ကိုယ်ငယ်ငယ်က အရိုက်ခံရတဲ့အခါမျိုးကို မှတ်မိလား။ ငါ့မိဘက ငါ့ကိုချစ်လွန်းလို့ရိုက်ခဲ့တာပဲလို့ တွေးခဲ့မိပါ့မလား။ မတွေးနိုင်လောက်ပါဘူး။ ကလေးအနေနဲ့ကတော့ ငါ့ကိုမချစ်တော့ဘူးလို့ တွေးမိမှာပါ။ ရိုက်ဆုံးမခြင်းက ကလေးနဲ့ သင့်ကြားက ရင်းနှီးမှု၊ ဆက်ဆံရေးကို ထိခိုက်စေနိုင်ပါတယ်။
- ကြောက်နေတဲ့အချိန်မှာ ဘယ်သူမှ မမှတ်သားနိုင်ပါဘူး
ကြောက်စိတ်ဝင်နေတဲ့အချိန်မှာ သင်ယူမှတ်သားနိုင်ဖို့က မဖြစ်နိုင်ပါဘူးလို့ သုတေသနတွေက ထောက်ပြပါတယ်။ ကလေးကို ဒါလုပ်ဦးမလား၊ နောက်တစ်ခါဆိုးဦးမလားဆိုပြီး ရိုက်ဆုံးမတာက မှတ်မသွားစေနိုင်ဘဲ အကျိုးမထူးနိုင်ဘူးဆိုတဲ့ အဓိပ္ပာယ်ပါ။ ကလေးကို မှတ်မှတ်သားသားဖြစ်စေချင်တယ်ဆိုရင် ကြောက်စိတ်တိုးလာဖို့ထက် ကြောက်စိတ်လျော့အောင်အရင်လုပ်ပါ။
- ရိုက်တတ်တဲ့ မိဘတွေကို ကလေးတွေက လိမ်ပြောတတ်၊ ရှောင်ပြေးတတ်လာတယ်
ရိုက်ဆုံးမခြင်းရဲ့ရလဒ်ကတော့ ရိုက်တတ်တဲ့အဖေ သို့မဟုတ် အမေ မရှိတဲ့အခါ ကလေးကို တားမရ၊ ပြောစကားနားမထောင်တာဖြစ်တတ်ပါတယ်။ ဒီလိုနေလို့ရတာ သိလာတဲ့ကလေးက ရိုက်တတ်တဲ့ အဖေ သို့မဟုတ် အမေရဲ့ မျက်စိရှေ့မှာနေဖို့ ရှောင်တတ်လာပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။