backup og meta

ကိုယ်ဝန်ကြောင့် ပျို့အန်တာကို သက်သာချင်ရင် ဒါတွေစားပါ။

ကိုယ်ဝန်ကြောင့် ပျို့အန်တာကို သက်သာချင်ရင် ဒါတွေစားပါ။

မေမေတိုင်း ကိုယ်ဝန်ဆောင်ရပြီ ဆိုတာနဲ့ ရင်သွေးလေး တစ်ယောက် ပိုင်ဆိုင်ရတော့မှာ မို့လို့ ပျော်ကြတဲ့သူချည်းပါ။ ဒါပေမယ့် ဒီလို ပျော်ရွင်ရတဲ့ ခံစားမှုလေးကို ဖျက်ဆီးနေတဲ့ အနှောင့်အယှက် တစ်ခု ရှိပါတယ်။ သူကတော့ morning sickness လို့ ခေါ်တဲ့ ကိုယ်ဝန်ဆောင်ချိန် မူးဝေ ပျို့အန်ခြင်းပါ။

ကိုယ်ဝန်စရှိပြီ ဆိုတာနဲ့ မေမေတိုင်း ကြုံတွေ့ရမယ့် ဒီ morning sickness ကြောင့် တစ်ချိန်လုံး ခေါင်းမူး၊ နုန်းခွေ ပျို့အန်ချင်ပြီး ဘာမှ စားချင်သောက်ချင်စိတ် မရှိတော့ဘဲ အပျော်တွေ တောင် ပျောက်ကုန်တယ် မလား။

အရင်တုန်း ကိုယ်တစ်ယောက်တည်းဆိုတော့ စားချင်သောက်ချင်စိတ် မရှိရင် မစားလိုက်ရုံပဲ။ ခုကျ ကိုယ့်ရင်သွေးလေးပါ ရှိလာပြီဆိုတော့ မစားဘဲနေလို့ မရတော့ဘူးလေ။ ဘေဘီလေး ကောင်းကောင်း ဖွံဖြိုးဖို့အတွက် အာဟာရ လိုအပ်တယ် ဆိုတော့။

အစားစားချင်စိတ် မရှိပေမယ့် စားမှ ဖြစ်မှာဆိုတော့ ဘယ်လို အစားအစားတွေကို စားရင် ကောင်းမလဲ။ ဘယ်လို ပုံစံမျိုးလေးတွေ လုပ်စားရင် ကိုယ်ဝန်ကြောင့် မူးဝေအော့အန်တာကို သက်သာသွားမလဲ ဆိုတာ ဆက်ကြည့်ရအောင်။ ။

ကိုယ်ဝန်ကြောင့် ပျို့အန်တာကို သက်သာချင်ရင် ဒါတွေစားပါ။

ကိုယ်ဝန်ကြောင့် ပျို့အန်တာကို သက်သာချင်ရင် ဒါတွေစားပါ။ ဘာတွေလဲ ဆိုတော့

  • မနက် နိုးနိုးချင်း cracker နှစ်ချပ်လောက် စားကြည့်ပါ – အိပ်ရာနိုးတဲ့ အချိန် ဗိုက်ထဲမှာ ဘာအစားမှ ရှိမနေခြင်းက ကိုယ်ဝန်ကြောင့် ပျို့အန်ချင်တာကို ပိုဆိုးစေတဲ့ အတွက် နိုးနိုးချင်း cracker နှစ်ချပ်လောက် စားပြီးမှ အိပ်ရာထပါ။ အချိုကဲတဲ့ cracker အစား အငန်ကဲတဲ့ cracker ဆို ပိုကောင်းပါတယ်။
  • ငှက်ပျောသီး၊ ပန်းသီးနဲ့ သစ်တော်သီးတို့မှာ ပါတဲ့ ပိုတက်ဆီယမ်ဓာတ်က ခဏခဏ မူးဝေအော့အန်ခြင်း မဖြစ်အောင်လို့ တားဆီးပေးနိုင်မှာပါ။
  • လိမ္မော်သီး ဖျော်ရည်၊ သံပုရာရည်တွေ သောက်ပေးလို့ ရပါတယ်။ အရသာ ချိုချဉ်ချဉ်လေးနဲ့ လန်းဆန်းတဲ့ အနံ့လေးက မူးဝေခြင်းအားလုံးကို အနိုင်ယူသွားမှာပါ။
  • အငွေ့ တထောင်းထောင်း ထတဲ့ အစားအသောက်တွေက အနံ့ပြင်းပြီး မူးဝေခြင်းကို ပိုဖြစ်စေလို့ ချက်ပြုတ်ပြီး ချက်ချင်း မစားဘဲ အအေးခံပြီးမှ စားပါ။
  • ကာဘိုဟိုက်ဒရိတ် တွေဖြစ်တဲ့ အာလူးဖုတ်၊ ထမင်းနဲ့ ပေါင်မုန့်ခြောက်တို့ကလည်း မူးဝေပျို့အန်ခြင်းကနေ ကာကွယ်နိုင်မှာပါ။
  • အစားကို နည်းနည်းစီနဲ့ အကြိမ်ရေ များများ စားပေးပါ။ ကိုယ်စားတဲ့ အစားအစာတွေကလည်း အာဟာရ ပြည့်ဝနေဖို့ လိုပါသေးတယ်။
  • ရေများများသောက်ပါ။ ရေဓါတ်ခမ်းခြောက်ခြင်းက မူးဝေအော့အန်ခြင်းကို ပိုဆိုးစေတာကြောင့် ရေများများ သောက်ဖို့လည်း မမေ့ပါနဲ့။
  • ဂျင်း လက်ဖက်ရည်တို့၊ ပူစီနံ လက်ဖက်ရည်တို့ဟာ အစာအိမ်ကို အားကောင်းစေတာကြောင့် အစာမကြေချင်တာ ပျို့အန်ချင်တာတွေကို သက်သာစေမှာ အသေအချာပါ။ အရမ်းကြီး ပူစပ်နေလို့တော့ မရဘူးပေါ့။

ဒါလေးတွေသာ သိထားလို့ ကတော့ မူးဝေအော့အန်ပြီး အစားစားချင်စိတ် မရှိတဲ့ မေမေတို့ ကိုယ်ဝန်ကြောင့် မူးဝေတာလည်း သက်သာသွားမယ်၊ အာဟာရ မရှိလို့ ကလေး ထိခိုက်မှာလည်း မပူရတော့ဘူးနော်။ ။

[embed-health-tool-pregnancy-weight-gain]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.parents.com/pregnancy/my-body/morning-sickness/morning-sickness-what-to-eat/

Accessed Date 18.7.2019

https://www.parents.com/pregnancy/my-body/morning-sickness/morning-sickness/

Accessed Date 18.7.2019

ယခုပုံစံ

16/01/2024

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ကြောင့် ပြင်းပြင်းထန်ထန် ပျို့အန်ခြင်း

Dizzy (မူးဝေခြင်း)


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 16/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement