backup og meta

ဆောင်းပါး ကူညီပံ့ပိုးသူ May May Club

ကလေးမွေးပြီးရင် သားအိမ်ကျွံ တတ်သလား

ကလေးမွေးပြီးနောက် ဖြစ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေထဲမှာ သားအိမ်ကျွံ တာလည်း အပါအဝင်ပါ။ သားအိမ်ကျွံတာက အဖြစ်နည်းပါတယ်။ ကိုယ်ဝန်ဆောင် ၂၀၀၀မှာ ၁ယောက်ပဲ ဖြစ်တာပါ။ အဖြစ်နည်းပေမယ့် ဖြစ်လာခဲ့ရင်လည်း သွေးလွန်တာ၊ သွေးလန့်တာတွေကြောင့် အသက်အန္တရာယ်နီးပါတယ်။ စောစောသိ၊ စောစောကုနိုင်မှ အသက်ရှင်နိုင်မှာပါ။

ကလေးမွေးပြီးရင် သားအိမ်ကျွံ တတ်သလား

သားအိမ်ကျွံ တယ်ဆိုတာဘာလဲ။

ပုံမှန်ဆိုရင် ကလေးမွေးပြီး နာရီဝက်လောက် ကြာရင် အချင်းက ကွာကျ လာပါတယ်။ သားအိမ်ကျွံ တယ်ဆိုတာက အချင်းလည်းမကျဘဲ သားအိမ်က အပြင်ကို ကျွံကျလာတာပါ။ များသောအားဖြင့်တော့ မေ့ဆေးပေးပြီး သားအိမ်ကို အထဲပြန်ထည့် အချင်းပြန်ခွာလိုက်ရင် ရပါတယ်။ လိုအပ်ရင်တော့ ခွဲစိတ်တာတွေ လုပ်ရမှာပါ။ သားအိမ်ကျွံတာရဲ့ အဓိက သေစေတဲ့အကြောင်းရင်းကတော့ သွေးလွန်တာနဲ့ သွေးလန့်တာပါ။

သားအိမ်ကျွံ တာဘယ်နှစ်မျိုးရှိလဲ။

သားအိမ်ကျွံတာ၄ဆင့်ရှိပါတယ်။ အဆင့်မြင့်လေလေ ပိုဆိုးလေပါ။

  • Incomplete inversionသားအိမ်ရဲ့ ထိပ်ပိုင်းက အောက်ကို နိမ့်ဆင်းလာတာပါ။ သားအိမ်ကတော့ မကျွံသေးပါဘူး။
  • Complete inversion – သားအိမ်က အောက်ကို ကျွံကျလာပါပြီ။
  • Prolapsed inversion – သားအိမ်ရဲ့ ထိပ်ပိုင်းကပါ အောက်ကို ကျွံကျလာပါပြီ။
  • Total inversion – သားအိမ်ရော မိန်းမကိုယ်ရော အပြင်ကိုရောက်လာတာပါ။ (ဒါကတော့ ရှားပါတယ်။)

သားအိမ်ကျွံ တာဘာကြောင့်ဖြစ်တာလဲ။

ဖြစ်ရတဲ့အကြောင်းရင်းကို သေချာမသိပေမယ့် အောက်ကအချက်တွေရှိရင်တော့ ပိုဖြစ်နိုင်ပါတယ်။

  • မွေးချိန်ကြာလွန်းရင်
  • ချက်ကြိုးတိုရင်
  • ကလေးအများကြီး မွေးဖူးရင်
  • မွေးချိန်မှာ ကြွက်သားပျော့ဆေးတွေသုံးရင်
  • သားအိမ် အားပျော့ရင်၊ ပုံမမှန်ရင်
  • အရင်က သားအိမ်ကျွံဖူးရင်
  • အချင်းက သားအိမ်နံရံကို တွယ်ကပ်နေရင်
  • အချင်းက သားအိမ်ထိပ်မှာ ကပ်နေရင်

ကလေးမွေးချိန်မှာ ချက်ကြိုးကို အတင်းဆွဲရင်လည်း သားအိမ်ကျွံတတ်ပါတယ်။ မွေးပြီး မိနစ်၃၀နေလို့ အချင်းမကွာသေးရင်လည်း အတင်းမခွာပါနဲ့။ သွေးထွက်တာ၊ ပိုးဝင်တာတွေ ဖြစ်တတ်ပါတယ်။

ဘာလက္ခဏာတွေခံစားရမှာလဲ။

  • သားအိမ်က မိန်းမကိုယ် အပြင်ဘက်ကို ထွက်နေတာ
  • သားအိမ် နေရာမကျတာ
  • သွေးထွက်များတာ၊ သွေးပေါင်ထိုးကျတာ

ဒါ့ပြင် လူနာမှာဆိုရင်တော့

  • ခေါင်းမူးတာ
  • သတိလစ်တာ
  • တစ်ကိုယ်လုံး အေးစက်လာတာ
  • အားနည်းလာတာ
  • မောတာ စတာတွေ ဖြစ်လာနိုင်ပါတယ်။

ဘယ်လိုကုသမလဲ။

ဒါဟာ အရေးပေါ် အခြေအနေပါ။ အမြန်မကုသရင် သွေးထွက်လွန်ပြီး အသက်ဆုံးရှုံးနိုင်ပါတယ်။ ဒါကြောင့်

  • သိလျှင်သိခြင်း စကုရပါမယ်။
  • အချင်းမချရသေးရင်တောင် သားအိမ်ပြန်သွင်းပြီးမှ အချင်းချရမှာပါ။
  • မေ့ဆေးပေးပြီး ပြန်ထည့်ရမှာပါ။
  • သားအိမ်ကျုံ့ဆေးတွေလည်း ထိုးရမှာပါ။
  • လိုအပ်ရင် သွေးသွင်းတာတွေ၊ ပိုးသတ်ဆေးထိုးတာတွေ လုပ်ရမှာပါ။
  • သားအိမ်နေရာကျပြီးမှ အချင်းပြန်ချမှာပါ။

နောက်ကိုယ်ဝန်ကျရင် ထပ်ဖြစ်နိုင်လား။

ရှေ့ကလေးမွေးတုန်းက သားအိမ်ကျွံထားဖူးရင် နောက်ကိုယ်ဝန်တွေမှာလည်း ဖြစ်နိုင်ချေရှိပါတယ်။ ဒါကြောင့် အရင်ကဖြစ်ထားဖူးရင် ဆရာဝန်ကို သေချာပြောပြပါ။ ဒါမှ မွေးချိန်မှာ ကြိုတင်ပြင်ဆင်ထားလို့ရမှာပါ။

Take home massage

သားအိမ်ကျွံ တယ်ဆိုတာ အဖြစ်နည်းပေမယ့် အချိန်မှမကုနိုင်ရင် သွေးလွန်ပြီး အသက်ဆုံးရှုံးနိုင်ပါတယ်။ ဘယ်ကိုယ်ဝန်ဆောင်မဆို ဖြစ်နိုင်ပေမယ့် အပေါ်က အချက်ရှိတဲ့သူတွေက ပိုဖြစ်နိုင်ပါတယ်။ ဘယ်လောက် ပြင်းထန်လဲဆိုတာ ပေါ်မူတည်ပြီး ကုသနည်းတွေ ကွဲသွားမှာပါ။ လိုအပ်ရင် ဗိုက်ခွဲရတာ၊ အရေးပေါ်သားအိမ်ထုတ် လိုက်ရတာတွေအထိ ဖြစ်နိုင်တယ်ဆိုတာ သိထားရပါမယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေ အတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-due-date]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.betterhealth.vic.gov.au/health/conditionsandtreatments/uterine-inversion

https://www.healthline.com/health/pregnancy/complications-uterine-inversion#outlook

ယခုပုံစံ

11/07/2022

Dr. Htet Htet Zaw Win မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မီးနေသည် ကိုပြုစုစောင့်ရှောက်ခြင်း

မီးနေသွေး ဆင်းခြင်း


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 11/07/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ