backup og meta

ကိုယ်ဝန်ဆောင်ချိန်ကြွက်တက် ခြင်း အကြောင်း သိကောင်းစရာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်ချိန်ကြွက်တက် ခြင်း အကြောင်း သိကောင်းစရာ

    ကိုယ်ဝန်ဆောင်ချိန်ကြွက်တက် တာ (အထူးသဖြင့် ကိုယ်ဝန်တတိယပတ်မှာ) အဖြစ်များပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရဲ့ တစ်ဝက်လောက်ဟာ ခြေထောက်ကြွက်တက်တာ၊ ကြွက်သားနာကျင်တာတွေကို ခံစားရလေ့ရှိပြီး ညနေဖက်အချိန်တွေမှာ ပိုပြီးအဖြစ်များပါတယ်။

    ကိုယ်ဝန်ဆောင်ချိန်ကြွက်တက် တာ ဘာကြောင့်လဲ။

    ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသမီးတွေ ကြွက်တက်ရခြင်းအကြောင်းရင်းနဲ့ ပတ်သက်လို့ ဘယ်သူမှ အသေအချာ မသိရသေးပါဘူး။ ဖြစ်နိုင်ချေရှိတာက ကိုယ်ဝန်လရင့်ပြီး ဗိုက်အလေးချိန်ပိုလာတာနဲ့အမျှ အဆိုပါ ကိုယ်ဝန်ကို သယ်ဆောင်ထားရတဲ့ ခြေထောက်ကြွက်သားတွေအနေနဲ့ ပိုပြီးပင်ပန်းနွမ်းနယ်လာတာကြောင့် ဖြစ်နိုင်ပါတယ်။

    တဖြည်းဖြည်း ကြီးထွားလာတဲ့ ကိုယ်ဝန်အနေနဲ့ ခြေထောက်ကနေ နှလုံးကိုသွားတဲ့ သွေးပြန်ကြောတွေကို ဖိတဲ့အခါ ဒါမှမဟုတ် ခန္ဓာကိုယ်အပေါ်ပိုင်းကနေ ခြေထောက်ကို သွားတဲ့ အာရုံကြောတွေကို ဖိတဲ့အခါ ဒီအခြေအနေက ပိုဆိုးလာနိုင်ပါတယ်။

    ခြေထောက်ကြွက်သား နာကျင်ခြင်း၊ ကြွက်တက်ခြင်းဟာ ကိုယ်ဝန်ဒုတိယပတ်လောက်မှာ စတင်ဖြစ်ပေါ်လာနိုင်ပြီး ကိုယ်ဝန်လရင့်လာလေ ပိုဆိုးလေ ဖြစ်လာပါလိမ့်မယ်။။ ခြေထောက်ကြွက်တက်နာကျင်ခြင်းဟာ နေ့အချိန်မှာလည်း ဖြစ်ပေါ်နိုင်ပေမယ့် ညဖက်မှာ အဓိက ခံစားရတဲ့အတွက် အိပ်ရေးပျက်စေပါတယ်။

    ကိုယ်ဝန်ဆောင်ကြွက်တက် ခြင်းကနေ ဘယ်လိုကာကွယ်ရမလဲ။

    အောက်ဖော်ပြပါ အချက်လေးတွေကို လိုက်နာပေးခြင်းအားဖြင့် ခြေထောက်နာကျင်ခြင်းနဲ့ ကြွက်တက်ခြင်းတို့ကို ကာကွယ်ပေးနိုင်မှာပါ။

  • ခြေထောက်ချိတ်ပြီး အကြာကြီးထိုင်တာ ဒါမှမဟုတ် အချိန်ကြာကြီး မတ်တပ်ရပ်တာမျိုးကို ရှောင်ရှားပါ။
  • သင့်ခြေသလုံးကြွက်သားကို တစ်နေ့တာလုံး မကြာခဏဆိုသလို အကြောလျှော့ပေးပါ။ မအိပ်ခင်မှာလည်း အကြိမ်ရေအနည်းငယ်ခန့် အကြောလျှော့ပေးရပါမယ်။
  • တီဗွီထိုင်ကြည့်တာ ဒါမှမဟုတ် စာအုပ်ထိုင်ဖတ်တာပဲဖြစ်ဖြစ်၊ ထမင်းထိုင်စားတာပဲ ဖြစ်ဖြစ် ခပ်ကြာကြာထိုင်တဲ့အခါ သင့်ခြေကျင်းဝတ်ကို မကြာခဏ လှုပ်ရှားပေး၊ လှည့်ပေးရမှာဖြစ်ပြီး ခြေချောင်းလေးတွေကိုလည်း လှုပ်ခါပေးရပါမယ်။
  • လေ့ကျင့်ခန်းမလုပ်ဖို့ ညွှန်ကြားခံထားရတဲ့ အခြေအနေမျိုးကလွဲပြီး လေ့ကျင့်ခန်းလုပ်ပါ။ နေ့စဉ်လမ်းလျှောက်ပါ။
  • ကိုယ်ဝန်ဆောင်ချိန်ကြွက်တက် ခြင်း အကြောင်း သိကောင်းစရာ

  • အလွန်အမင်း အပင်ပန်းမခံပါနဲ့။
  • ခြေထောက်နဲ့ နှလုံအကြား သွေးလည်ပတ်မှု ကောင်းမွန်စေဖို့အတွက် ဘယ်ဖက်ကိုစောင်းအိပ်ရပါမယ်။
  • ရေဓာတ်ခမ်းခြောက်မှု မဖြစ်စေဖို့အတွက် တစ်နေ့တာလုံးမှာ ရေမှန်မှန်သောက်ပေးရပါမယ်။
  • ကြွက်သားတွေကို ပြေလျော့စေဖို့အတွက် ညအိပ်ရာမဝင်မီ ရေနွေးနဲ့ ရေချိုးနိုင်ပါတယ်။
  • ကိုယ်ဝန်ဆောင်ချိန်ကြွက်တက် ခြင်း အကြောင်း သိကောင်းစရာ

    • ပုံမှန်သုံးစွဲနေကျ ကိုယ်ဝန်ဆောင်အားဆေးတွေ၊ ဗီတာမင်တွေအပြင် မဂ္ဂနီဆီယမ်ဖြည့်စွက်အားဆေးကိုပါ သုံးစွဲမယ်ဆိုရင် ခြေသလုံးကြွက်သားနာကျင်ခြင်းနဲ့ ကြွက်တက်ခြင်းတွေကို ကာကွယ်ပေးနိုင်တယ်လို့ အချို့ဆရာဝန်တွေက ယုံကြည်ကြပါတယ်။ ဒါပေမယ့် မဂ္ဂနီဆီယမ်အားဆေးတွေဟာ ခြေထောက်ကြွက်တက်တဲ့အကြိမ်ရေကိုရော ပြင်းထန်မှုကိုပါ ထူးခြားသိသာစွာ လျှော့ချပေးနိုင်တာမျိုး မရှိဖူးလို့လည်း တချို့ဆရာဝန်တွေက ဆိုကြပြန်ပါတယ်။သင့်အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ ဖြည့်စွက်အားဆေးတွေ သုံးစွဲမယ်ဆိုရင် ဆရာဝန်နဲ့ ဦးစွာ တိုင်ပင်အကြံဉာဏ်တောင်းခံရမှာပဲ ဖြစ်ပါတယ်။ (ဘယ်လို အားဆေးမျိုးကိုပဲ ဖြစ်ဖြစ်ပေါ့)။
    • ခြေထောက်ကြွက်တက်တယ်ဆိုတာဟာ သင့်အနေနဲ့ ကယ်လ်ဆီယမ်ဓာတ်တွေ ပိုမိုလိုအပ်နေပြီဆိုတဲ့ အဓိပ္ပာယ်ပဲ ဖြစ်ပါတယ်။ ကယ်လ်ဆီယမ်ဓာတ် အလုံအလောက်ရရှိဖို့လိုအပ်တာ မှန်ပေမယ့် ကယ်လ်ဆီယမ်ဖြည့်စွက်အားဆေးသုံးစွဲလိုက်တဲ့အတွက် ကိုယ်ဝန်ဆောင်ချိန်မှာ ကြွက်မတက်တော့ဖူးဆိုတဲ့ အချက်ကိုလည်း ရှင်းရှင်းလင်းလင်း သက်သေမပြနိုင်သေးပါဘူး။

    ခြေထောက်ကြွက်သားတွေ နာကျင်တာ ဒါမှမဟုတ် ကြွက်တက်တာကို သက်သာစေဖို့ အကောင်းဆုံးနည်းလမ်းက ဘာလဲ။

    တကယ်လို့ ကြွက်တက်ချင်လာသလို ခံစားရပြီဆိုရင် သင့်ခြေသလုံးကြွက်သားကို အမြန်ဆန့်ထုတ်လိုက်ပြီး ပထမဦးဆုံး ခြေထောက်နဲ့ ခြေဖနောင့်၊ ပြီးရင် ခြေချောင်းလေးတွေကို ညို့သကျည်းဖက် ဆွဲယူလိုက်ပါ။

    စစချင်းတော့ အနည်းငယ်နာပါလိမ့်မယ်။ ဒါပေမယ့် အခုလိုလုပ်ပေးခြင်းဟာ ကြွက်သားတွေကို ပြေလျော့စေတဲ့အတွက် နာကျင်မှုတွေဟာ တဖြည်းဖြည်းချင်း လျော့ပါးသွားပါလိမ့်မယ်။ ကြွက်သားတွေကို နှိပ်နယ်ပေးခြင်း ဒါမှမဟုတ် ရေနွေးပုလင်းကပ်ခြင်းတို့ကိုလည်း ပြုလုပ်ပေးနိုင်ပါတယ်။

    မိနစ်အနည်းငယ်လောက် လမ်းလျှောက်ပေးခြင်းဟာလည်း အကျိုးရှိစေပါတယ်။ ဒါပေမယ့် သင့်ကြွက်သားနာကျင်မှု ပိုဆိုးလာတာ၊ ပျောက်မသွားတာ၊ နီရဲရောင်ရမ်းပြီး တင်းလာတာ၊ လက်နဲ့ထိကြည့်လို့ ပူနွေးနေတာ အစရှိတဲ့ လက္ခဏာတွေ ပေါ်ပေါက်လာပြီဆိုရင်တော့ ဆရာဝန်ကို အကြောင်းကြားရပါမယ်။

    ဒါတွေဟာ သွေးခဲခြင်းရဲ့ လက္ခဏာတွေဖြစ်တဲ့အတွက် အမြန်ဆုံးဆေးကုသမှုခံယူဖို့ လိုအပ်ပါတယ်။ သွေးခဲခြင်းဟာ ယေဘုယျအားဖြင့် ဖြစ်ခဲပေမယ့် ကိုယ်ဝန်ဆောင်ကာလတွေမှာတော့ အဖြစ်များပါတယ်။ ဖြစ်လာရင်လည်း အသက်အန္တရာယ်နီးတာကြောင့် အမြန်ဆုံးကုသမှု ခံယူဖို့ လိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Hello Sayarwon Panel


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement