အဓိပ္ပါယ်ဖွင့်ဆိုချက်
Breech Birth (ဆုံပိုင်းမွေးခြင်း) ကဘာလဲ။
- သင်ကိုယ်ဝန်ဆောင်ထားချိန်မှာ သင့်သားအိမ်ဟာ သန္ဓြေသားလေးပုံစံအမျိုးမျိုးပြောင်းနေဖို့ လုံလုံလောက်လောက်ကျယ်ဝန်းပါတယ်။ ပုံမှန်နဲ့ အန္တရာယ်ကင်းကင်းမွေးနိုင်ဖို့အတွက်ကတော့ ကိုယ်ဝန်ပတ် ၃၆ ပတ်လောက်ကတည်းက သန္ဓြေသားဟာ မွေးလမ်းကြောင်းဆီ ခေါင်းစိုက်နေတဲ့ အနေအထားဖြစ်နေရပါမယ်။
- ဆံပိုင်းဆိုတာကတော့ ခေါင်းစိုက်မနေနဲ့ ကလေးအောက်ပိုင်းဦးတည်နေတဲ့ အခြေအနေဖြစ်တယ်။ နေ့စေ့လစေ့ကိုယ်ဝန်သည်တွေရဲ့ ၃-၅ ရာခိုင်နှုန်းလောက်ဟာ ဆုံပိုင်းမွေးရလေ့ရှိတယ်။ ဆုံပိုင်းကလေးအများစုကို အန္တရာယ်ကင်းကင်းဖြစ်ဖို့က ခွဲမွေးခြင်းသာအကောင်းဆုံးဖြစ်တယ်။
- ဆုံပိုင်းအနေအထားသုံးမျိုးရှိတယ် –
- မွေးလမ်းကြောင်းကို ကလေးတင်ပါးက ဦးတည်ထားပြီး ခြေထောက်နှစ်ချောင်းက အပေါ်ကိုဦးတည်ပြီး ဆန့်လျက်အနေအထားဖြစ်တယ်။ တွေ့ရအများဆုံးပုံစံဖြစ်တယ်။
- အပြည့်အဝဆုံပိုင်းဖြစ်ခြင်း – မွေးလမ်းကြောင်းကို ကလေးတင်ပါးဦးတည်ပြီး ဒူးကွေးလျက် အနေအထားဖြစ်တယ်။
ခြေထောက်တစ်ချောင်း သို့ နှစ်ချောင်းစလုံး တွဲလျက်ကျနေသောအနေအထားဖြစ်တယ်။ မွေးဖွားတဲ့အခါ ခြေထောက်အရင်ထွက်လာတာဖြစ်တယ်။
Breech Birth (ဆုံပိုင်းမွေးခြင်း) က ဘယ်လောက်အဖြစ်များသလဲ
မွေးဖွားမှု ၁၀၀ မှာ ၄ ခါလောက်ကတော့ ဆုံပိုင်းဖြစ်နေတတ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။