backup og meta

ကိုယ်ဝန်မရှိဘဲနှင့် နို့ထွက်နိုင်ပါသလား

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်မရှိဘဲနှင့် နို့ထွက်နိုင်ပါသလား

    နို့ထွက်ခြင်းဆိုသည်မှာ မိခင်နို့ထွက်စေတဲ့ဖြစ်စဉ်ကို ဖေါ်ပြတဲ့ စကားအခေါ်အဝေါ်တစ်ခုဖြစ်ပါတယ်။ နို့ထွက်ခြင်းဟာ ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ မိခင်အသစ်တွေမှာ ကလေးမွေးလာရင် အာဟာရဓါတ်ဖြည့်တင်းပေးဖို့အတွက် ဖြစ်ပါတယ်။

    ဒါကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ နို့ရည်ထွက်ခြင်းဟာ ပုံမှန်ဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ်ဝန်မဆောင်တဲ့သူတွေမှာရော နို့ရည်ထွက်နိုင်ပါသလား။

    ကိုယ်ဝန်မရှိဘဲ နို့ထွက်နိုင်ပါသလား။

    အဖြေကတော့ ထွက်နိုင်ပါတယ်။ သဘာဝအတိုင်းမှာ estrogen၊ progesterone နဲ့ prolactin ဟော်မုန်းတွေဟာ နို့ထွက်ခြင်းကို လှုံ့ဆော်တဲ့ ဟော်မုန်းသုံးခု ဖြစ်ပါတယ်။ ဟော်မုန်း အစားထိုး အသုံးပြုခြင်း (သို့) လှုံ့ဆော်ခြင်းတွေဟာ ဒီဟော်မုန်းတွေနေရာမှာ အစားထိုးနိုင်တာကြောင့် အမျိုးသမီးတွေဟာ ကိုယ်ဝန်မရှိပဲ နို့ထွက်နိုင်ပါတယ်။

    ပုံမှန်မဟုတ်တဲ့ ဟော်မုန်းပြောင်းလဲမှုဆိုင်ရာ အခြေအနေအချို့ဟာ အမျိုးသမီးတွေမှာ ကိုယ်ဝန်မရှိပဲ နို့ထွက်စေပါတယ်။ ဒီအခြေအနေတွေကတော့

    • ပုံမှန်မဟုတ်ဘဲနို့ထွက်ခြင်း(Galactorrhoea)။ ။ ဒါဟာ ကိုယ်ဝန်မရှိပဲ နို့ထွက်တဲ့ အဖြစ်အများဆုံးအကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ Galactorrhoea ဟာ ရင်သားကနေ နို့ရည်နဲ့ တူတဲ့ အရည်တစ်မျိုးထွက်စေပြီး နို့ရည်နဲ့ မှားနိုင်ပါတယ်။ ဒီအခြေအနေကို ဖြစ်စေတဲ့ အကြောင်းရင်းများစွာ ရှိပြီး အာရုံကြော ပျက်စီးခြင်း၊ နာတာရှည် ကျောက်ကပ်ရောဂါ၊ ကျောရိုးမ ဒဏ်ရာ ရရှိခြင်းတွေ ပါဝင်ပါတယ်။ အချို့အပင်တွေ ဖြစ်တဲ့ ဇီရာပင် ၊ စမုန်စပါးစေ့ တွေဟာ လည်း နို့ ထုတ်လုပ်မှုမှာ ပါဝင်ကြပါတယ်။
    • ပစ်ကျူထရီဂလင်းအကျိတ်ငယ် ။ ။ ပစ်ကျူထရီဂလင်း မှာ ရှိတဲ့ အကျိတ်တွေဟာ ဟော်မုန်း အများအပြားကို ထုတ်လုပ်ပါတယ်။ ဒီဟော်မုန်းတွေကြောင့် ဟော်မုန်းမညီမျှ မှုတွေ ဖြစ်ပြီး မိခင်မဟုတ်ပဲ နို့ထွက်ခြင်းတွေ ဖြစ်နိုင်ပါတယ်။
    • အခြားအကြောင်းရင်းများ။ ။ အချို့ဆေးတွေနဲ့ ကိုယ်ခန္ဓါ လှုံ့ဆော်ခြင်းတွေဟာ ဟော်မုန်းမညီမျှမှုတွေ ဖြစ်စေတယ်လို့ ယုံကြည်ကြပါတယ်။ ဆေးလိပ်သောက်ခြင်းကလည်း ပုံမှန်မဟုတ်တဲ့ ဟော်မုန်းပြောင်းလဲမှုတွေကို ဖြစ်စေနိုင်ပါတယ်။

    ကိုယ်ဝန်မရှိဘဲ နို့ထွက်နေရင် စိတ်ပူသင့်ပါသလား။

    သင့်ဆရာဝန်ကသာ စစ်ဆေးမှုပြုပြီး ပုံမှန်ဟုတ်မဟုတ် ပြောကြားနိုင်မှာ ဖြစ်ပါတယ်။ မိခင်မဟုတ်ပဲ နို့ထွက်ခြင်းဟာ ပြင်းထန်တဲ့ ရောဂါတွေကို ညွှန်ပြခြင်းမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သင့်မှာ ထူးဆန်းတဲ့ နို့ထွက်ခြင်း ဖြစ်လာပြီဆိုရင် ဆရာဝန်ကို ပြသသင့်ပါတယ်။

    ကုသမှုနည်းလမ်းတွေက ဘာတွေလဲ။

    အောက်ဖေါ်ပြပါ နည်းလမ်းတွေကတော့ အသုံးများတဲ့ ကုသနည်းတွေပဲ ဖြစ်ပါတယ်။

    • တကယ်လို့ နို့ထွက်ခြင်းဟာ ဆေးတွေ ကြောင့် ဆိုရင် ဆရာဝန်က ဆေးပြောင်းပေးပါလိမ့်မယ်။ နို့ထွက်ခြင်းကို ဖြစ်စေတဲ့ အဓိကအကြောင်းရင်းကို ရှာဖွေဖို့ အရေးကြီးပါတယ်။ ဆေးတွေ မရပ်ခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
    • တကယ်လို့ ဒီအခြေအနေဟာ ပစ်ကျူထရီအကျိတ် တွေကြောင့် ဖြစ်တယ်ဆိုရင် ဆေးပေးပါလိမ့်မယ်။ ဆေးဟာ အလုပ်မလုပ်ရင်တော့ ခွဲစိတ်ခြင်းနဲ့ ဓါတ်ရောင်ခြည်နဲ့ ကုသမှုကို ရိုးရိုးအကျိတ်တွေကို ဖယ်ထုတ်ဖို့ အသုံးပြုနိုင်ပါတယ်။
    • အကြောင်းပြချက်မရှိတဲ့ ပုံမှန်မဟုတ်တဲ့နို့ထွက်ခြင်း Galactorrhoea အတွက်တော့ အရည်ထွက်ခြင်းကို လျှော့ချဖို့အတွက် အမျိုးသမီး ကိုယ်ခန္ဓါမှာ prolactin ဟော်မုန်း ပမာဏကို လျော့ကျစေတဲ့ ဆေးတွေကို သောက်သုံးနိုင်ပါတယ်။

    အောက်ခံဂွမ်းထုပ်ပါတဲ့ သင့်လျော်တဲ့ ဘရာတွေကို ဝတ်ဆင်သင့်ပြီး ဒါဟာ အရည်ကြောင့် အဝတ်အစား စွန်းထင်းခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။

    အကြောင်းပြချက် သေချာသိပြီဆိုရင်တော့ သင့်လျော်တဲ့ကုသမှုကို ယူသင့်ပါတယ်။ မလိုလားတဲ့ နို့ထွက်ခြင်းကို ကာကွယ်ဖို့အတွက် လှုံ့ဆော်ခြင်းကို ဖြစ်စေတဲ့ အရာတွေကို ရှောင့်သင့်ပါတယ်။(ဥပမာ-ဆေးဝါး) ဒါ့ပြင် ကျပ်တဲ့ အဝတ်တွေ ဝတ်ခြင်းဟာ နို့သီးခေါင်း တွေကို ဆက်တိုက်ပွတ်တိုက်မှုဖြစ်စေတာကြောင့် ရှောင်ရှားသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement