backup og meta

အမျိုးသားတွေမြုံရခြင်း အကြောင်းရင်းများ

အမျိုးသားတွေမြုံရခြင်း အကြောင်းရင်းများ

အမျိုးသားတွေမြုံရခြင်း အကြောင်းကို လေ့လာခြင်း အကြောင်းကို လေ့လာကြည့်ရအောင်နော်။ အမျိုးသားတွေ မြုံတယ်ဆိုတာ ကိုယ်ဝန်ရစေဖို့လိုအပ်တဲ့ သုက်ကောင်မရှိတဲ့ အခြေအနေကို ဆိုလိုတာပါ။ သားသမီးမရကြတဲ့ စုံတွဲတွေရဲ့ ၂၀ ရာခိုင်နှုန်းမှာ အမျိုးသားတွေ မြုံတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ဆိုလိုတာက ဒီမြုံတဲ့ ကိစ္စဟာ အမျိုးသားတွေအတွက် ကြီးမားတဲ့ ပြဿနာဖြစ်လာပြီလို့ ဆိုတာပါ။ တကယ်တော့ အမျိုးသားတွေကို ဒီလိုဖြစ်စေတဲ့ အကြောင်းတရားတွေ ရှိပါတယ်။

အမျိုးသားတွေမြုံရခြင်း အကြောင်းရင်းများ

အမျိုးသားတွေမြုံရခြင်း အကြောင်းရင်းများ အကြောင်း လေ့လာကြည့်ရအောင်လား။

ဆေးဘက်ဆိုင်ရာ အခြေအနေများ

အမျိုးသားတွေမြုံရခြင်း ဖြစ်စေတဲ့ ဆေးဘက်ဆိုင်ရာ အခြေအနေများကတော့

  • သုက်လွှတ်ခြင်း

အမျိုးသားတစ်ယောက်က သူအထွတ်အထိပ်ရောက်ချိန်မှာ သုက်ကောင်တွေက မျိုးပွားအင်္ဂါထိပ်ဆီမသွားဘဲ ဆီးအိမ်ထဲ ရောက်ရှိတတ်ပါတယ်။

အဲဒါကို ပြောင်းပြန်သုက်လွှတ်ခြင်းလို့ ခေါ်ပါတယ်။ ဒါဟာ ဆီးချိုရောဂါ၊ ကျောရိုးထိခိုက်မှု၊ ဆေးဝါးသုံးစွဲမှု၊ ဆီးအိမ်၊ ဆီးကျိတ်၊ ဆီးလမ်းကြောင်းခွဲစိတ်မှုတွေကြောင့် ဖြစ်တတ်ပါတယ်။

တချို့ အခြေအနေတွေမှာ အမျိုးသားတွေဟာ မျိုးကောင်ထုတ်လုပ်နိုင်ပေမယ့် ကျောရိုးနာဗ်ကြောထိခိုက်ထားခြင်း ဒါမှမဟုတ် တခြားရောဂါတွေကြောင့် သုက်လွှတ်ခြင်းတော့ မတတ်စွမ်းပါဘူး။ အဲ့လို ကိစ္စတွေက အမျိုးသားတွေကို မြုံစေနိုင်ပါတယ်။

  • ဟော်မုန်းမညီမျှခြင်း

Hypothalamus (ကိုယ်အပူချိန်၊ ရေငတ်မှု၊ ဆာလောင်မှုတို့ကို ထိန်းချုပ်တဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်း)၊ Pituitary (ခန္ဓာကိုယ်ကြီးထွားမှုကို အကျိုးပြုတဲ့ ဟော်မုန်းထုတ်ပေးတဲ့ အကျိတ်)၊ သိုင်းရွိုက်ဂလင်း ၊ အက်ဒရီနယ်ဂလင်း တို့ရဲ့ ဟော်မုန်းမညီမျှမှုတွေက ကပ္ပာယ်အိတ်ရဲ့ လုပ်ငန်းဆောင်တာတွေ မူမမှန်တာ အစီအစဉ်တကျမဖြစ်တာတွေ ဖြစ်စေနိုင်ပါတယ်။ တကယ်တော့ ဟော်မုန်းမညီမျှမှုကို ဖြစ်စေတဲ့ အခြားမသိသော အကြောင်းအရင်းများလဲ ရှိပါသေးတယ်။

  • ဆေးဝါးအချို့

တချို့ဆေးဝါးတွေက အမျိုးသားတွေ မြုံစေနိုင်တဲ့ တရားခံတွေ ဖြစ်တတ်ပါတယ်။

ကျားဟော်မုန်း အစားထိုးကုသခြင်း၊ anabolic steroid (ကြွက်သားကြီးထွားရန်သုံးသောဆေး) ရေရှည်အသုံးပြုခြင်း၊ ကင်ဆာဆေးဝါးများ၊ မှိုရောဂါကုသတဲ့ ဆေးဝါးအချို့၊ ပြည်တည်နာ ကုသတဲ့ ဆေးအချို့ကလည်း အမျိုးသားတွေရဲ့ သုက်ကောင်ထုတ်လုပ်မှုကို ထိခိုက်စေပါတယ်။

ဒါဟာ အမျိုးသားတွေ မြုံစေတဲ့ အကြောင်းအရင်းတွေ ဖြစ်နိုင်ပါတယ်။

  • ရောဂါပိုးကူးစက်ခြင်း

ဆေးဝါးအပြင် အချို့ ရောဂါပိုး ကူးစက်ခြင်းတွေက သုက်ကောင်ထုတ်လုပ်ခြင်း၊ သုက်ကောင်ကျန်းမာရေးတို့ကို ထိခိုက်စေခြင်းနဲ့ သုက်ကောင်သွားရာလမ်းကြောင်းကို နှောင့်ယှက်တဲ့ အနာရွတ်များကို ဖြစ်စေပါတယ်။

ကာလသားရောဂါနဲ့ HIV လို လိင်မှတဆင့် ကူးစက်တဲ့ ရောဂါတွေကလဲ အကြောင်းတရားတစ်ခုအနေနဲ့ ပါဝင်ပါတယ်။

ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အလေ့အကျင့်များ

တချို့ နေ့စဉ်လုပ်ဆောင်နေကျ အလေ့အကျင့်တွေက သုက်ကောင်ထုတ်လုပ်မှုကို ကျဆင်းစေပြီး သုက်ကောင်တွေရဲ့ လုပ်ဆောင်နိုင်စွမ်းအပေါ် ထိခိုက်စေနိုင်ပါတယ်။

  • လေ့ကျင့်ခန်း လုပ်တာ လွန်ကဲခြင်း

လေ့ကျင့်ခန်းအလွန်အကျွံလုပ်ခြင်းကလည်း အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းကို မကောင်းတဲ့ အကျိုးသက်ရောက်မှု ဖြစ်စေပါတယ်။

  • စိတ်ဖိစီးမှုများခြင်း

စိတ်ဖိစီးမှုများခြင်းကြောင့် ဖြစ်ပေါ်နိုင်တဲ့ ဟော်မုန်းပြဿနာတွေက အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းအပေါ် ထိခိုက်စေနိုင်ပါတယ်။ ပြင်းထန်ပြီး ကြာရှည်တဲ့ စိတ်ဖိစီးမှုကြောင့် သုက်ကောင်ရေပမာဏ လျော့နည်းခြင်း ပြဿနာကို ကြုံတွေ့ရနိုင်ပါတယ်။

  • အရက်သေစာ သောက်စားခြင်း

အရက်က အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းအပေါ် မကောင်းတဲ့သက်ရောက်မှုကို ဖြစ်စေပါတယ်။ သူဟာ ကျားဟော်မုန်းပမာဏကို လျော့ကျစေတဲ့အတွက် ပန်းသေပန်းညှိုးရောဂါနဲ့ မျိုးကောင်ပမာဏလျော့ကျမှုတို့ဆီ ဦးတည်သွားနိုင်ပါတယ်။

အရက်အလွန်အကျွံ သောက်သုံးခြင်းက အမျိုးသားတွေမှာ အသည်းရောဂါကိုလည်း ဖြစ်ပွားစေနိုင်ပါတယ်။

  • ဆေးလိပ်သောက်သုံးခြင်း

ဆေးလိပ်သောက်သုံးတဲ့သူက မသောက်သုံးတဲ့သူထက် မျိုးကောင်ရေ ပိုမိုနည်းပါးစွာ ထုတ်လုပ်နိုင်ကြောင်း သက်သေအခိုင်အမာ ရှိပါတယ်။

  • ကပ္ပာယ်အိတ်အပူချိန်

တင်းကျပ်လွန်းသော အဝတ်အစားများ ဝတ်လွန်းခြင်း၊ စက်ဘီးမကြာမကြာစီးခြင်း၊ ရေပူဖြင့် ရေချိုးများခြင်း၊ ချွေးထုတ်ခန်းသွားခြင်းတို့က ကပ္ပာယ်အိတ်ရဲ့ အပူချိန်ကို မြင့်တက်စေပါတယ်။ ဒါဟာ သုက်ကောင်ထုတ်လုပ်မှုကို ကျဆင်းစေပါတယ်။

အမျိုးသားတွေဟာ တတ်နိုင်သမျှ သူတို့ရဲ့ မျိုးအောင်နိုင်စွမ်းကို စစ်ဆေးမှု ခံယူရန် သတိရှိဖို့ အရေးကြီးပါတယ်။ မြုံတာနဲ့ ပတ်သက်တဲ့ လက္ခဏာတွေကို သိရှိဖို့ ကူညီပေးလို့ပါ။

အကယ်၍ မြုံခဲ့မယ်ဆိုရင် ဘယ်လိုကုသမလဲ၊ ကိုယ်ဝန်ရစေနိုင်ဖို့ ဘယ်လိုအမူအကျင့်တွေ ပြောင်းလဲရမလဲဆိုတဲ့ အကြံဉာဏ်ယူနိုင်ပါတယ်။

ရေးသားသူ- Wuthun Myat Chel

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Infertility and Men. http://www.webmd.com/infertility-and-reproduction/male-fertility-test?page=2. Accessed 5 Dec 2016.
Male infertility. http://www.mayoclinic.org/diseases-conditions/male-infertility/basics/causes/con-20033113. Accessed 5 Dec 2016.

ယခုပုံစံ

06/10/2022

Hello Sayarwon Panel မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လိင်စိတ်နည်းပါးခြင်းပြဿနာ

သင့်ရဲ့လက်တွဲဖော်အတွက် လိင်ဆက်ဆံလိုစိတ် မြင့်တက်အောင် ဘယ်လိုလုပ်ပေးမလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Hello Sayarwon Panel


Hello Sayarwon Panel မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement