brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

မွေးခန်းတွင်းမှာရှိတဲ့ ပစ္စည်းကိရိယာများ

မိခင်တစ်ယောက်အဖြစ် ရောက်ရှိခြင်းဟာ အဖိုးမဖြတ်နိုင်ပါဘူး။ မီးဖွားရမယ့်ရက်ကို နီးကပ်လာချိန်မှာ စိတ်ပူပင်စရာ၊ စိတ်လှုပ်ရှားစရာတွေ အများအပြား ခံစားရမှာပါ။

မွေးခန်းတွင်းမှာရှိတဲ့ ပစ္စည်းကိရိယာများ

သင်မီးဖွားမယ့်နေရာအတွက် သေချာပြင်ဆင်တဲ့အခါ ကူညီနိုင်ဖို့ ဒီဆောင်းပါးက သင့်အတွက် မွေးခန်းထဲမှာ ဘယ်လိုကိရိယာတွေ လိုအပ်မလဲ၊ ဘယ်လိုနေရာချထားမလဲ ဆိုတာတွေကို ဖော်ပြပေးသွားမှာပါ။

Fetal Monitor

ကိုယ်ဝန်လွယ်ထားစဉ်နဲ့ မီးဖွားတဲ့ အချိန်မှာ ကလေးငယ်ရဲ့ နှလုံးခုန်နှုန်းကို သေချာသိရှိအောင်လုပ်ခြင်းဖြင့် စိတ်ဖိအားကို တိုင်းတာဖို့ Fetal Monitor ကို အသုံးပြုပါတယ်။ အသုံးများတဲ့ အမျိုးအစား ၄ မျိုးကတော့

  • Doppler Fetal Monitor: Ultrasound နဲ့ တွဲဖက် အသုံးပြုပါတယ်။
  • A Fetal Stethoscope: ခရာပုံသဏ္ဍာန်ရှိပြီး ဝမ်းဗိုက်ပေါ် တိုက်ရိုက်ထားပြီး အသုံးပြုပါတယ်။
  • A Telemetry Monitor: Transmitter တွေကို အသုံးပြုခြင်းဖြင့် သတင်းအချက်အလက်တွေကို သယ်ယူပို့ဆောင်ပေးပါတယ်။
  • An Internal Fetal Monitor: အန္တရာယ်များတဲ့ မီးဖွားခြင်းတွေမှာပဲ အသုံးပြုပါတယ်။

Ventouse

Ventouse ဆိုတာ မီးဖွားတဲ့အချိန် ကူညီဖို့ အသုံးပြုတဲ့ ကိရိယာပါ။ လေစုပ်တဲ့ ခွက်လေးပါဝင်ကာ ကလေးရဲ့ ဦးခေါင်းကို ကပ်ပြီး ဆွဲထုတ်ဖို့ အသုံးပြုရတာပါ။ ဒါ့အတွက် မေ့ဆေးပေးဖို့ မလိုပါဘူး။ ကလေးအနေအထားက ကန့်လန့် သို့မဟုတ် ခြေထောက်က အောက်ရောက်နေပါက Ventouse ကို အသုံးပြုလို့ မရပါဘူး။

Forceps

Ventouse ကို အသုံးပြုနိုင်ဘူးဆိုရင် မီးဖွားတဲ့အခါ သုံးတဲ့ Forceps ကို အသုံးပြုပါလိမ့်မယ်။ တချို့ကိစ္စတွေမှာ ကလေးထွက်လာဖို့ ဆက်တိုက် ညှစ်ပေမယ့် အလုပ်မဖြစ်တဲ့အခါ မိခင် သို့မဟုတ် ကလေးအတွက် စိတ်ပူရပါပြီ။

Forceps မှာ ကတ်ကြေးလို လက်ကိုင်မျိုး ( ပိုရှည်တာ ) ပါဝင်ပြီး ကွေးနေတဲ့ spatula ( ဒယ်ပြားလိုမျိုး ) နဲ့တူတဲ့ အနားသတ် ရှိပါတယ်။ ဒီကိရိယာကို ကလေးခေါင်းရဲ့ တစ်ဖက်တစ်ချက်ဆီကိုထားပြီး အသုံးပြုရပါတယ်။ ဒါအသုံးပြုတဲ့အခါ မိခင်ကို မေ့ဆေး သို့မဟုတ် ထုံဆေး ပေးဖို့လိုအပ်ပါတယ်။

Curette

ယေဘုယျ မီးယပ်သွေးဆုံးချိန်မှာ သင့်ဆရာဝန်ဟာ curette ကို လိုအပ်တတ်ပါတယ်။ မွေးခန်းထဲမှာတော့ ကိုယ်ဝန်ပျက်ကျတဲ့အခါ အသုံးပြုပါတယ်။ curette ဟာ ဇွန်းပုံသဏ္ဍာန်ရှိပြီး မိခင်ရဲ့သားအိမ်မှာ ကျန်နေမယ့် တစ်ရှူံး (tissue) တွေကို ပြောင်စင်အောင် ခြစ်ထုတ်ဖို့ အသုံးပြုရတဲ့ ကိရိယာပါ။

Amniotic Hook

ဇာပန်းထိုးတဲ့ချိတ်လိုမျိုး ပုံစံရှိပြီး မွေးဖွားချိန်အစပိုင်းမှာ သဘာဝအတိုင်း ရေမွှာမပေါက်ခဲ့ရင် ခွဲဖို့အတွက် အသုံးပြုပါတယ်။ ရေဖောက်ထုတ်ဖို့သုံးတာလို့ အလွယ်တကူ မှတ်ထားနိုင်ပါတယ်။

Scissors

မွေးခန်းထဲမှာ မိခင်ကို မွေးလမ်းကြောင်းချဲ့ဖို့ လိုအပ်တဲ့အခါ အသုံးပြုပါတယ်။ မွေးဖွားစဉ် အခက်အခဲကြုံပါက တစ်ရှူံးတွေ စုတ်ပြဲမှုမှ ကာကွယ်ရန် သင့်ဆရာဝန်က မွေးလမ်းကြောင်းချဲ့ဖို့ကို လုပ်ဆောင်ပေးပါလိမ့်မယ်။

Laparoscopic Sponge

မီးဖွားစဉ် သင့်ဆရာဝန်က သွေးထွက်တာ ထိန်းချုပ်ဖို့အတွက် sponge ဆောင်ထားဖို့ လိုအပ်ပါမယ်။ ဒါပေမယ့် ဒီအတွက် စိုးရိမ်စရာ မလိုပါဘူး။ Laparoscopic Sponge ဟာ Gauze Pad ( ခွဲစိတ်ခန်းသုံး ပိတ်ကျဲစ ) နဲ့ ဆင်တူပါတယ်။

ဒါပေမယ့် ပိုပြီး စုပ်ယူမှုအားကောင်းပါတယ်။ ဒါကြောင့် မွေးခန်း၊ ခွဲစိတ်ခန်းတွေမှာ လိုအပ်တဲ့ ပစ္စည်းဖြစ်နေတာပါ။

တကယ်လိုအပ်လာပြီဆို ခွဲစိတ်ခန်းအတွင်းရှိ ဆရာဝန်တွေနဲ့ သူနာပြုတွေဟာ လိုအပ်တဲ့ ပစ္စည်းကိရိယာ ပမာဏ၊ အမျိုးအစား တော်တော်များများကို ချက်ချင်း ပြင်ဆင်ရပါမယ်။ ဘာကြောင့်လဲဆိုတော့ မီးဖွားတဲ့အချိန်မှာ မမျှော်လင့်ထားတဲ့ စိန်ခေါ်မှုတွေ ကြုံတွေ့ရတတ်လို့ပါ။

အကယ်၍ ဒီပစ္စည်းကိရိယာတွေကို သေချာ မပြင်ဆင်ထားဘူးဆိုရင် မမျှော်လင့်ထားတဲ့ အခြေအနေတွေကို ရင်ဆိုင်ဖြေရှင်းတဲ့အခါ အခက်အခဲတွေ တွေ့နိုင်ပါတယ်။ ခွဲမွေးတာဖြစ်ဖြစ်၊ သဘာဝအတိုင်းမွေးတာဖြစ်ဖြစ် အထက်မှာ ဖော်ပြထားတဲ့ ပစ္စည်းကိရိယာတွေကို မွေးခန်းထဲမှာ ပြင်ဆင်ထားရပါမယ်။

Dr. Kaung Thar
Dr. Kaung Thar
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Wathun Myat Chal · 05/12/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။