brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

ကိုယ်ဝန်ဆောင်စဉ် မျိုးရိုးဗီဇစစ်ဆေးခြင်း

ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်းမှာ အမျိုးသမီးများဟာ မျိုးရိုးဗီဇစစ်ဆေးမှုအပါအဝင် စစ်ဆေးမှုများပြုလုပ်ဖို့လိုအပ်ပါတယ်။ မျိုးရိုးဗီဇစစ်ဆေးမှုဟာ မျိုးရိုးပါလာတဲ့ရောဂါတွေကို ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ရှာဖွေဖော်ထုတ်နိုင်ဖို့ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ် မျိုးရိုးဗီဇစစ်ဆေးခြင်း

တစ်ကယ်လို့ လင်မယားနှစ်ယောက်လုံး မိသားစုမျိုးရိုးမှာ ရောဂါတစ်ခုခုရှိခဲ့ရင် စစ်ဆေးပေးဖို့ လိုပါတယ်

တိုးတက်လာတဲ့ဆေးပညာအကူအညီနဲ့ သိပ္ပံပညာရှင်တွေဟာ မျိုးရိုးလိုက်နိုင်တဲ့ ရောဂါတွေအကြောင်း ရှာတွေ့ခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ လူတစ်ယောက်မှာ မိဘနှစ်ပါးရဲ့ဗီဇပါလာမယ်ဆိုရင်သာ မျိုးရိုးလိုက်တဲ့ရောဂါဖြစ်တတ်ကြောင်းဆိုပါတယ်။

ဆရာဝန်တွေက မိဘနှစ်ပါးရဲ့ကျန်းမာရေးကို စစ်ဆေးပြီးနောက် ကိုယ်ဝန်ဆောင်စဉ်စစ်ဆေးသင့်ကြောင်းပြောပါတယ်။ ကိုယ်ဝန်ဆောင်စဉ်အတွင်း စစ်ဆေးသင့်တဲ့ testနှစ်မျိုးရှိပါတယ်။

၁။ Chorionic villus sampling (CVS)

ပထမသုံးလအတွင်းမှာ ကိုယ်ဝန်ဆောင်တွေဟာ ဆရာဝန်ဆီ CVSလာစစ်ကြပါတယ်။ ဒါက ကလေးခန္ဓါကိုယ်ထဲရှိ ခရိုမိုစုန်းတွေရဲ့ တိကျတဲ့အရေအတွက်ကို တိုင်းတာခြင်းပါ။ တကယ်လို့ ၄၆ရှိရင် ပုံမှန်လို့စဉ်းစားပါတယ်။

ဒီအရေအတွက်ပေါ်မူတည်ပြီး ရောဂါအခြေအနေကို တွက်ချက်ပါတယ်။ တစ်ကယ်လို့ မိသားစုထဲ မျိုးရိုးရှိမယ်ဆို CVSသုံးပြီး စစ်ရပါတယ်။ သူကနှစ်မျိုးရှိပါတယ်။

ပထမတစ်ခုက ဆရာဝန်တွေက မိခင်ဗိုက်ထဲ အပ်ထိုးထည့်ပြီး အရေအိတ်ထဲက အရည်ကြည်အနည်းငယ်ယူစစ်တာပါ။ ပြီးရင် ဓါတ်ခွဲခန်းပို့ပြီး စစ်ပါတယ်။ ဒါက နှစ်ပတ် သို့မဟုတ် သုံးပတ်လောက်ကြာလေ့ရှိပါတယ်။

၂။ Amniocentesis

ဒါကလည်း ၁၅ပတ်ကိုယ်ဝန်သက်တမ်းရရင် ဒါမှမဟုတ် ၁၈ပတ်လောက်ရရင် သုံးသင့်ပါတယ်။ CVSလိုမျိုးပဲ သူကကလေးငယ်မှာ ခရိုမိုစုန်း ၄၆ခုပါလား စစ်ပါတယ်။ မျိုးရိုးဗီဇတွေက ကလေးကိုထိခိုက်စေမှုရှိမရှိစစ်ပါတယ်။

သူကလည်း ဗိုက်ထဲ ဆေးထိုးအပ်ထိုးပြီး တစ်ရှုးနမူနာယူကာ စစ်ဆေးပါတယ်။ ဒီလိုသေချာစစ်ဆေးထားမှသာ ကလေးငယ်ဟာ ရောဂါတွေမျိုးရိုးလိုက်တာက ကာကွယ်နိုင်ပြီး ကျန်းကျန်းမာမာပျော်ပျော်ရွှင်ရွှင် မွေးဖွားလာနိုင်မှာပါ။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

fact-check
Hello Sayarwon Panel
မှ အချက်အလက် စစ်ဆေးထားပါသည်။
Wathun Myat Chal မှ ရေးသားသည်။ · 13/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။