ဘယ်အချိန်မှာ စိတ်ပူရမှာလဲ။
ကိုယ်ဝန်ဆောင်နေစဉ် သွေးအနည်းငယ်ဆင်းခြင်းကတော့ ဖြစ်နေကျပြဿနာပါ။ ဒါပေမဲ့ သွေးအများကြီးဆင်းတာမျိုးတော့ ဖြစ်လေ့မရှိပါဘူး။ တကယ်လို့များ ဒီလိုလက္ခဏာတွေတွေ့ရလာပြီဆိုရင်တော့ ဂရုစိုက်သင့်ပါပြီ။
- သွေးက အနီရောင်တောက်တောက်ဖြစ်နေခဲ့ရင်
- သွေးဆင်းတဲ့အခါ နာရင်။ ဒါဟာ အချင်းကွာတာရဲ့ လက္ခဏာလည်းဖြစ်နိုင်ပါတယ်။
ဒါကိုဘယ်လိုရင်ဆိုင်ရမလဲ။
ကိုယ်ဝန်ဆောင်စဉ် သွေးဆင်းခြင်းဟာ ပြင်းထန်တဲ့ ပြဿနာတွေရဲ့ လက္ခဏာတွေလည်း ဖြစ်နိုင်တာကြောင့် သွေးဘယ်လောက်ဆင်းတယ်ဆိုတာနဲ့ သွေးဘာအရောင်ရှိတယ်ဆိုတာကို မှတ်ထားပြီး သင့်ရဲ့ ကျွမ်းကျင်ပညာရှင်ဆီကို အမြဲမပြတ်သတင်းပို့ပါ။
သွေးဆင်းရတဲ့အကြောင်းရင်းကို သိနိုင်ဖို့ Ultrasound ရိုက်ရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ တကယ်လို့များ ဒီလိုပြင်းထန်တဲ့ လက္ခဏာတွေပေါ်လာခဲ့ရင် အရေးပေါ်ကားကို ချက်ချင်းခေါ်သင့်ပါပြီ။ ဥပမာ
- ဝမ်းဗိုက်အောက်ပိုင်းမှာ ပြင်းပြင်းထန်ထန်နာတာ၊ အောင့်တာမျိုးဖြစ်ခဲ့ရင်။
- မူးဝေခြင်း ဒါမှမဟုတ် သတိလစ်ခြင်းတွေဖြစ်ခဲ့ရင်။
- မိန်းမကိုယ်က တစ်သျှူးတွေပါဝင်တဲ့ အကျိအချွဲတွေ ဆင်းလာခဲ့ရင်
- ချမ်းတုန်နေရင်။
သွေးဆင်းတာရပ်သွားရင်တောင်မှ သင့်ရဲ့ကျန်းမာရေးကျွမ်းကျင်ပညာရှင်နဲ့စစ်ဆေးတာကို မရပ်လိုက်ပါနဲ့။ ဒါဟာ သာမန်မပြင်းထန်တဲ့ ပြဿနာသေးသေးလေးလည်းဖြစ်နိုင်သလို ပြင်းထန်တဲ့ ရောဂါတစ်ခုခုရဲ့ လက္ခဏာတစ်ခုလည်းဖြစ်နိုင်ပါတယ်။ သင်နဲ့သင့်ကလေးရဲ့အခြေအနေဟာ စိုးရိမ်စရာမရှိဘဲ လုံလုံခြုံခြုံနဲ့ အန္တရာယ်ကင်းကင်းရှိနေတယ်ဆိုတာနဲ့ ဘယ်လို နောက်ဆက်တွဲပြဿနာမျိုးမှ မရှိဘူးဆိုတာ သေချာနေပါစေ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။