များသောအားဖြင့်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ အတက်ရောဂါက ပြောင်းလဲမှုမရှိတတ်ပါဘူး။ တချို့သော ကိုယ်ဝန်သည်တွေဆိုရင် တက်တဲ့ အကြိမ်အရေက ကျတောင်ကျသွားတတ်ပါတယ်။ ဒါပေမဲ့ ဆေးကုသမှုပုံမှန်မခံယူသူ သို့မဟုတ် အိပ်ရေး၀၀ မအိပ်သူတွေအတွက်တော့ အကြိမ်အရေအတွက် ပိုများလာပါနိုင်ပါတယ်။
အတက်ကျဆေးတွေက ကိုယ်ဝန်ကို ထိခိုက်နိုင်ပါသလား။
အတက်ကျဆေးတွေက ကလေးတွေမှာ မွေးရာပါချို့ယွင်းချက်တွေဖြစ်တဲ့ ကျောရိုးကွဲတာ၊ နှုတ်ခမ်းကွဲတာ၊ နှလုံးနဲ့ ဦးနှောက်ဖွံ့ဖြိုးမှု မမှန်တာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် လိင်ဆက်ဆံမှုပုံမှန်ရှိပြီး အတက်ကျဆေးတွေလည်း သောက်နေရတဲ့ အမျိုးသမီးတွေက တားဆေးသေချာသုံးဖို့ လိုပါတယ်။
တကယ်လို့ ကိုယ်ဝန်ယူမယ်လို့ ဆုံးဖြတ်လိုက်ပြီဆိုရင် တားဆေးမရပ်ခင်မှာ ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။ ဆရာဝန်က ကိုယ်ဝန်အတွက် မထိခိုက်စေတဲ့ အတက်ကျဆေးတွေကို ပြောင်းပေးပြီးမှ ကလေးယူပါ။
ကိုယ်ဝန်ရှိနေရင် အတက်ကျဆေးတွေ ဆက်သောက်လို့ ရပါ့မလား။
ကိုယ်ဝန်ရှိနေပေမယ့်လည်း မိမိရဲ့ အတက်ရောဂါအခြေအနေကို လိုက်ပြီး ဆေးသောက်ဖို့ လိုနိုင်ပါတယ်။ အဲ့ဒီအခါကျရင် ဆရာဝန်က ကလေးကို မထိခိုက်စေတဲ့ အတက်ကျဆေးတွေ ပေးမှာပါ။ ဒါကြောင့် ကိုယ့်သဘောနဲ့ကို ဆေးကို ရပ်တာ၊ လျှော့တာ မလုပ်ဖို့ လိုပါတယ်။
အတက်ကျဆေးသောက်နေတဲ့ မိခင်တွေက ဖောလစ်အက်စစ်တိုးသောက်ဖို့ လိုပါတယ်။ သာမန်မိခင်တွေက ၅မိုက်ခရိုဂရမ်လောက် သောက်ရပေမယ့် အတက်ရောဂါရှိသူ မေမေတွေကတော့ ၅မီလီဂရမ်သောက်ဖို့ လိုပါတယ်။
အတက်ရောဂါရှိတယ်၊ ကိုယ်ဝန်ဆောင်ချင်တယ် ဘယ်လိုပြင်ဆင်ရမလဲ
အတက်ရောဂါရှိပေမယ့် သားသားမီးမီးလေးတွေလည်း လိုချင်တယ်ဆိုရင်တော့ ကိုယ်ဝန်မဆောင်ခင်ကတည်းက ဆရာဝန်နဲ့ သေချာတိုင်ပင်ဆွေးနွေးဖို့ လိုပါမယ်။ မကြာခဏ တက်မယ်ဆိုရင်တော့ ဒီအခြေအနေမသက်သာမချင်း ကလေးမယူသင့်သေးပါဘူး။ ဆေးတွေကို ဆရာဝန်ညွန်ကြားတဲ့အတိုင်းသောက်ပေးပါ။ ကိုယ်သဘောနဲ့ကိုယ်ဆေးတွေကို အတိုးအလျော့မလုပ်ဖို့ ပြောပါရစေ။
အတက်ရောဂါကို မထိန်းချုပ်နိုင်ခင် ကလေးယူတာက မိခင်ရောကလေးအတွက်ပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အတက်ရောဂါရှိတယ်။ ဒါပေမယ့် ကလေးယူချင်တယ်ဆိုရင် အတက်ရောဂါကို အရင်သက်သာအောင်လုပ်ဖို့ပြောပါရစေ။ အတက်ရောဂါရှိတဲ့ မေမေအနေနဲ့ ကလေးယူတော့မယ်လို့ စဉ်းစားထားတယ်ဆိုရင်
- ကျန်းမာရေးနဲ့ ညီညွတ်အောင် စားပါ။
- ကိုယ်ဝန်ဆောင် အားဆေးတွေသောက်ပါ။
- အိပ်ရေးဝဝအိပ်ပါ။
- ဆေးလိပ်၊ အရက်နဲ့ မူးယစ်ဆေး၊ ကဖင်းတို့ကိုရှောင်ပါ။
- အတက်ကျဆေး ပုံမှန်သောက်ပါ။
- ကိုယ်ဝန်ယူတော့မယ်ဆို ဆရာဝန်နဲ့ အရင်ပြပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။