backup og meta

မျှဝေပါ။

သို့မဟုတ် လင့်ခ်ကူးယူမည်

ကိုယ်ဝန်ဆောင်မေမေ ကြွက်တက်ခဲ့ရင်

ကိုယ်ဝန်ဆောင်မေမေ ကြွက်တက်ခဲ့ရင်
ကိုယ်ဝန်ဆောင်မေမေ ကြွက်တက်ခဲ့ရင်

လေဒီတို့အတွက် စွန့်စားရဆုံးနဲ့ အပျော်ရဆုံး အချိန်က ကိုယ်ဝန်ဆောင်ထားချိန်နော်။ ကိုယ်ချစ်ရတဲ့ ရင်သွေးလေးကို လွယ်ထားရတာက မလွယ်ကူပေမယ့် ချစ်တဲ့စိတ်နဲ့ ပျော်ရွှင်နေမိတာက မေမေတိုင်းလိုလို ဖြစ်မယ် ထင်ပါတယ်နော်။ ဒီလို ပျော်ရွှင်နေချိန်မှာ မေမေက ကျန်းမာရေးကို သေချာလေး ဂရုစိုက်မှ မွေးလာမယ့် ဘေဘီလေးရော မေမေပါ ကျန်းမာမှာပါ။ ဒီတစ်ခေါက်တော့ ကိုယ်ဝန်ဆောင်မေမေ တော်တော်များများမှာ ခံစားရနိုင်တဲ့ ကိုယ်ဝန်ဆောင်ချိန် ခြေထောက်ကြွက်တက်တာကို ဘယ်လို သက်သာအောင် လုပ်ရမလဲ ဆိုတာကို ပြောပြပေးပါရစေ။

ကိုယ်ဝန်ဆောင်ချိန်မေမေ ကြွက်တက်တာက ဖြစ်လေ့ဖြစ်ထရှိလား…

ကိုယ်ဝန်ဆောင်ချိန်မှာ ခြေသလုံးကြွက်တက် တာက ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေ တစ်ခုလို့ပဲ ဆိုပါရစေ။

ဘယ်လိုအချိန်မှာ ပိုဖြစ်နိုင်လဲ…………

ကိုယ်ဝန်ဆောင်ချိန်ရဲ့ ဒုတိယ ၃ လပတ်နဲ့ တတိယ ၃ လပတ်တွေမှာ ခြေသလုံး ကြွက်တက်တာက ပိုအဖြစ်များပြီး ညဘက်တွေမှာ ဖြစ်နိုင်ခြေ ပိုများပါတယ်။

ကိုယ်ဝန်ဆောင်မေမေ ကြွက်တက်ခဲ့ရင် ဘယ်လိုသက်သာအောင်လုပ်မလဲ………

ကိုယ်ဝန်ဆောင်မေမေ ကြွက်တက်ခဲ့ရင် ဘယ်လို သက်သာအောင် လုပ်ပေးလို့ ရမလဲဆိုတဲ့ အချက်လေးတွေကို အတူတူ ဆက်ကြည့်လိုက်ရအောင်လား။ကိုယ်ဝန်ဆောင်ချိန်မှာ ကြွက်တက်တာ သက်သာစေဖို့ဆိုရင် ဒီနည်းလမ်းလေးတွေက အဆင်ပြေစေမှာပါနော်။

ကိုယ်ဝန်ဆောင်ချိန်မှာ ညအိပ်ရာမဝင်ခင် ခြေသလုံး ကြွက်သားတွေကို အကြောလျှော့ပေးတာက ကြွက်တက်တာကို သိသိသာသာ သက်သာစေနိုင်မှာပါ။ နံရံကိုမျက်နှာမူပါ။ လက်နှစ်ဖက်ကို နံရံမှာ ထောက်ထားပါ။ ပြီးရင် ညာဘက် ခြေထောက်ကို အရှေ့ဘက်ဆီ ကွေးပါ။ ဘယ်ဘက် ခြေထောက်ကို နောက်ဖက်ကို ဆန့်ထုတ်ပါ။ စက္ကန့် ၃၀ ထားပါ။ တစ်ဖက်ပြီး တစ်ဖက် လုပ်ပေးပါ။ ဖြည်းဖြည်းချင်း တတ်နိုင်သလောက်ပဲ လုပ်ပေးပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ ပြင်းထန်တဲ့ လှုပ်ရှားမှုတွေ မလုပ်ရဘူး ဆိုပေမယ့် သင့်တင့်တဲ့ လှုပ်ရှားမှုလောက်တာ့  လုပ်ပေးဖို့ လိုပါမယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ သင့်တင့်တဲ့ လေ့ကျင့်ခန်း လုပ်ပေးပါ။ လေ့ကျင့်ခန်း မလုပ်ခင်ဆရာဝန်နဲ့ အရင် တိုင်ပင်ပေးပါ။
မဂ္ဂနီဆီယမ် အားဖြည့်ဆေး သောက်ပေးတာက ကိုယ်ဝန်ဆောင်ချိန်မှာ ခြေသလုံးကြွက်တာကို သိသိသာသာသက်သာစေနိုင်ပါတယ်။ တကယ်လို့ ဆေးမသောက်ချင်ဘူးဆိုရင် မဂ္ဂနီဆီယမ်ကြွယ်ဝတဲ့ ကောက်နှံတွေ၊ ပဲအမျိုးမျိုး၊ သစ်သီးခြောက်တွေ နဲ့ အစေ့အဆန်တွေကို စားပေးပါ။
  • ရေဓာတ်ပြည့်ဝအောင်နေပါ
  •  ကြွက်သားတွေကို ရေဓာတ်ပြည့်ဝအောင် နေတာက ကြွက်တက်တာကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ မကြာခဏ ရေသောက်ပေးပါ။ ရေဆာပြီဆိုတာနဲ့ ရေတဝသောက်ပေးပါ။ ရေဓာတ်ပြည့်ဝနေမှုက သင့်ကို ကြွက်မတက်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်မှာပါ။
  • ကယ်လ်ဆီယမ် လုံလောက်အောင်စားသုံးပါ
  • ကိုယ်ဝန်ဆောင်ကာလအတွင်း သွေးတွင်းမှာ ကယ်လ်ဆီယမ် လုံလောက်ပြည့်ဝမှု ရှိတာက  ကိုယ်ဝန်ဆောင်စဉ် ခြေသလုံး ကြွက်တက် တာမျိုး မဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နေချိန်မှာ တစ်နေ့ကို ကယ်လ်ဆီယမ်ပမာဏ ၁၀၀၀ မီလီဂရမ် ပြည့်ဝအောင် စားသုံးပေးဖို့ လိုပါမယ်။ နို့ နဲ့ နို့ထွက်ပစ္စည်းတွေ စားသုံးပေးလို့ ရပါတယ်။

    • သင့်တော်တဲ့ ဖိနပ်ရွေးချယ်ပေးပါ

    ဖိနပ်ရွေးချယ်တဲ့အခါ သက်သောင့်သက်သာဖြစ်တာမျိုးကို ရွေးချယ်ပေးပါ။ ဒီလိုရွေးချယ်တာက သွားလာလှုပ်ရှားတဲ့အခါ သက်သောင့်သက်သာဖြစ်စေပြီး ကြွက်မတက်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ခုံမြင့်ဖိနပ်တွေကို တတ်နိုင်သမျှ ရှောင်ပါ။ ရှူးဖိနပ် ခပ်ပါးပါးလေးတွေက ကိုယ်ဝန်ဆောင်ချိန်မှာ သက်သောင့်သက်သာရှိနေစေပြီး လမ်းလျှောက်ရတာကိုအဆင်ပြေစေမှာဖြစ်သလို ခြေထောက်ကြွက်မတက်အောင်လည်း ကာကွယ်ပေးနိုင်မှာပါ။

    ခြေထောက် ကြွက်တက် လာရင်ရော ဘယ်လိုသက်သာအောင်လုပ်ရမလဲ……………

    အပေါ်ကနည်းတွေက ခြေထောက်ကြွက်မတက်အောင် ကာကွယ်ပေးသလို ခြေထောက်ကြွက်တက်တာကိုသက်သာစေဖို့အတွက်လည်း အသုံးပြုပေးလို့ရပါတယ်။ အကယ်လို့များ ခြေထောက်ကြွက်တက်လာတဲ့အခါ သက်သာစေဖို့အတွက်

    ကဲ….ကိုယ်ဝန်ဆောင်ချိန်မှာ ကြွက်တက်နေလို့ စိတ်မပူနဲ့တော့နော်။ ကိုယ်ဝန်ဆောင်မေမေ ကြွက်တက်ခဲ့ရင် ဒီနည်းလေးတွေသုံးပြီး ကြွက်တက်တာကို သက်သာအောင်လုပ်လိုက်ပါနော်။ မေမေရော ဘေဘီလေးပါ ကျန်းမာပါစေကြောင်း…………..

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    What causes leg cramps during pregnancy, and can they be prevented? https://www.mayoclinic.org/healthy-lifestyle/pregnancy-week-by-week/expert-answers/leg-cramps-during-pregnancy/faq-20057766 Accessed Date 9 December 2019

    How Can I Relieve My Pregnancy Leg Cramps? https://kidshealth.org/en/parents/leg-cramps.html Accessed Date 9 December 2019

    ယခုပုံစံ

    14/08/2023

    Aye Thi Mon မှ ရေးသားသည်။

    မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

    Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။

    avatar

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 14/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ad iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    ad iconadvertisement
    ad iconadvertisement