backup og meta

ဆောင်းပါး ကူညီပံ့ပိုးသူ May May Club

အချင်းကပ် တာ ကောက်ညှင်းစားလို့လား

ကိုယ်ဝန်ဆောင်ဘဝမှာ ယုံတမ်းစကားတွေက မကြာခဏ ကြားရပါတယ်။ အထူးသဖြင့် ဟိုဟာ မလုပ်ရဘူး။ ဒီဟာ မစားရဘူး တားမြစ်ချက်တွေပါ။ မေမေတွေကလည်း ကိုယ့်ကလေး တစ်ခုခု ဖြစ်မှာစိုးလို့ ဟိုဟိုဒီဒီ ရှောင်ကြပါတယ်။ ခုပြောပြမယ့် အချင်းကပ် တာ ကောက်ညှင်းစားလို့လား ဆိုတာ ကလည်း တစ်ခု အပါအဝင် ပါပဲ။

အချင်းကပ် တာ ကောက်ညှင်းစားလို့လား

အချင်းကပ် တာ ကောက်ညှင်းစားလို့လား

အချင်းကပ် တာ ကောက်ညှင်းစားလို့လား ဆိုတော့ အရင်ဆုံး အချင်းကပ်တဲ့ အကြောင်းကို သိထားဖို့ လိုပါတယ်။ ဒါမှ ကောက်ညှင်းနဲ့ ဆိုင်၊ မဆိုင် မေမေတို့ ဆုံးဖြတ်နိုင် မှာပါ။

ပုံမှန်ဆိုရင် အချင်းက သားအိမ်ရဲ့ အတွင်း နံရံမှာ အသာလေးပဲ တွယ်နေတာပါ။ အဲ့ကနေမှ လိုအပ်တဲ့ အာဟာရတွေကို ချက်ကြိုး ကနေတဆင့် ကလေးကို ပေးတာပါ။

အချင်းကပ် တယ်ဆိုတာက သားအိမ် နံရံမှာ ပုံမှန် မဟုတ်တာ တစ်ခုခု ဖြစ်နေလို့ပါ။

တစ်ခါတလေလည်း အကြောင်းရင်း မရှိဘဲ ဖြစ်တတ်ပါတယ်။

အချင်းကပ်တာက လက္ခဏာလည်း မပြပါဘူး။ ကလေးမွေးပြီး အချင်းကွာမှပဲ သိကြတာပါ။ တချို့တွေမှာ ကိုယ်ဝန် လရင့်တော့မှ သွေးဆင်းတဲ့ လက္ခဏာ ပြတတ်တာမျိုး ရှိပါတယ်။

 အချင်းကပ် တာ ကောက်ညှင်းစားလို့လား

ကိုယ်ဝန်ဆောင်ချိန်မှာ ကောက်ညှင်းစားလို့ရလား။

ဒါဆိုရင် အချင်းကပ် တာနဲ့ ကောက်ညှင်းနဲ့ မဆိုင်ဘူးဆိုတာ သိလောက်ပါပြီ။ နောက်တစ်ခုက ကိုယ်ဝန်ဆောင်ချိန်မှာ ကောက်ညှင်းစားလို့ရလား ဆိုတာပါ။ကောက်ညှင်းစားလို့ အချင်းမကပ်ဘူးဆိုပေမယ့် စားမိရင် ဘာများ ဖြစ်နိုင်သလဲပေါ့။

ကောက်ညှင်းဆိုတာကလည်း ဆန်တစ်မျိုးပဲ ဖြစ်တဲ့အတွက် စားလို့ရပါတယ်။ ဒါပေမယ့် သင့်တင့်တဲ့ ပမာဏပဲ စားပါ။ အလွန်အကျွံစားမယ်။ နေ့တိုင်းစားမယ်ဆိုရင်

သာမန် ကိုယ်ဝန်ဆောင်တွေကတော့ အလွန်အကျွံမဟုတ်ရင် စားလို့ရပါတယ်။ ဝမ်းမချုပ်အောင်  ရေများများသောက်ပါ။ အသီးအရွက်များများစားပါ။ အစာမကြေဘူးလို့ ခံစားရရင် ကိုယ်ဝန်ဆောင်အတွက် စိတ်ချရတဲ့ အစာကြေဆေးတွေ သောက်နိုင်ပါတယ်။

ကိုယ်ဝန်တွေ၊ သံဓာတ်အားဆေးတွေကြောင့် ဝမ်းချုပ်နေတဲ့အချိန်၊ ရင်ပူနေတဲ့အချိန်ဆိုရင်တော့ ခဏရှောင်ထားတာ ပိုကောင်းပါတယ်။

အနှစ်ချုပ်

ဒါဆိုရင် ကောက်ညှင်းနဲ့ အချင်းကပ် တာ ဘာမှမဆိုင်ဘူးဆိုတာကို မေမေတို့ သိလောက်ပါပြီ။ အချင်းကပ်တာက ကောက်ညှင်းစားတာနဲ့ မဆိုင်ပါဘူး။ ကောက်ညှင်းအပါအဝင်  တခြား စေးကပ်တဲ့ အစားအစာတွေကို စားသည်ဖြစ်စေ၊ မစားသည်ဖြစ်စေ အချင်းကပ်မယ့် မိခင်က ကပ်တာပါပဲ။ အချင်းကပ်တာက ကြိုတင် ကာကွယ်လို့ ရတဲ့ ကိစ္စမဟုတ်ပါဘူး။

ကိုယ်ဝန်ဆောင်ချိန်မှာ ကောက်ညှင်းစားလို့ ရပါတယ်။ အလွန်အကျွံ မဟုတ်တဲ့ပမာဏလည်း ဖြစ်မယ်။ တစ်ခါတလေမှ စားတယ်ဆိုရင် အန္တရာယ်မရှိပါဘူး။

[embed-health-tool-pregnancy-weight-gain]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.mayoclinic.org/diseases-conditions/placenta-accreta/symptoms-causes/syc-20376431

https://my.clevelandclinic.org/health/diseases/17846-placenta-accreta

https://community.theasianparent.com/q/eat-glutinous-rice-during-pregnancy-like-ba-zhangglutinous-rice-dumpling/3033325

ယခုပုံစံ

12/10/2023

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Abruptio Placentae (အချိန်မတိုင်မီအချင်းကွာခြင်း)

ကိုယ်ဝန်ဆောင်တိုင်းသိထားသင့်တဲ့ အချင်းပြဿနာများ။


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/10/2023 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ