backup og meta

ဆေးလိပ်သောက်ခြင်းသည် သင့်ကလေးကို မည်သို့ ထိခိုက်စေပါသလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Su Sandy မှ ရေးသားသည်။ · 18/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆေးလိပ်သောက်ခြင်းသည် သင့်ကလေးကို မည်သို့ ထိခိုက်စေပါသလဲ

    ဆေးလိပ်သောက်ခြင်းသည် သင့်ကလေးကို မည်သို့ ထိခိုက်စေပါသလဲ …… အားလုံးသိနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

    ဆေးလိပ်ထဲမှာ ဆိုင်ယာနိုက်၊ ခဲနဲ့ အနည်းဆုံး ကင်ဆာဖြစ်စေတဲ့ ဒြပ်ပေါင်းများ ၆၀ ခန့် ပါဝင်သော ဓာတုပစ္စည်းများ ၄၀၀၀ ခန့် ပါဝင်သည်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးလိပ်သောက်လိုက်ရင် အဆိပ်ငွေ့များက သင့်ကလေးကို အောက်ဆီဂျင်နဲ့ အာဟာရ ပေးရာဖြစ်တဲ့ သွေးထဲသို့ ပျံ့နှံ့ရောက်ရှိသွားပါတယ်။

    အမျိုးအစား ၄၀၀၀ ထက်ကျော်တဲ့ ဓာတုပစ္စည်းတွေမှာ သင့်ကလေးအတွက် ကောင်းကျိုးဖြစ်စေမယ့် အရာတစ်ခုမှ မပါဝင်ပါဘူး။ အဲ့ဒီအထဲမှာ နီကိုတင်းဓာတ်နဲ့ ကာဗွန်မိုနောက်ဆိုဒ်ဓာတ်က အန္တရာယ် အဖြစ်စေဆုံးဖြစ်ပြီး ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်နိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးများရဲ့ အဓိက အကြောင်းရင်းလည်း ဖြစ်ပါတယ်။

    ဆေးလိပ်သောက်ခြင်းသည် သင့်ကလေးကို မည်သို့ ထိခိုက်စေပါသလဲ

    ဆေးလိပ်သောက်ခြင်းသည် သင့်ကလေးကို မည်သို့ ထိခိုက်စေပါသလဲ ဆိုတော့ ကိုယ်ဝန်ဆောင်ချိန်တွင် ဆေးလိပ်သောက်ခြင်းက ဘာကြောင့် အလွန်အန္တရာယ် ရှိပါတယ်။

    အောက်ဆီဂျင် ပြတ်လပ်မှုက သင့်ကလေးရဲ့  ဖွံ့ဖြိုးမှုနဲ့ ကြီးထွားမှုကို ဆိုးရွားစွာ ထိခိုက်စေပါသည်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးလိပ်သောက်ခြင်းက ကလေးကို လမစေ့မီမွေးခြင်း၊ ပေါင်မပြည့်ဘဲမွေးခြင်း၊ ကလေး အသေမွေးခြင်းတို့ကို ဖြစ်နိုင်ခြေ ၂ ဆ များစေပါတယ်။

    သင်သောက်လိုက်တဲ့ ဆေးလိပ်တစ်လိပ်တိုင်းသည် သင့်ကိုယ်ဝန်အတွက် ဆိုးကျိုးဖြစ်စေပါတယ်။ တစ်နေ့ကို ဆေးလိပ်အနည်းငယ် သောက်ခြင်းက တစ်နေ့ကို တစ်ဘူးလုံးသောက်ခြင်းထက် အနည်းငယ် သက်သာစေတယ်လို့ ထင်ရပေမယ့် ရေရှည်မှာ အကျိုးအပြစ်က သိပ်မကွာခြားလှပါဘူး။ ဆေးလိပ်သောက်သူရဲ့ ခန္ဓာကိုယ်က ဆေးလိပ်ရဲ့ နီကိုတင်းဓာတ်ကို သိရှိပြီး တစ်လိပ်၊ နှစ်လိပ်သောက်ရုံနဲ့တင် ဓာတ်ပြုနိုင်တာကြောင့် သွေးကြောများကို မာကြောတောင့်တင်းစေပါတယ်။ ဒါကြောင့် အနည်းအပါးသောက်တဲ့ အလေ့အထရှိရင်တောင် သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

    အဆိုးရွားဆုံးသော နောက်ဆက်တွဲ ပြဿနာတွေကတော့ ကလေး အသေမွေးခြင်း၊ လမစေ့ဘဲမွေးခြင်း၊ ပေါင်မပြည့်ဘဲ မွေးခြင်း တို့ဖြစ်ပါတယ်။ နီကိုတင်းနဲ့ ကာဗွန်မိုနောက်ဆိုဒ်က ကလေးရဲ့ အောက်ဆီဂျင် ရရှိမှုကို နည်းစေပါတယ်။ နီကိုတင်းက ချက်မှ သွေးကြောများ အပါအဝင် အခြားသွေးကြောများကို ကျဉ်းစေတာကြောင့် ကလေးထံကို ရောက်တဲ့ အောက်ဆီဂျင်ကို နည်းစေသပါတယ်။ ပိုဆိုးတာက အောက်ဆီဂျင်ကို သယ်ဆောင်တဲ့ သွေးနီဥတွေက အောက်ဆီဂျင်အစား ကာဗွန်မိုနောက်ဆိုဒ်ကို သယ်ဆောင်လာကြတာကြောင့် တစ်ရှူးတွေက အောက်ဆီဂျင် ကောင်းကောင်းမရတော့ပါဘူး။ ရုတ်တရက် ကျဉ်းလာတဲ့ သွေးကြောတွေက သယ်ဆောင်နေကျဖြစ်သော အောက်ဆီဂျင်ပမာကို မသယ်နိုင်တော့လို့ပါ။

    ဆေးလိပ်သောက်ခြင်းသည် သင့်ကလေးကို မည်သို့ ထိခိုက်စေပါသလဲ

    • ကိုယ်ဝန်ဆောင်နေချိန် အတွင်း ဆေးလိပ်သောက်ခြင်းက
    • သင်နဲ့ သင့်ကလေး ရရှိမယ့် အောက်ဆီဂျင် ပမာဏကို နည်းစေပါတယ်။
    • သင့်ကလေးရဲ့ နှလုံးခုန်နှုန်းကို မြန်စေပါတယ်။
    • ကိုယ်ဝန်ပျက်ကျခြင်းနဲ့ ကလေး အသေမွေးခြင်းကို အဖြစ်များစေပါတယ်။
    • လစေ့ဘဲမွေးခြင်း၊ ပေါင်မပြည့်ဘဲ မွေးခြင်းများ ဖြစ်စေနိုင်ပါတယ်။
    • သင့်ကလေးမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်စေပါတယ်။
    • ကလေးမှာ မွေးရာပါ ရောဂါများ ဖြစ်စေနိုင်ပါတယ်။
    • မွေးကင်းစကလေးအရွယ်မှာ ရုတ်တရက် သေဆုံးခြင်းကို ဖြစ်စေနိုင်ပါတယ်။
    • ဆေးလိပ်ငွေ့ကို ရှူမိခြင်းကြောင့် သင့်ကလေးမှာ ဘယ်လိုအန္တရာယ်ဖြစ်လာနိုင်သလဲ။ အန္တရာယ်ဖြစ်စေမည်လဲ

    သင့်အမျိုးသား သို့မဟုတ် တစ်စုံတစ်ယောက်က သင့်အနီးအနားမှာ ဆေးလိပ်သောက်ခဲ့မယ်ဆိုရင် ဆေးလိပ်ငွေ့ကို ရှူမိတာကြောင့် သင်နဲ့ သင့်ကလေးရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဆေးလိပ်ကို ကိုယ်တိုင်မသောက်ပေမယ့် ဆေးလိပ်ငွေ့ကို တဆင့်ရှူရှိုက်မိခြင်းကလည်း သင့်ကလေးကို ပေါင်မပြည့်ဘဲ မွေးစေနိုင်ပြီး မွေးစအရွယ်မှာ ရုတ်တရက် သေဆုံးခြင်းများကို ဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်သောက်တဲ့ မိဘတွေရဲ့ ကလေးများကလည်း အသက်ရှူလမ်းကြောင်း ရောင်ရမ်းခြင်း၊ အဆုတ် ရောင်ခြင်းများကြောင့် ဆေးရုံတက်ရနိုင်ခြေ ပိုများပါတယ်။

    ကိုယ်ဝန်ဆောင်ချိန်တွင် ဆေးလိပ်ဖြတ်ခြင်းရဲ့ အကျိုးကျေးဇူးများ

    ဆေးလိပ်ဖြတ်ခြင်းက သင်နဲ့ သင့်ကလေးကို ချက်ခြင်း အကျိုးပြုနိုင်ပါတယ်။ ဆေးလိပ်ဖြတ်လိုက်တာနဲ့ အန္တရာယ်ရှိစေတဲ့ ဓာတ်ငွေ့များနဲ့ ဓာတုပစ္စည်းတွေက သင့်ခန္ဓာကိုယ်မှာ လျော့နည်းသွားပါလိမ့်မယ်။ သင်ဆေးလိပ်ဖြတ်လိုက်တဲ့အခါ –

    • ကိုယ်ဝန်ဆောင်ခြင်းနဲ့ ကလေးမွေးချိန်မှာ ဖြစ်မယ့် နောက်ဆက်တွဲ ဆိုးကျိုးများကို လျော့ကျစေနိုင်ပါတယ်။
    • ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရော ကလေးပါ ကျန်းမာစေပါတယ်။
    • ကလေး အသေမွေးနိုင်ခြေ နည်းသွားပါတယ်။
    • ကလေးမှာ လမစေ့ဘဲမွေးတာ၊ မွေးလာတဲ့ကလေးမှာ အသက်ရှူခြင်း၊ အစာစားခြင်းနဲ့ တခြားသောကျန်းမာရေး ပြဿနာများ ကြုံတွေ့နိုင်ခြေ နည်းသွားပါတယ်။
    • ကလေးကို ပေါင်မပြည့်ဘဲ မွေးနိုင်ခြေလည်း နည်းသွားစေပါတယ်။
    • ကလေးငယ် ရုတ်တရက် သေဆုံးခြင်း ဖြစ်နိုင်ခြေလည်း နည်းသွားပါလိမ့်မယ်။

    ဆေးလိပ်ဖြတ်ခြင်းက သင့်ကလေးရဲ့ အနာဂတ်ကိုလည်း ပိုမိုကောင်းမွန်စေရန် ကူညီပေးပါလိမ့်မယ်။ ဆေးလိပ်သောက်တဲ့ မိဘတွေရဲ့ ကလေးတွေက ရင်ကျပ်ခြင်းနဲ့ တခြားပြင်းထန်တဲ့ ရောဂါများရှိပြီး ဆေးရုံတက်ကုသရနိုင်ခြေ များပါတယ်။

    ဆေးလိပ်ကို စောစောဖြတ်လေလေ ပိုကောင်းလေလေ ဖြစ်ပါတယ်။ ဆေးလိပ်ဖြတ်တာ နောက်ကျတယ်လို့ မရှိပါဘူး။ သင်ကိုယ်ဝန် နောက်ဆုံးပတ်မှာ ဆေးလိပ်ကို ဖြတ်ရင်တောင်မှ သင်နဲ့ သင့်ကလေးကို အကျိုးရှိစေမည် ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Su Sandy မှ ရေးသားသည်။ · 18/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement