လူပိစိလေး တစ်ယောက်လုံးကို လွယ်ထားရတဲ့ မေမေတွေရဲ့ ခန္ဓာကိုယ် အရေပြားတွေဟာ မွေးပြီးတဲ့အခါ ချက်ချင်းတော့ ပြန်မကျုံ့နိုင်ပါဘူး။ အရေပြား၊ အထူးသဖြင့် ဗိုက်အရေပြားမှာ လျော့ရဲတွဲနေတာမျိုး ဖြစ်ကျန်ခဲ့နိုင်တယ်၊ ဗိုက်ပူနေနိုင်တယ်။ ကလေးထွားလေ ပိုဆိုးလေ၊ အမြွှာမွေးတဲ့ဗိုက်ဆို ပိုဆိုးလေပါပဲ။ ဒီတစ်ခေါက်တော့ မေမေတို့အတွက် ဘေဘီလေးတွေ မွေးပြီးနောက်ပိုင်း အသားအရေ လျော့တွဲမနေစေဖို့  ဘာတွေ ဂရုစိုက်ရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။

ကိုယ်ဝန်ကြောင့် အရေပြားမှာ အပြောင်းအလဲတွေ အများကြီး ဖြစ်စေနိုင်မယ့် တော်တော်များများက မီးဖွားပြီးနောက်ပိုင်း ပုံမှန် ပြန်ဖြစ်ကြပါတယ်။ ပုံမှန် ပြန်မဖြစ်တာက ခုနက ပြောတဲ့ အရေပြား လျော့တွဲမှု ပြဿနာပါ။ အရေပြား ဆိုတာ collagen ၊ elastin တို့နဲ့ ဖွဲ့စည်းထားတာမို့ ခန္ဓာကိုယ် ကြီးလာတာနဲ့အမျှ သူက လိုက်ပြန့်ကားလာနိုင်ပါတယ်။ ပြဿနာက ပြန်ပိန်သွားတဲ့အခါ (ဗိုက်ပြန်ချပ်) အရေပြားက နဂိုအနေအထား ပြန်ဖြစ်ဖို့ မလွယ်ပါဘူး။

ဘေဘီလေးတွေ မွေးထားတဲ့ မေမေတွေ အနေနဲ့ အရေပြား လျော့တွဲတာ ဖြစ်ကျန်ခဲ့ရင် အရင်လို မလှနိုင်တော့ဘူးဆိုတာ သတိမမေ့နဲ့နော်။ တစ်သားမွေး တစ်သွေးလှဆိုတာ ဒီအတိုင်းတော့ သူ့အလိုလို ဖြစ်မလာပါဘူး။ ဗိုက်ရွဲ၊ အဆီတက်ပြီး အရေပြားတွေ တွဲကျန်မနေရစ်အောင် ဂရုစိုက်သင့်တဲ့ အချက်လေးတွေကို လက်ဆောင် ပြောပြမယ်နော်။

ဒါပေမယ့် တစ်ခုတော့ မှတ်ထားနော်….ချက်ချင်းတော့ မရဘူး။ အရေပြားတွေ ပြန်တင်းရင်းလာဖို့ စိတ်ရှည်ရှည်နဲ့ ကြိုးစားရင်း အချိန် တစ်ခု စောင့်ရပါမယ်။

ဘေဘီလေးတွေမွေးပြီးနောက်ပိုင်း အသားအရေလျော့တွဲမနေစေဖို့

ဘေဘီလေးတွေမွေးပြီးနောက်ပိုင်း အသားအရေလျော့တွဲမနေစေဖို့ ဆိုရင်

(၁) ပရိုတင်းများများစားပါ

ပရိုတင်းနဲ့ အကျိုးပြုအဆီတွေ စားသုံးတဲ့အခါ ကြွက်သားတည်ဆောက်မှုကို အားပေးတယ်။ ပရိုတင်းက အသားအရေကို တင်းရင်းစေဖို့ အရေးပါတဲ့ အာဟာရဓာတ် collagen လည်း ပါဝင်တယ်။

ဒါပေမယ့် ကျွမ်းကျင်တဲ့ ထရိန်နာ မပါဘဲ ကိုယ့်ဘာသာ လုပ်ရင် အမှားပါနိုင်တယ်။ သူတို့ကတော့ ကလေးမီးဖွားထားတဲ့သူတွေ ရှောင်သင့်တဲ့ လှုပ်ရှားမှုတွေကို အကြံပြုပေးနိုင်ပါတယ်။

မီးဖွားထားတဲ့ သူတွေ အတွက် ဘေးကင်းတဲ့ လှုပ်ရှားမှုကတော့ (ခွဲမွေးထားရင် ချုပ်ရိုး ကျက်ပြီးမှနော်) ရေကူးတာ၊ လမ်းလျှောက်တာတွေရပါတယ်။ အနည်းအကျဉ်း ပုံမှန်လေး လှုပ်ရှားရင် ရပါပြီ။

(၃)ရေသောက်ပါ

ရေသောက်မှ အသားအရေကို ရေဓာတ် ဖြည့်ပေးနိုင်ပြီး ကျုံ့ဆန့်နိုင်စွမ်း ပိုကောင်းစေနိုင်ပါတယ်။ ရေပိုသောက်ပေးမှ အဆီလောင်ကျွမ်းရတာ ပိုလွယ်မယ်၊ ဗိုက်မှာ အရည်စုနိုင်ခြေလည်း လျော့နည်းစေမယ်။
(၄) အဆီလိမ်းပါ (Essential oils)

ကလေးဘယ်နှယောက် မွေးတဲ့ မေမေပဲဖြစ်ဖြစ် လှပြီးရင်းလှနေတဲ့ ရုပ်ရှင်မင်းသမီးတွေကိုတွေ့တယ်မလား။ တစ်သားမွေး တစ်သွေး လှချင်ရင် ဘေဘီလေးတွေကိုပဲ ဂရုစိုက်မနေဘဲ ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်ပေးပါ။ မဖြစ်နိုင်ဘူး ဆိုတာ မရှိပါဘူးလို့။