ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ သွေးဆင်းတာ၊ ဗိုက်အောင့်ဗိုက်နာ တာတွေဖြစ်ရင် ကိုယ်ဝန်ပျက်ချင်တာမသိဘူးဆိုပြီး စိုးရိမ်တတ်ကြသူချည်းပါပဲ။ ကိုယ်ဝန်ဆောင်ချိန် ဗိုက်အောင့်ဗိုက်နာ ဖြစ်တယ်ဆိုတာနဲ့ ကိုယ်ဝန်ပျက်ကျတော့မှာလား။ ဒါမှမဟုတ် ဖြစ်နေကျပဲလားဆိုတဲ့ အကြောင်းလေးကို ဒီဆောင်ပါးလေးထဲမှာ ပြောပြပေးမှာပါ။ ဘယ်လို နာတာမျိုးက ပုံမှန်ဖြစ်နေကျဆိုတာရယ်၊ ဘယ်လို အချိန်ဆို စိုးရိမ်ရလဲဆိုတာတွေကို ပြောပြပေးမှာပါ။ ကိုယ်ဝန်ဆောင်နေတဲ့ မေမေတို့ သေချာ သိထားသင့်တယ်နော်။