backup og meta

ကိုယ်ဝန်ဆောင်စဉ် ရင်ပူခြင်းကို ဘယ်လိုသက်သာအောင် လုပ်မလဲ

ကိုယ်ဝန်ဆောင်စဉ် ရင်ပူခြင်းကို ဘယ်လိုသက်သာအောင် လုပ်မလဲ။

ရင်ပူခြင်းဟာ ကိုယ်ဝန်ဆောင်နေစဉ် မိခင်တွေ တစ်ချိန်ချိန်မှာ ကြုံတွေ့နိုင်တဲ့ အရာ ဖြစ်ပါတယ်။ ဒါဟာ ဟော်မုန်းပြောင်းလဲမှုကြောင့် ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အစာအိမ်ရဲ့ အပေါ်မှာ အဆို့ရှင်တစ်ခုရှိပြီး သူဟာ အစာခြေပြီးသားအစာတွေနဲ့ အက်ဆစ်တွေကို အစာအိမ်အတွင်းမှာ ထားဖို့ ကူညီပေးပါတယ်။

ကိုယ်ဝန်ရှိစဉ်မှာ ဖြစ်ပေါ်လာတဲ့ ဟော်မုန်း progesterone ဟာ ဒီအဆို့ရှင်အလုပ်လုပ်မှုကို အနားယူစေတာမို့ အစာခြေပြီးသား အစာတွေနဲ့ အက်ဆစ်တွေဟာ အပေါ်ကို ပြန်တက်သွားနိုင်ပါတယ်။

ဒီလိုဖြစ်တဲ့အခါ မိခင်ဟာ ရင်ပူခြင်းကို ခံစားရနိုင်ပါတယ်။ ကံကောင်းတာကတော့ ကိုယ်ဝန်ဆောင်မိခင်တွေ ရင်ပူခြင်းကို သက်သာစေမယ့် လုံခြုံစိတ်ချရပြီး ထိရောက်တဲ့ နည်းလမ်းတွေ ရှိပါတယ်။

၁။ နေ့စဉ် အစားအသောက်တွေကို ထိန်းချုပ်ပါ။

အစာစားစဉ်မှာ အနည်းငယ်သာစားသင့်ပါတယ်။ အစာတွေရဲ့ သိပ်သည်းဆကို တိုးမြှင့်ခြင်းဟာ ကိုယ်အလေးချိန်ကျဆင်းဖို့အတွက် သာမက ရင်ပူခြင်းကို ခံစားနေရသူတွေအတွက်လည်း အကျိုးရှိပါတယ်။ အစာကို လိုအပ်သည်ထက် ပိုစားခြင်းဟာ အစာအိမ်က များပြားတဲ့ အစာတွေကို တစ်ချိန်တည်းကိုင်တွယ်နိုင်ခြင်းမရှိတာကြောင့် ရင်ပူခြင်းကို ဖြစ်စေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင် အတော်များများက ကိုယ်အလေးချိန်များလာခြင်းဟာ ကလေးအတွက် ကောင်းတယ်လို့ ယူဆကြပါတယ်။ တကယ်တမ်းတော့ သူ့မှာ ဆိုးကျိုးတွေလည်း ရှိပါတယ်။ လိုအပ်သည်ထက် အစာပိုစားခြင်းဟာ ဝမ်းဗိုက်ပေါ်မှာ ဖိအားသက်ရောက်မှု များစေပြီး ရင်ပူခြင်းကို ဖြစ်စေနိုင်ပါတယ်။

ဒါ့ကြောင့် တစ်ကြိမ်တည်း အစာများစွာ စားမယ့်အစား အစာကို အနည်းငယ်စီ ခွဲစားသင့်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံကို ထိန်းသိမ်းခြင်းအားဖြင့် ရင်ပူခြင်းကို သက်သာစေပြီး ကိုယ်ဝန်ဆောင်နေစဉ်တစ်လျှောက်လည်း ကျန်းမာတဲ့ စားသောက်မှုပုံစံကို ဖန်တီးနိုင်ပါတယ်။

၂။ အစာများစွာ စားပြီးတိုင်းမှာ ပီကေ ဝါးပါ။

ပီကေတွေဟာ ပိုနေတဲ့ အစာအိမ် အက်ဆစ်တွေကို ကူညီပေးနိုင်ပါတယ်။ တကယ်လို့ သင်ဟာ ရင်ပူခြင်း ရှိမယ်ဆိုရင် ပီကေ ဝါးသင့်ပါတယ်။ တကယ်လို့ အချိုမစားချင်ရင် သကြားမပါတဲ့ ပီကေကို ဝါးနိုင်ပါတယ်။

၃။ နှိပ်နယ်တဲ့ ကုထုံးကို စမ်းကြည့်ပါ။

သံပုရာသီး၊ လိမ္မော်သီး၊ ဂျင်း အနံ့ ပါတဲ့ Essential oils သုံး၊ လေးစက်ကို base oil လက်ဖက်ရည်ဇွန်းတစ်ဇွန်းထဲကို ထည့်ပြီး ရင်ဘတ်နဲ့ နောက်ကျော်ကို နှိပ်နယ်နိုင်ပါတယ်။ သင့်ရင်ပူခြင်းဟာ အသက်ရှူထုတ်ခြင်းနဲ့အတူ သက်သာသွားနိုင်ပါတယ်။

၄။ သဘာဝကုထုံးတွေကို အသုံးပြုပါ။

ဆေးဆိုင်မှာ ဝယ်တဲ့ ဆေးတွေဟာ သင့်ကျန်းမာရေးအတွက် မကောင်းဘူးလို့ ယူဆရင် စမ်းကြည့်နိုင်တဲ့ သဘာဝ ကုထုံးတွေ ရှိပါတယ်။ သင့်ရဲ့ ရင်ပူခြင်းကို သက်သာစေဖို့အတွက် အောက်ဖေါ်ပြပါ နည်းလမ်း သုံးခုကို အသုံးပြုနိုင်ပါတယ်။

သင်္ဘောသီး – သင်္ဘောသီးမှည့်တွေဟာ အရသာရှိရုံသာမက ရင်ပူခြင်းကို သက်သာစေပါတယ်။

Almonds – အစာစားပြီးချိန်မှာ almonds စားခြင်းဟာ ရင်ပူခြင်းကို သက်သာစေပြီး ကိုယ်ခန္ဓါအတွက် ကယ်စီယမ်ဓါတ်ကို ဖြည့်တင်းပေးပါတယ်။

ပျားရည် – ပျားရည် စားပွဲတင်ဇွန်းတစ်ဇွန်းကို နို့နွေးနွေး တစ်ခွက်ထဲ လောင်းထည့်ပြီး အနည်းငယ် သောက်ပါ။ ဒါဟာ ရင်ပူခြင်းကို သက်သာစေရုံသာမက ကောင်းကောင်းအိပ်ပျော်စေပါတယ်။

၅။ ဆေးသောက်ပါ။

တကယ်လို့ အထက်ပါနည်းတွေက သင့်အတွက် အကျိုးမရှိဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ဆရာဝန်က သင့်ကလေးကို မထိခိုက်စေပဲ ရင်ပူသက်သာစေတဲ့ ဆေးတွေ ပေးနိုင်ပါတယ်။

Proton pump inhibitors သို့ H2 blockers တွေဟာ ဒီအခြေအနေမှာ ကူညီပေးနိုင်ပါတယ်။

[embed-health-tool-pregnancy-weight-gain]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Heartburn (natural remedies). http://www.babycentre.co.uk/a549306/heartburn-natural-remedies. Accessed January 21, 2017.
12 Ways to Soothe Heartburn in Pregnancy. http://www.health.com/health/gallery/0,,20527766,00.html. Accessed January 21, 2017.
5 Ways to Reduce Heartburn During Pregnancy. http://www.fitpregnancy.com/nutrition/prenatal-nutrition/5-ways-reduce-heartburn-during-pregnancy. Accessed January 21, 2017.

ယခုပုံစံ

20/09/2022

Dr . Phyu Mon Latt မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် ခေါင်းကိုက်ရောဂါအကြောင်း

ကိုယ်ဝန်ကြောင့် ပြင်းပြင်းထန်ထန် ပျို့အန်ခြင်း


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr . Phyu Mon Latt မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 20/09/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement