ဒါတွေက ကိုယ်ဝန်ပျက်ကျစေနိုင်တယ် ဆိုတာ တကယ်လား……

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date အောက်တိုဘာ 3, 2020 . 2 mins read
Share now

အမျိုးသမီးတစ်ယောက် အတွက် စိတ်အလှုပ်အရှားရဆုံးအချိန်က မေမေဖြစ်မယ့် အခွင့်အရေးရဲ့ အစပျိုးချိန် ကိုယ်ဝန်ဆောင်ချိန်ပါ။ မွေးဖွားလာမယ့် ရင်သွေးလေးကို ကျန်းမာပျော်ရွှင်စွာနဲ့ မွေးဖွားချင်တဲ့ဆန္ဒ မိခင်တိုင်းမှာ ရှိပါတယ်။ ဒီဆန္ဒလေးကို အကောင်းဆုံး အကောင်အထည်ဖော်နိုင်ဖို့ ဆင်ခြင်ရတာတွေကလည်း အများကြီးပါ။ ဒီတစ်ခေါက်တော့ မေမေတို့ရဲ့ ပူပန်မှုကို မတိုးစေဖို့ ကိုယ်ဝန်ဆောင်မေမေ တိုင်း သိထားသင့်တဲ့ အကြောင်းလေးကို ပြောပြပေးပါရစေ။

ဒါတွေက ကိုယ်ဝန်ကို ထိခိုက်စေနိုင်သလား………

ကိုယ်ဝန်ဆောင်ချိန်က အတိမ်းအစောင်းမခံတဲ့ ကာလပါ။ ဒီကာလမှာ ဒီစကားတွေကြောင့် မေမေရော ဘေ​ဘီလေးပါမထိခိုက်စေဖို့ သတိပြုစေချင်ပါတယ်။

တစ်ခါကိုယ်ဝန်ပျက်ကျဖူးရင် ကိုယ်ဝန်ပျက်ကျနိုင်ခြေ များပါတယ်

ပထမတစ်ကြိမ် ကိုယ်ဝန်ပျက်ကျဖူးရုံနဲ့တော့ နောက်တစ်ကြိမ်မှာ ကိုယ်ဝန်ထပ်မပျက်ကျနိုင်ပါဘူး။ လေ့လာမှုစစ်တမ်းတွေအရ ၂ ကြိမ်ဆက်တိုက် ကိုယ်ဝန် ပျက်ကျဖူးသူတွေမှာ ကိုယ်ဝန်ပျက်ကျနိုင်ခြေက ပုံမှန်ထက် ၂၀ ရာခိုင်နှုန်းပိုများနေပါတယ်။ ၃ ကြိမ်ကိုယ်ဝန်ပျက်ကျဖူးသူတွေမှာတော့ ကိုယ်ဝန်ပျက်ကျနိုင်ခြေက ၃၀ ရာခိုင်နှုန်းအထိ ရှိနေပြီး ၄ ကြိမ်ဆိုရင်တော့ ၄၀ ရာခိုင်နှုန်းအထိရှိနိုင်တယ်လို့ သိရပါတယ်။

တကယ်တော့ ကိုယ်ဝန်ပျက်ကျတယ်ဆိုတာ ကိုယ်ဝန်ပျက်ကျဖူးတာကြောင့် မဟုတ်ပါဘူး။ ဟော်မုန်းမမျှတာ၊ မေမေ့မှာ ရောဂါအခံတစ်ခုခုရှိနေတာတွေကြောင့် ကိုယ်ဝန်ပျက်ကျတာပါ။ ဒါကြောင့် ပထမကိုယ်ဝန်ပျက်ကျဖူးတိုင်း နောက်ကိုယ်ဝန်လည်းပျက်ကျနိုင်ခြေများတယ်၊ လို့ မယူဆစေချင်ပါဘူး။

သွေးနည်းနည်းဆင်းတာ၊ ဗိုက်အောင့်တာတွေက ကိုယ်ဝန်ပျက်ကျချင်တဲ့ အစောပိုင်းလက္ခဏာတွေပါ

ဒီလက္ခဏာတွေကို ကိုယ်ဝန်ဆောင်မေမေတိုင်း စိုးရိမ်မယ်ဆိုတာ ပြောနေစရာတောင် မလိုအောင်ပါ။ ဒါပေမယ့် ဒီလက္ခဏာတွေက ကိုယ်ဝန်ဆောင် အစောပိုင်းကာလမှာဖြစ်တတ်ပါတယ်။ အရမ်းစိုးရိမ်ဖို့ မလိုတဲ့ အနေအထားပါ။ ကိုယ်ဝန်ဆောင် အစောပိုင်းကာလမှာ သွေးအနည်းငယ်ဆင်းတာက ကိုယ်ဝန်ဆောင်မေမေတွေရဲ့ ၄၀ ရာခိုင်နှုန်းနီးပါး ခံစားရလေ့ရှိတဲ့ လက္ခဏာတစ်ရပ်ပါ။

သန္ဓေသားက သားအိမ်နံရံမှာတွယ်ကပ်တဲ့အချိန်မှာ သွေးအနည်းငယ်ဆင်းတတ်ပါတယ်။ ဒါ​ကြောင့် ဗိုက်ထဲကအောင့်တယ်၊ သွေးနည်းနည်းဆင်းတယ်ဆိုတိုင်း ကိုယ်ဝန်ပျက်ကျနိုင်တယ်လို့ မဆိုသာပါဘူး။ ပမာဏများတယ်၊ ဆီးစပ်ကိုက်တယ်ဆိုရင်တော့ သတိထားပါ။

ကိုယ်ဝန်ဆောင် အစောပိုင်းကာလမှာ ဖျားနာရင် ကိုယ်ဝန်ပျက်ကျနိုင်ခြေ များတယ်

ဒီအချက်က မမှန်ဘူးလို့ပဲ ပြောပါရစေ။ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတို့ရဲ့ ကိုယ်ခံအားက သာမန်အချိန်ထက် နည်းနေတတ်ပါတယ်။ ဒါ​ကြောင့် ဖျားနာလွယ်မယ်ဆိုတာ ထွေထွေထူးထူးပြောနေစရာမလိုအောင်ပါ။ အဖျားမကြီးဘူး။ သာမန်အဖျားလောက်ပဲဆိုရင်တော့ ဘေဘီလေးကို မထိခိုက်စေနိုင်ပါဘူး။ တကယ်လို့ အဖျားကြီးမယ်ဆိုရင်တော့ ဆရာဝန်ကို အမြန်ဆုံးသွားပြစေချင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်းလုပ်တာက ကိုယ်ဝန်ပျက်ကျစေနိုင်တယ်

ဒါက လေ့လာမှု အထောက်အထားတွေမရှိသေးပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုကို လုပ်သင့်ပါတယ်။ ပြင်းထန်တဲ့ လေ့ကျင့်ခန်းမျိုးမဟုတ်ဘဲ လမ်းလျှောက်တာ၊ ကိုယ်ဝန်ဆောင် ယောဂလေ့ကျင့်တာလိုမျိုး ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းတွေကို လုပ်ပေးလို့ရပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်းလုပ်တဲ့အခါ အရမ်းပင်ပန်းတာမျိုးကို မလုပ်ပါနဲ့။ လေ့ကျင့်ခန်းလုပ်ပြီးတိုင်းလည်း ရေကို လုံလောက်အောင်သောက်ပေးပါ။ ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်းလုပ်ပေးတာက မွေးဖွားရလွယ်ကူစေပြီး မေမေရော ဘေဘီလေးကိုပါ ကျန်းမာစေနိုင်ပါတယ်။

ကိုယ်ဝန်ပျက်ကျတာကို ကာကွယ်လို့မရဘူး

ကိစ္စတော်တော်များများက ကြိုတင်ကာကွယ်ဖို့ခက်ခဲတယ်ဆိုပေမယ့် ကိုယ်ဝန်မပျက်အောင်တော့ ကာကွယ်လို့ရပါတယ်။ ကိုယ်ဝန်မပျက်ကျစေချင်ဘူးဆိုရင်

ဒီအချက်တွေကြောင့် ကိုယ်ဝန်ဆောင်နေချိန်မှာ မေမေရော ဘေဘီလေးကိုပါ မထိခိုက်စေနိုင်တာကြောင့် ဒီအချက်တွေကောင့် စိတ်ဖိစီးမှုဖြစ်မနေဖို့ မေမေတို့ကို ပြောပါရစေ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သားသားမီးမီးတို့ကို စိတ်ညစ်အောင်လုပ်နေကျ ဗိုက်ဗိုက်ပြဿနာတွေအကြောင်း

သားသားမီးမီးတို့ရဲ့ ဗိုက်ဗိုက်ကလေးမှာ ဝမ်းချုပ်တာက၊ လေပွတာတွေက လူကြီးတွေမှ ဖြစ်တတ်တဲ့ ပြဿနာ မဟုတ်ပါဘူး။ သားသားမီးမီးတွေလည်း ခံစားရနိုင်ပါတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သားဥအိမ်ကင်ဆာ (Ovarian Cancer)

သားဥအိမ်တွေမှာ စတင်ပြီး ဖြစ်ပွားတဲ့ကင်ဆာကို သားဥအိမ်ကင်ဆာလို့ ခေါ်ပါတယ်။သားဥအိမ်ကင်ဆာဟာ အစောပိုင်းအဆင့်တွေမှာ ရောဂါလက္ခဏာပြလေ့မရှိပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဘေဘီလေးကို အစေ့အဆန် ကျွေးသင့်ရဲ့လား။

အစေ့အဆန်တွေက အဟာရကြွယ်ဝပြီး ဘေဘီလေးတွေကို ကျွေးပေးသင့်တဲ့ အစားအစာပါ။ အစေ့အဆန်တွေက ဓာတ်မတည့်မှုဖြစ်စေနိုင်တယ်ဆိုပေမယ့် ကလေးတိုင်း မဖြစ်နိုင်ပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကိုယ်ဝန်ဆောင် ဆီးချိုနဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

ကိုယ်ဝန်ဆောင်ဆီးချိုဆိုတာက ကျန်တဲ့အချိန်တွေမှာ မဖြစ်ဘဲ ကိုယ်ဝန်ဆောင်ချိန်မှာမှ ဖြစ်တဲ့ ဆီးချို အမျိုးအစား တစ်ရပ်ပါ။ မေမေတိုင်းသတိထားဖို့ လိုပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ခွဲစိတ်ခြင်းဟာ အဆုတ်သွေးကြောပိတ်ဆို့နိုင်ခြေ များစေသလား

ခွဲစိတ်ခြင်းဟာ အဆုတ်သွေးကြောပိတ်ဆို့နိုင်ခြေ များစေသလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read
နားပေါက်ဖောက်ရာမှ ပိုးဝင်ခြင်း

နားပေါက်ဖောက်ရာမှ ပိုးဝင်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read
အိပ်နေစဉ် သွားရည်ကျတာကို သက်သာစေဖို့

အိပ်နေစဉ် သွားရည်ကျတာကို သက်သာစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read
ယနေ့ခေတ်မှာ prebiotics တွေ ဘာလို့ သတင်းကြီးလာတာလဲ။

ယနေ့ခေတ်မှာ prebiotics တွေ ဘာလို့ သတင်းကြီးလာတာလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 23, 2020 . 2 mins read