backup og meta

အုပ်စု ဘီ စထရပ်ရောဂါပိုးကူးဆက်ခြင်း

အုပ်စု ဘီ စထရပ်ရောဂါပိုးကူးဆက်ခြင်း

Group B strep ဆိုတာ လူတွေရဲ့ အူလမ်းကြောင်းထဲမှာ သဘာဝအတိုင်းတွေ့ရတဲ့ ဘက်တီးရီးယားတစ်မျိုးဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် သင့်အစာဟောင်းအိမ်မှာရှိတဲ့ Group B strep ဘက်တီးရီးယားတွေက သင့်ယောနိဆီရောက်တတ်ရှိပြီး၊ သင်ကလေးမွေးတဲ့အချိန်မှာ သင့်ကလေးဆီ ရောက်ရှိသွားတတ်ပါတယ်။

ဒီဘက်တီးရီးယားအမျိုးအစား ကိုယ့်ဆီမှာရှိတာကို အမျိုးသမီးတော်တော်များများက သတိမထားမိတတ်ပါဘူး။

Group B Strep ရှိမရှိဆိုတာ ဘယ်လိုသိမလဲ။

Group B strep ဘက်တီးရီးယားတွေက အရွယ်ရောက်ပြီးသားလူတွေမှာ အန္တရာယ်မရှိတတ်ပါဘူး။ ဒါပေမယ့် ကလေးငယ်တွေမှာတော့ ( မွေးဖွားလာမှာရယ်၊ ပြင်းထန်တဲ့ ရောဂါပိုးကူးစက်မှု ) ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာတွေ ကြုံတွေ့ရတတ်ပါတယ်။

ဒါ့ကြောင့် Group B strep အတွက် စစ်ဆေးဖို့ လိုအပ်ပါတယ်။ မီးဖွားစဉ် ပိုးသတ်ဆေးတွေနဲ့ အချိန်မီကုသမှုက သင့်ကလေးရဲ့ Group B strep ရနိုင်တဲ့ အန္တရာယ်ကို တော်တော်လျှော့ချပေးပါတယ်။

များသောအားဖြင့် ရက်သတ္တပတ် ၃၅ နဲ့ ၃၇ ကြားထဲ Group B strep ရှိမရှိ ယောနိကို စစ်ဆေးလေ့ရှိပါတယ်။ လေ့လာထားချက်အရ မီးမဖွားခင် ၅ ပတ်မှာ စစ်ဆေးတာက အတိကျဆုံး ရလဒ်ကို ပေးစွမ်းမှာပါ။

စစ်ဆေးမှုမှာ သင့်ယောနိနဲ့ အစာဟောင်းအိမ်မှ နမူနာယူပါလိမ့်မယ်။ နမူနာမှာ Group B strep ရှိမရှိ စစ်ဆေးမှာပါ။ ရလဒ်ကို ၂၄နာရီမှ ၄၈နာရီအတွင်း ရပါလိမ့်မယ်။

ဘာလို့ စောစောစစ်ဆေးသင့်တာလဲ။

ဘက်တီးရီးယားတွေက ဝင်ပြီးထွက်လာနိုင်လို့ စစ်ဆေးမှုကို အရမ်းစောစော ပြုလုပ်လို့မရနိုင်ပါဘူး။ စောစောစစ်လို့ရတဲ့ ရလဒ်က သိပ်အားမကိုးရပါဘူး။ ဒါ့အပြင် မီးမဖွားခင် ပိုးသတ်ဆေးသောက်တာကလဲ ထူးမခြားနားပါ။

သို့ပေမယ့် သင့်ဆီးလမ်းကြောင်းထဲကို Group B strep ကူးစက်ခဲ့ရင် ပိုးသတ်ဆေးကို ချက်ချင်းသောက်ဖို့ လိုအပ်ပါတယ်။ ဆေးကုသမှုပြီးရင် ဆီးစစ်ရပါမယ်။ တကယ်လို့ သင့်ဆီးမှာ Group B strep ပိုးတွေ့ပါက၊ သင့်ရဲ့ လိင်အင်္ဂါလမ်းကြောင်းမှာပါ တော်တော်များများ ရှိနေပြီလို့ ဆိုနိုင်ပါတယ်။

ဒါကြောင့် ဆရာဝန်က သင်မီးဖွားတဲ့အခါ ပိုးသတ်ဆေးကို အကြောသွင်းဆေးမှတဆင့် အလိုအလျောက်ရရှိအောင် ပြုလုပ်ပေးပါလိမ့်မယ်။

့ သင့်ကလေးမှာ Group B strep ကူးစက်ခဲ့မယ်ဆို ဘာလုပ်မလဲ။

တကယ်လို့ သင့်ကလေးရဲ့ ကနဦးအဆင့်မှာ ကူးစက်ခံရရင် အောက်ပါအရာတွေကို ခံစားရနိုင်ပါတယ်။

– ပိုးကူးစက်မှု၊ အဆုတ်ရောင်ရောဂါ၊ ဦးနှောက်အမှေးပါးရောင်ရောဂါ။

– အသက်ရှုခက်ခဲခြင်း။

– ပုံမှန်မဟုတ်တဲ့ နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန်။

– အစာအိမ်၊ အူလမ်းကြောင်း၊ ကျောက်ကပ် ဆိုင်ရာ ပြဿနာများ။

ကနဦးကူးစက်ခံရရင် ကလေးငယ်မှာ မွေးဖွားပြီး နာရီပိုင်းအတွင်း Group B strep ပေါ်လာတတ်ပြီး နောက်ပိုင်းကူးစက်မှုကြောင့်ဆိုရင်တော့ ပေါ်လာဖို့ ရက်သတ္တပတ်မှ လပိုင်းတွေအထိ ကြာနိုင်ပါတယ်။

စောမွေးတဲ့ ကလေးတွေမှာ ကူးစက်နိုင်ချေများပါတယ်။ ကလေးတွေမှာ နောက်ပိုင်းကူးစက်မှုကြောင့် များသောအားဖြင့် ဦးနှောက်အမှေးရောင်ရောဂါ ဖြစ်နိုင်ပါတယ်။ သင့်စစ်ဆေးမှုမှာ ပိုးမရှိဘူးလို့ ပြောပေမယ့် သင့်မှာ အောက်ဖော်ပြထားတဲ့ လက္ခဏာတွေ တွေ့ရင်တော့ ကျန်းမာရေး အကူအညီ တောင်းခံသင့်ပါတယ်။

– လေးလံထိုင်းမှိုင်းခြင်း

– ငေးငိုင်ခြင်း

– အစာစားချင်စိတ် လျော့နည်းခြင်း

– အော့အန်ခြင်း

– အဖျားတက်ခြင်း

မီးဖွားစဉ် ပိုးသတ်ဆေးပေးတာက ဘယ်လို ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်လဲ။

မီးဖွားစဉ် Group B strep ကို ထိန်းချုပ်ဖို့ ဆရာဝန်တွေက များသောအားဖြင့် ကလေးငယ်တွေအတွက် ဘေးကင်းတဲ့ ပန်နဆလင်ကို အသုံးများပါတယ်။ မီးဖွားစဉ် ပန်နဆလင်သုံးစွဲမှုခံယူတဲ့ ကိုယ်ဝန်ဆောင်တွေရဲ့ ၁၀% မှာ အဖုအပိန့်လိုမျိုး အသေးစား ဓါတ်မတည့်တာမျိုး ခံစားရတတ်ပါတယ်။

ပန်နဆလင်ကြောင့် အသက်အန္တရာယ် ဆိုးရိမ်မှုက ၁၀၀၀၀၀ ပုံ ၁ ပုံ သာရှိပါတယ်။ တကယ်လို့ သင်က ပန်နဆလင်နဲ့ ဓါတ်မတည့်ပါက သင့်အပေါ် သက်ရောက်မှုရှိမယ့် တခြား ပိုးသတ်ဆေးတစ်မျိုးနဲ့ စမ်းသပ်ကုသပေးပါလိမ့်မယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-pregnancy-weight-gain]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Group B streptococcus screening. https://www.babycenter.com/0_group-b-streptococcus-screening_1647.bc Accessed April 11, 2017
Group B Strep Infection: GBS http://americanpregnancy.org/pregnancy-complications/group-b-strep-infection/ Accessed April 11, 2017

ယခုပုံစံ

13/05/2022

Wathun Myat Chal မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်မေမေ မီဆို သောက်လို့ရမလား!

ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား!


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Wathun Myat Chal မှ ရေးသားသည်။ · 13/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement