backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို အိပ်ရာထဲမှာပဲ ဘာ့ကြောင့်နားနေခိုင်းတာလဲ


Wathun Myat Chal မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို အိပ်ရာထဲမှာပဲ ဘာ့ကြောင့်နားနေခိုင်းတာလဲ

အိပ်စက်အနားယူခြင်း ( အိပ်ရာပေါ်၌သာ အနားယူနေရခြင်း Bed rest)ကို ပုံမှန်အားဖြင့်တော့ ကိုယ်ဝန်ဆောင်ပြဿနာတွေ ဖြစ်မလာစေဖို့အတွက် ဆရာဝန်တွေက ညွှန်ကြားလေ့ရှိပါတယ်။ ဒါပေမယ့် သူ့မှာ ကောင်းကျိုးတွေရှိနေသလို ဆိုးကျိုးတွေကလည်းများပြားလှပါတယ်။ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ အိပ်ရာပေါ်မှာအနားယူတာအရေးကြီးတယ်ဆိုတာ ကျွန်ုပ်တို့သိကြပြီး အဆင်မပြေမှုတွေကိုဖြေရှင်းနည်းတွေကိုသိဖို့လည်းအရေးကြီးပါတယ်။

အိပ်ရာပေါ်မှာကောင်းစွာအနားယူခြင်း(Bed rest)ရဲ့နောက်ကွယ်မှ အဓိက အကြောင်းရင်းများ

Bed rest ဆိုတာ ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်း ကလေးရဲ့ကျန်းမာရေးပေါ်ထိခိုက်စေမှာနဲ့ နဂိုရှိရင်းစွဲကျန်းမာရေးပိုဆိုးလာတာကို လျှော့ချနိုင်ဖို့ သင့်ရဲ့ကိုယ်ကာယလှုပ်ရှားမှုတွေကို ရပ်တန့်လိုက်တာပါပဲ။ သင့်ရဲ့ကျန်းမာရေးအကြံပေးပေါ်မူတည်ပြီး သင့်ရဲ့လှုပ်ရှားမှုတွေဟာ လေးလံတာတွေပါတဲ့ အိမ်မှုကိစ္စတွေလုပ်ရတာကစပြီး ကန့်သတ်ခံရကာ ရေချိုးချိန်နဲ့ အိမ်သာသွားချိန်တွေကလွဲပြိး ကျန်တဲ့အချိန်တွေ အိပ်ရာထဲမှာပဲနေဖို့ တင်းကြပ်စွာသတိပေးတားမြစ်ထားနိုင်ပါတယ်။ ဒီလိုအခြေအနေဟာ ခဏတာလည်းဖြစ်နိုင်သလို ကိုယ်ဝန်ဆောင်ချိန်အများစုမှာဒီတိုင်းနေရတာလည်းဖြစ်နိုင်ပါတယ်။ အဖြစ်အများဆုံးအကြောင်းပြချက်တွေကတော့။

  • သွေးတိုးခြင်း (သွေးဆိပ်တက်ခြင်းအကြို နဲ့သွေးဆိပ်တက်ခြင်း)
  • မိန်မကိုယ်သွေးဆင်းခြင်း သို့မဟုတ် အချင်းပြဿနာ
  • လမစေ့ဘဲမွေးဖွားခြင်း
  • သားအိမ်ခေါင်းအားနည်းခြင်း- ဒီလိုအခြေအနေမှာ သားအိမ်ခေါင်းဟာလမစေ့သေးဘဲပွင့်လာနိုင်ချေများပါတယ်။
  • အမြွှာကိုယ်ဝန်
  • ယခင်ကိုယ်ဝန်ရစဉ်က ပြဿနာရှိခဲ့ခြင်း ဥပမာ- သန္ဓေသားဆုံးရှုံးခြင်း၊ ကလေးအသေမွေးခြင်း၊ လမစေ့ဘဲမွေးဖွားခြင်း
  • သန္ဓေသားဖွံ့ဖြိုးမှုအားနည်းခြင်း

အဆင်ပြေပြေ နဲ့ အိပ်စက်အနားယူနိုင်ဖို့ (bed rest) ဘာတွေလုပ်ရမလဲ။

Bed rest ဟာ အဆင်မပြေနိုင်တာတွေများစွာရှိသလို ပုံမှန်လုပ်ငန်းဆောင်တာတွေကိုလည်း သင်လုပ်ရမှာမဟုတ်ပါဘူး။ ဒါပေမယ့် သင့်ရဲ့အိပ်ရာထဲနေရမယ့်ကာလတွေမှာ အဆင်ပြေစေဖို့ နည်းလမ်းအနည်းငယ်တော့ရှိပါတယ်။

  • မရှိမဖြစ်လိုအပ်တာတွေဖြစ်တဲ့ ဖုန်း၊ ကွန်ပျူတာ၊ ရေဘူး၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့သရေစာတွေ၊ တစ်သျှူး၊ နှုတ်ခမ်းဆိုးဆီ၊ စာအုပ်တွေ၊ မဂ္ဂဇင်းတွေနဲ့ ခေါင်းအုံးအပို၊စောင်အပိုတွေကို လက်လှမ်းမှီတဲ့နေရာတွေမှာ အစီအစဉ်တကျထားပါ။
  • လှုပ်ရှားရမယ့် ကိစ္စမျိုးဆိုရင် သင့်သူငယ်ချင်းတွေသို့မဟုတ် မိသားစုတွေဆီမှ အကူအညီကိုရယူပါ။ ဥပမာ စာရေးကိရိယာတွေဝယ်ယူတာ၊ သန့်ရှင်းရေးလုပ်တာနဲ့၊ ကလေးတွေကိုဂရုစိုက်တာ စသဖြင့်
  • အပျင်းပြေစေဖို့ သင့်ရဲ့အနှစ်သက်ဆုံး ရုပ်ရှင်ကားတွေကြည့်ပါ။ စာအုပ်တွေမဂ္ဂဇင်းတွေဖတ်ပါ။ မိသားစုအသုံးစရိတ်ကို ပြန်စစ်ပါ။

စိတ်ဖိစီးမှုတွေလျော့ကျဖို့နဲ့ စိတ်ပူမှုတွေကို မျှဝေဖို့ သင့်ရဲ့လက်တွဲဖော် သို့မဟုတ် အခြားမိခင်လောင်းတွေနဲ့ တီးတိုးစကားဆိုပါ။

ဆိုးကျိုးတွေအများကြီးရှိနေပေမယ့်လည်း အိပ်ရာထဲမှာအနားယူခြင်းဟာ ကိုယ်ဝန်ဆောင်ကာလမှာ သင်နဲ့သင့်ကလေးရဲ့ကျန်းမာရေးအတွက် အကာအကွယ်ကောင်းပါပဲ။ အိပ်ရာထဲမှာအနားယူဖို့ညွှန်ကြားခံရတယ်ဆိုရင် သူ့ရဲ့ကောင်းကျိုးဆိုးပြစ်တွေနဲ့ ရင်ဆိုင်ရမယ့်နည်းလမ်းတွေနဲ့ အခြားအချက်အလက်တွေကို ဆရာဝန်ကိုမေးဖို့မမေ့ပါနဲ့။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Wathun Myat Chal မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement