backup og meta

ကိုယ်ဝန်ဆောင်မေမေ ရင်ပူခဲ့ရင်

ကိုယ်ဝန်ဆောင်မေမေ ရင်ပူခဲ့ရင်

ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာ၊ ရင်ပူတာ၊ ပျို့အန်ချင်တာတွေကို ခံစားရသလို နာကျင်ကိုက်ခဲမှုတွေကိုလည်း ခံစားရကြပါတယ်။ ဒါကြောင့်လည်း မိခင်ဖြစ်ရတာ မလွယ်ဘူး။ မိခင်မေတ္တာက အတော်လေး ကြီးမားတယ်လို့ ဆိုကြတာပါ။ ဒီတစ်ခေါက်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေ တော်တော်များများ ခံစားရနိုင်တဲ့ ရင်ပူတာနဲ့ ပတ်သက်ပြီး နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ ကိုယ်ဝန်ဆောင်မေမေ ရင်ပူခဲ့ရင် သက်သာအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို အတူတူကြည့်လိုက်ရအောင်နော်။

ကိုယ်ဝန်ဆောင်ချိန်မှာ ရင်ပူရတဲ့ အကြောင်းအရင်း

ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းပြောင်းလဲမှု ဖြစ်တာကြောင့် ရင်ပူတာက အဖြစ်များပါ။ ရာသီသွေးပေါ်ချိန်မှာလည်း ဟော်မုန်း ပြောင်းလဲတာကြောင့် ဖြစ်တတ်ပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာတော့ ဟော်မုန်းပြောင်းလဲမှုအပြင် ဗိုက်ထဲက ဘေဘီလေး ကြီးထွားဖွံ့ဖြိုးလာတာကြောင့် အစာအိမ်ပေါ်မှာ ဖိအားဖြစ်စေပြီး အစာခြေအက်ဆစ်တွေက အစာရေမြိုကနေတစ်ဆင့် လည်ချောင်းဆီ ပြန်ဆန်တက်တာကြောင့် ရင်ပူတာကို ဖြစ်စေနိုင်ပါတယ်။

ဒီလို ရင်ပူတာကို အလွယ်ကူဆုံးနည်းလမ်းလေးတွေနဲ့ သက်သာအောင် လုပ်ဆောင်လို့ ရပါတယ်။ ဘယ်လိုနည်းလမ်းတွေလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

[embed-health-tool-due-date]

ကိုယ်ဝန်ဆောင်မေမေ ရင်ပူခဲ့ရင်

ကိုယ်ဝန်ဆောင်မေမေ ရင်ပူခဲ့ရင် ဒီနည်းလမ်းလေးတွေနဲ့ သက်သာအောင် လုပ်ဆောင်လို့ ရပါတယ်။

  • နို့သောက်ပါ

ရင်ပူတာကို သက်သာစေမယ့် နည်းလမ်းတစ်ခုက နွားနို့သောက်တာပါ။ နွားနို့ဆိုတဲ့နေရာမှာ အဆီထုတ်ထားတဲ့ နို့က အကောင်းဆုံး ဖြစ်မှာပါ။ နို့က အစာအိမ်နံရံတွေကို အလွှာပါးလေး တစ်ခုလို ကာကွယ်ပေးရင်း ရင်ပူတာကို သက်သာစေဖို့ လုပ်ဆောင်ပေးပါတယ်။

  • ပန်းသီးစားပါ

ပန်းသီးက အစာအိမ်ထဲက အက်ဆစ်တွေကို ထိန်းညှိပေးပြီး ရင်ပူတာကို သက်သာစေပါတယ်။ ရင်ပူတာ သက်သာစေဖို့ ပန်းသီးစားမယ်ဆိုရင်တော့ အခွံကို သေချာရေစင်အောင်ဆေးပြီး အခွံပါ စားပေးပါ။

  • အေးတာလေး တစ်ခုခု စားပေးပါ

ကိုယ်ဝန်ဆောင်ချိန်မှာ ရင်ပူလာပြီဆိုရင် နို့အေးတစ်ခွက်လောက် သောက်တာဖြစ်ဖြစ်၊ ရေခဲမုန့် နည်းနည်းလောက် စားပေးတာဖြစ်ဖြစ် လုပ်ပေးလို့ ရသလို ရေအေးအေးလေး သောက်ပေးတာကလည်း နည်းလမ်းကောင်း တစ်ရပ်ပါ။ ဒါကြောင့် ရင်ပူလာပြီဆိုရင် အေးတာလေးတစ်ခုခု စားလိုက်ပါ။

  • ခရက်ကာ စားပါ

ခရက်ကာကလည်း ကိုယ်ဝန်ဆောင်ချိန်မှာ ရင်ပူတာကို သက်သာစေနိုင်ပါတယ်။ ခရက်ကာက ရင်ပူစေနိုင်တဲ့ အစာအိမ်ထဲက ပိုနေတဲ့ အက်ဆစ်တွေကို စုပ်ယူပေးပြီး ရင်ပူသက်သာအောင် လုပ်ဆောင်ပေးပါတယ်။

  • ဒိန်ချဉ် သောက်ပါ

အကျိုးပြုဘက်တီးရီးယားလေးတွေ ပါတဲ့ ဒိန်ချဉ်က ရင်ပူတာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ရင်ပူနေတယ်ဆိုရင် ဒိန်ချဉ် ၁ ဇွန်း ၂ ဇွန်းလောက် သောက်ပေးပါ။

  • သင်္ဘောသီး စားပါ

သင်္ဘောသီး မှည့်က ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းမချုပ်အောင် ကူညီပေးသလို ရင်ပူတာကိုလည်း သက်သာစေပါတယ်။ ဒါကြောင့် ရင်ပူနေပြီဆိုရင် သေချာ မှည့်နေတဲ့ သင်္ဘောသီးလေးကို တစ်စိတ်လောက် စားပေးပါ။

  • ချင်း (ဂျင်း) နည်းနည်း စားပါ 

ချင်း (ဂျင်း) က အစာအိမ်ပြဿနာ တော်တော်များများကို သက်သာစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မေမေ ကျန်းမာစေဖို့လည်း ချင်း (ဂျင်း) က ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ရင်ပူလာပြီဆိုရင် ချင်း (ဂျင်း)လေး နည်းနည်းလောက် စားပေးလိုက်ပါ။ အစာခြေအက်ဆစ်တွေ အစာရေမျိုးထဲ မရောက်အောင် တားဆီးပေးရင်း ရင်မပူအောင် ကာကွယ်ပေးမှာပါ။

  • သကြားမပါတဲ့ ပီကေ ဝါးပါ

အစားစားပြီးချိန်မှာ အချိုမပါတဲ့ ပီကေကို နာရီဝက်လောက် ဝါးပေးတာက ရင်ပူတာကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် အစားတစ်ခုခု စားပြီးတိုင်း ရင်ပူတာကို မခံစားချင်ဘူးဆိုရင် ပီကေလေး ဝါးပေးပါ။

  • ဆေးသောက်ပါ

ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးတွေကို ထင်သလို သောက်လို့ မဖြစ်တာကြောင့် မသောက်ခင်မှာ အဆင်ပြေမလားဆိုတာကို ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ အသင့်တော်ဆုံး ဖြစ်မယ့် လေဆေး တစ်ခုခုကို သောက်ပေးတာမျိုး လုပ်ပေးပါ။

ဒီနည်းလမ်းလေးတွေက ဘေးကင်းလွယ်ကူစွာနဲ့ ကိုယ်ဝန်ဆောင်မေမေ ရင်ပူတာကို သက်သာစေဖို့ ထောက်ကူပေးနိုင်မှာပါ။

စကားလက်ဆောင်

ကိုယ်ဝန်ဆောင်ချိန်မှာ ရင်ပူတာက အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ဆိုပေမယ့် အစားစားပြီးချိန်မှာ ချက်ချင်း အိပ်တာမျိုး မလုပ်တာ ၊ အိပ်ရာမဝင်ခင် အစားအစားတာမျိုး မလုပ်တာ၊ အစပ်ကဲ၊ အငန်ကဲတာတွေကို ရှောင်တာ၊ အက်ဆစ်ကဲတာတွေကို ရှောင်တာ၊ နည်းနည်းနဲ့ အကြိမ်များများ စားတာ၊ အစာကို ဖြည်းဖြည်းမှန်မှန် စားတာ၊ အဝတ်အစားကို ပွပွချောင်ချောင် ဝတ်တာ၊ အစားတစ်ခုခုစားတိုင်း ရေသောက်ပေးတာမျိုး လုပ်ပေးတာက ရင်ပူတာကို ကာကွယ်ပေးနိုင်မှာပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Heartburn During Pregnancy: 21 Natural Remedies That Work https://www.mamanatural.com/heartburn-during-pregnancy/ Accessed Date 16 December 2022

Natural Remedies for Heartburn During Pregnancy https://www.premierintegrative.com/blog/natural-remedies-for-heartburn-during-pregnancy Accessed Date 16 December 2022

Pregnancy Heartburn? 7 Ways to Get Relief https://intermountainhealthcare.org/blogs/topics/intermountain-moms/2021/05/pregnancy-heartburn-7-ways-to-get-relief/ Accessed Date 16 December 2022

ယခုပုံစံ

20/12/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်ချိန်မှာ Probiotics နဲ့ prebiotics မှီဝဲခြင်း အကျိုးကျေးဇူး

ကိုယ်ဝန်ဆောင်ချိန်မှာ ပြုပြင်ထားတဲ့ အစားအစာတွေ မစားပါနဲ့


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 20/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement