခံစားရနိုင်ခြေ အနည်းငယ် များနေတာက လွဲလို့ ကျန်တာကတော့ ပုံမှန်ပါပဲ။

    ဒီ ပြဿနာကင်းစေဖို့ဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာ အစားအသောက် အနေအထိုင်ကို သေချာလေး ဂရုစိုက်မယ်။ အိုဂျီကို ကျောက်ကပ် လှူထားတဲ့အကြောင်း သေချာလေး ပြောပြပြီး ထိုက်သင့်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို ခံယူမယ်ဆိုရင် အန္တရာယ်ကင်းကင်း ကိုယ်ဝန်ဆောင်နိုင်မှာပါ။

    • ကျောက်ကပ်လှူတာက ကလေးရဲ့ ကျန်းမာရေးအပေါ် သက်ရောက်မှု ရှိနိုင်မလား။

    ကျောက်ကပ်လှူတာက သန္ဓေသားရဲ့ ကျန်းမာရေးအပေါ် ထိခိုက်မှု မရှိနိုင်ပါဘူး။ ကြီးထွားမှုကလည်း ပုံမှန်အတိုင်း ကြီးထွားမှာ ဖြစ်ပါတယ်။ ကျောက်ကပ်လှူထားတာကြောင့် ကိုယ်ဝန် လမစေ့ဘဲ မွေးဖွားတာ၊ မဖြစ်မနေ ခွဲမွေးဖို့ လိုတာမျိုး မဖြစ်နိုင်ပါဘူး။ ပေါင်မပြည့်ဘဲ မွေးတာမျိုး၊ မွေးရာပါ ရောဂါ ပါလာတာမျိုးလည်း မဖြစ်နိုင်ပါဘူး။

    • ကျောက်ကပ် လှူပြီး အန္တရာယ်ကင်းကင်း ကိုယ်ဝန်ဆောင်နိုင်ဖို့ ဘယ်အချက်တွေကို လိုက်နာဖို့ လိုမလဲ။

    ကျောက်ကပ် လှူပြီးနောက်မှာ ကိုယ်တိုင်လည်း ကျန်းမာပြီး အန္တရာယ် ကင်းကင်း ကိုယ်ဝန်ဆောင်နိုင်စေဖို့ဆိုရင်

    • ပုံမှန် ကျန်းမာရေး စစ်ဆေးမှု လုပ်ဆောင်ပါ (တစ်နှစ်တစ်ကြိမ် ဒါမှမဟုတ် ၆ လတစ်ကြိမ် ပုံမှန် ကျန်းမာရေး စစ်ဆေးမှု ခံယူတာမျိုးပါ)
    • ဆေးလိပ် မသောက်ပါနဲ့
    • တဆင့်ခံ ဆေးလိပ်ငွေ့ရှောင်ပါ
    • လေ့ကျင့်ခန်း ပုံမှန် လုပ်ပါ
    • ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးပါ (အဆီ၊ အချို၊ အငန် ကဲတာတွေ မစားပါနဲ့)
    • သင့်တင့်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ
    • ခန္ဓာကိုယ်က ပြည့်ပြည့်ဝဝ ပြန်လည် ကျန်းမာလာမှသာ ကိုယ်ဝန်ဆောင်ပါ စတဲ့ အချက်တွေကို သေချာလေး လိုက်နာဖို့ လိုပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement