အဓိပ္ပါယ်ဖွင့်ဆိုချက်
Contraction stress test ဆိုတာဘာလဲ?
Contraction stress test ဟာ မမွေးရသေးတဲ့ ကလေးလေးဟာ မွေးဖို့ သားအိမ်ညှစ်ချိန်မှာ ဖြစ်လေ့ဖြစ်ထရှိ တဲ့ အောက်ဆီဂျင်ပမာဏ လျော့နည်းတဲ့ ကာလ အတွင်းမှာ ကျန်းကျန်းမာမာ ဖြစ်နိုင်၊ မနိုင် စစ်ဆေးတဲ့ စစ်ဆေးချက် တစ်ခုဖြစ်ပါတယ်။ ဒီစစ်ဆေးချက်မှာ ပြင်ပသန္ဓေသားနှလုံး စစ်ဆေးခြင်း လည်းပါဝင်ပါတယ်။ ကိုယ်ဝန်ဆောင် မိခင် ကိုယ်ဝန် အပတ် ၃၄ (သို့) ၃၄ ပတ်ထက်ပိုလာပြီဆိုရင်တော့ ဒီစစ်ဆေးချက်ကို လုပ်ဆောင်ရပါတယ်။