backup og meta

ဆောင်းပါး ကူညီပံ့ပိုးသူ May May Club

26 ပတ်

26 ပတ် မြောက်မှာ ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ

သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့်

26 ပတ် အရွယ်ကလေးလေးက ကိုက်လန်ရွက်အရွယ် ၃၅.၅၆ စင်တီမီတာ ၇၇၀ ဂရမ် လောက်ရှိပါပြီ။

26 ပတ်

ကလေးလေးရဲ့ မျက်စိက အခုချိန်ထိပိတ်နေပေမယ့် မကြာခင်မှာ ပွင့်လာပြီး မျက်စိအဖွင့်အပိတ်လုပ်လို့ ရတော့မှာပါ။ လူမျိုးပေါ်လိုက်ပြီး ကလေးလေး မျက်ဆံတွေက ညိုတာ၊ မည်းတာဆိုပြီး ကွဲပြားနိုင်ပါတယ်။ မျက်လုံးအရောင်က မွေးပြီး ပထမတစ်နှစ်အတွင်း အရောင်ပြောင်းပါတယ်။ တချို့လည်းမွေးကတည်းက ညိုတာ၊ နက်တာ ပါလာပြီးသားပါ။ မျက်တောင်နဲ့ ဆံပင်တွေလည်း ရှည်လာမှာပါ။

ခန္ဓာကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ

ခန္ဓာကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့်

မမွေးခင်အထိ မေမေ့သားအိမ်က သားသားမီးမီးတွေအတွက် အလုံခြုံဆုံးနေရာပါ။ ဒါပေမယ့် မွေးလာရင်တော့ ကလေးက နေရာပြောင်းရတော့မှာပါ။ ဒီတော့ ကိုယ့်အိမ်ကို ကလေးအတွက် လုံခြုံတဲ့နေရာဖြစ်အောင် စပြီးပြင်ဆင်သင့်ပါပြီ။ ကလေးလေး လုံခြုံဖို့အတွက် နည်းလမ်းလေးတွေရှိပါတယ်။

ပလက်ပေါက်တွေကို ဖုံးထားပါ။ ညပ်နိုင်မယ့်၊ အန္တရာယ်ရှိတဲ့ နေရာတွေဖယ်ထားပါ။ မီးခိုးငွေ့ အချက်ပေးခေါင်းလောင်းတပ်ထားပါ။ လှေကားနေရာမှာ ပိတ်ထားပါ။ စဉ်းစားမိသလောက်ကို ကြိုတင်ကာကွယ်ထားပါ။ ကလေးလေးကို ဘာနဲ့မှ အစားထိုးမရဘူးဆိုတာ အမြဲသတိရပါ။

 26 ပတ် မြောက်မှာ သိသင့်သိထိုက်တာလေးတွေ

လမ်းလျှောက်ရင် ဟန်ချက်မညီဘဲ ကိုးယိုးကားယား ဖြစ်နေနိုင်ပါတယ်။ နောက်ဆုံး ၃ လပတ်မှာဆို လဲကျနိုင်ချေများပါတယ်။ ဗိုက်ကလည်း ပိုပူလာဦးမှာပါ။ ကမ္ဘာ့ဆွဲအားဗဟိုချက်က နေရာရွေ့ပြီး အရှေ့ရောက်သွားမှာပါ။ အဆစ်တွေမခိုင်တော့သလို ပင်ပန်းတာကြောင့် အတွေးလွန်တာ သတိမရှိတာမျိုး ဖြစ်တတ်ပါတယ်။ ဒီတော့ အမြင်တွေမှားပြီး လဲကျဖို့ များတာပေါ့။ သွားတာလာတာ ဂရုစိုက်ဖို့ အရေးကြီးပါတယ်။

ဆရာဝန်ဆီ သွားပြရအောင်

ဆရာဝန်နဲ့ ဘာတွေတိုင်ပင်ကြမလဲ

အသားယားပြီး ကုတ်ရာတွေ၊ အဖုတွေ ပိုထွက်တတ်ပါတယ်။ ဒါက နေရထိုင်ရမသက်သာစေပါဘူး။ ဒါပေမယ့်လည်း ၃ လပဲ ကျန်တော့တယ်ဆိုတဲ့ စိတ်နဲ့ အားတင်းထားကြနော် မေမေတို့ရေ။ ယားယံလို့ ကုတ်ထားတဲ့ အရာတွေက ဗိုက်တွေ၊ ပေါင်တွေ၊ တင်ပါးတွေနဲ့ လက်မောင်းတွေမှာ ပေါ်လာတတ်ပါတယ်။ ဆရာဝန်က သက်သာအောင် ဆေးထိုးဆေးပေးတာမျိုးတွေလုပ်မှာပါ။

ဘယ်လိုစစ်ဆေးမှုတွေ ထပ်လိုဦးမလဲဆက်လေ့လာရအောင်

ဒီလမှာ စစ်ဆေးမှု အသစ်လေးတွေ ထပ်လုပ်မှာပါ။ စစ်ဖို့ လိုအပ်တာပေါ် မူတည်ပြီး အောက်ပါစစ်ဆေးမှုကို လုပ်ပါလိမ့်မယ်။

  • ကိုယ်အလေးချိန်နဲ့ သွေးပေါင် တိုင်းခြင်း
  • ဂလူးကိုးစ်နဲ့ ပရိုတင်းအတွက် ဆီးစစ်ခြင်း
  • သန္ဓေသားနှလုံးခုန်နှုန်းစစ်ခြင်း
  • မွေးမယ့်အချိန်တွက်ဖို့ သားအိမ်အခြေအနေကို အပြင်ဘက်ကနေ စစ်ဆေးခြင်း
  • သားအိမ်ထိပ် အမြင့်တိုင်းခြင်း
  • ခြေလက်ရောင်မရောင်၊ သွေးပြန်ကြောတွေ ဖောင်းနေလားစစ်ခြင်း
  • သွေးတွင်းဂလူးကိုးစ်စစ်ခြင်း
  • သွေးအားနည်းနေလားသိအောင် သွေးစစ်ခြင်း
  • လိုအပ်တဲ့ ကာကွယ်ဆေးထိုးခြင်း

မူမမှန်တဲ့ လက္ခဏာတွေ၊ တခြားသိချင်တာတွေရှိရင် စာရင်းနဲ့မှတ်ပြီးဆရာဝန်ကို မေးပါ။

ကျန်းမာဘေးကင်းအောင် နေကြမယ်

ကိုယ်ဝန်ရှိချိန်မှာ ကျန်းမာဘေးကင်းအောင် ဘာတွေသိထားရမလဲ

  • ရောင်ရမ်းခြင်း

ခန္ဓာကိုယ်မှာ ကြီးလာတာဆိုလို့ ဗိုက်တစ်ခုတည်းမဟုတ်ပါဘူး။ ညဘက်တွေမှာလည်း ခြေချင်းဝတ်တွေ၊ ခြေဖဝါးတွေ ရောင်လာနိုင်ပါတယ်။ ဘေးမဖြစ်စေနိုင် ပေမယ့် နေရထိုင်ရတာအဆင်မပြေပါဘူး။

ဖိနပ်ဝတ်တဲ့အခါ အဆင်မပြေစေနိုင်သလို လက်စွပ်တွေဆိုလည်း ချွတ်လို့မရဖြစ်လာမှာပါ။ ဒီလိုရောင်တတ်တာက ပုံမှန်ပါ။ ကိုယ်ထဲမှာ အရည်တွေများလာလို့ဖြစ်တာပါ။

အမျိုးသမီး ၇၅%လောက်က ကိုယ်ဝန် ၂၆ ပတ်လောက်မှာ ခြေလက်တွေ ရောင်ရမ်းတတ်ပါတယ်။ ရပ်တာ၊ ခြေထောက်တွဲလောင်းချပြီး ထိုင်တာ ကြာသွားရင်ပိုဆိုးတတ်ပါတယ်။ နာရီအနည်းငယ်လောက် လှဲလိုက်တာက ရောင်တာသက်သာစေပါတယ်။

၂၇ ပတ်မြောက်ရောက်ရင် ဆက်တွေ့မယ်နော်။

[embed-health-tool-pregnancy-weight-gain]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Poppy seed to pumpkin: How big is your baby?
http://www.babycenter.com/slideshow-baby- size. Accessed date. 30/03/2015.

Pregnancy calendar week26. http://kidshealth.org/parent/pregnancy_center/pregnancy_calendar/week26.html.
Accessed date. 30/03/2015.

Your pregnancy: 26 weeks. http://www.babycenter.com/6_your-pregnancy- 26-weeks_1101.bc. Accessed date. 30/03/2015.

 

ယခုပုံစံ

02/02/2024

Hmwe San Eain မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်ချိန် အကင်စားလို့ ရမရ

27 ပတ်


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Hmwe San Eain မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 02/02/2024 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ