

ကလေးက ခေါင်းအောက်စိုက်နေပြီး မေမေ့ရဲ့ ဆီးခုံရိုးနားမှာ ရှိနေပါပြီ။
အရင်က တင်ပဆုံကွင်း ထဲမှာ ရှိနေတဲ့ သားအိမ်က အခုဆို ဝမ်းခေါင်းထဲတောင် ဝင်နေပါပြီ။ အခုနေ ဗိုက်ထဲကို ချောင်းကြည့်လို့ ရရင် ရေမြွာရည် ထက်တောင် သူလေးက နေရာ ယူနေတာကို တွေ့ရမှာပါ။ ဒီဖောင်းကားလာတဲ့ သားအိမ်က တခြား ကိုယ်တွင်း အင်္ဂါတွေပါ သွားဖိတော့ ဆီးခဏခဏ သွားတာ၊ ရင်ပူတာ၊ အစာမကြေတာတွေ ဖြစ်စေပါတယ်။ ဒါတွေ မဖြစ်ဘူးဆို မေမေတို့က ကံကောင်းတဲ့ စာရင်းဝင်သွားပါပြီ။
ကလေးလေး လူ့လောကထဲ ရောက်လာတိုင်း ဘာလို့ ငိုလဲ ဆိုပြီး သိချင်နေမှာပေါ့နော်။ ကလေး ပထမဆုံးငိုတာ ဗိုက်ထဲမှာလို့ ပြောတာက အမှန်ပါပဲ။ လေ့လာတွေ့ရှိချက်တွေ အရ ကလေးလေးက မေမေ့ဗိုက်ထဲမှာ ငိုသလိုမျိုး ပါးစောင်လှုပ်လိုက်၊ အသက်ရှူ မထုတ်ခင် ပုံမှန်မဟုတ်တဲ့ နည်းအမျိုးမျိုးနဲ့ ရှူသွင်းလိုက်၊ ပြန်ငြိမ်သွားလိုက်၊ အသံတိုးတိုးလေးကအစ ပြန်တုံ့ပြန်လိုက်နဲ့ အမျိုးမျိုးကို လုပ်ပါတယ်။ ဒီတုံ့ပြန်မှုတွေက စောမွေးတဲ့ ကလေးတွေမှာတောင် ဖြစ်ပါတယ်။ ဒီတော့ မွေးခန်းထဲ မရောက်ခင် ဗိုက်ထဲမှာ ကတည်းက ငိုတာမထူးဆန်းပါဘူး။
မွေးရက်က နီးပြီဆိုပေမယ့် တချို့ကလေးလေးတွေက ဖွံ့ဖြိုးတုန်းပါပဲ။ ကလေးလေးက နေလို့ရရင် မေမေ့ဝမ်းထဲဆက်နေချင်တာပါ။ မွေးဖို့ရက်ချိန်း လွန်သွားရင် ဆရာဝန်နဲ့တိုင်ပင်ပြီး ဘာတွေပြင်ဆင်ထားရမလဲဆိုတာမေးပါ။ ဘာမှ ထွေထွေထူးထူး မရှိဘဲ ရက်ချိန်းအတိုင်း မွေးရင်တော့ ကောင်းတာပေ့ါနော်။
ဒီအပတ်ဆို ဆေးခန်းကို ခပ်စိတ်စိတ်သွားပြီး စစ်ဆေးမှု ခံယူသင့်ပါတယ်။ လိုအပ်တာပေါ် မူတည်ပြီး အောက်ပါစစ်ဆေးမှုကိုလုပ်ပါလိမ့်မယ်။
ကိုယ်ဝန်ရှိချိန်မှာ ကျန်းမာဘေးကင်းအောင် ဘာတွေသိထားရမလဲ
ပထမ ၃ လပတ်တုန်းက သိပ်မလေးသေးတော့ ပက်လက်အိပ်လို့ရပါသေးတယ်။ ဒုတိယ ၃ လပတ်ကစပြီး လေးလာတော့ တခြားပုံပြောင်းပြီး အိပ်ရပါတော့မယ်။ ဘယ်ဘက်စောင်းပြီး အိပ်ပေးပါ။ ပက်လက်အိပ်တာထက် ဘေးစောင်းပြီး ခွခေါင်းအုံးလေး ခွအိပ်တာက ပိုအဆင်ပြေပါလိမ့်မယ်။ ရင်ပူတတ်ရင် ခေါင်းအုံးလေး မြှင့်ထားပါ။
နောက်အပတ်ရောက်ရင် ဆက်တွေ့မယ်နော်။
ရေးသားသူ- Hmwe San Eain