brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သားသားမီးမီးတွေရဲ့ ကိုယ်ခံအား ပြည့်ပြည့်ဝဝဖွံ့ဖြိုးစေဖို့ ဘယ်လို အာဟာရတွေ ဖြည့်ဆည်းပေးရမလဲ။

ရောဂါတစ်ခုခုဖြစ်ရင် ကလေးတွေက ပိုကူးစက်လွယ်တာကို သိကြတယ်ဟုတ်။ ဒါက ဘာကြောင့်လဲဆိုတော့ ကလေးတွေရဲ့ ကိုယ်ခံအား က ပြည့်ပြည့်ဝဝ မဖွံ့ဖြိုးသေးတာကြောင့်ပါ။ ဒါပေမယ့် ကလေးရဲ့ ကိုယ်ခံအားတွေ ဒီထက်ပို ဖွံ့ဖြိုးလာဖို့ မိဘတွေက ဘေးကနေ ကူညီပေးလို့ ရပါတယ်။ ကလေးတွေကို အသက်အလိုက် ကာကွယ်ဆေးတွေ ထိုးနှံတာ၊ လိုအပ်တဲ့ အာဟာရတွေ ဖြည့်ပေးတာက ကိုယ်ခံအားပြည့်ပြည့်ဝဝဖွံ့ဖြိုးစေဖို့ နည်းလမ်းကောင်းတွေပါပဲ။

သားသားမီးမီးတွေရဲ့ ကိုယ်ခံအား ပြည့်ပြည့်ဝဝဖွံ့ဖြိုးစေဖို့ ဘယ်လို အာဟာရတွေ ဖြည့်ဆည်းပေးရမလဲ။

ကိုယ်ခံအားစနစ် ဘာလုပ်ပေးသလဲ

ကိုယ်ခံအားစနစ်က ကလေးတွေကို ရောဂါပိုးတွေနဲ့ ဖျားနာမှုတွေကနေ ကာကွယ်ပေးပါတယ်။ ကိုယ်ခံအားစနစ်ထဲမှာ ဆဲလ်တွေ၊ ပရိုတင်းတွေ၊ တစ်ရှူးတွေနဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းအားလုံးက လက်တွဲညီညီနဲ့ ပြင်ပကနေ ကျူးကျော်ဝင်ရောက်လာတဲ့ ရောဂါပိုးတွေကို တိုက်ထုတ်ပါတယ်။ ကိုယ်ခံအားက အရွယ်ရောက်လာလေလေ သန်မာလာလေလေပါ။

ကိုယ်ခံအား တစ်ရပ်ကို ဘယ်လို တည်ဆောက်ယူရသလဲ

မေမေဆီကနေ မွေးဖွားလာချိန်မှာ ကိုယ်ခံအားက ကလေးတွေဆီကို သဘာဝလက်ဆောင်အနေနဲ့ ပါလာတာဖြစ်ပါတယ်။ နောက်ပိုင်းကာလတွေမှာတော့ ဖေဖေမေမေတွေက ကလေးရဲ့ ကိုယ်ခံအား တည်ဆောက်မှုကို စတင် အားဖြည့်ပေးဖို့လိုပါမယ်။ အာဟာရပြည့်ဝအောင် ကျွေးမွေးပေးရင်း၊ ကောင်းမွန်တဲ့ အလေ့အထလေးတွေကို သင်ကြားပေးရင်းပေါ့။

အာဟာရတွေ ပြင်ဆင်ကျွေးမွေးမှုနဲ့အတူ တစ်ဖက်ကလည်း အသက်အရွယ်အလိုက် ထိုးနှံရမယ့် ကာကွယ်ဆေးတွေကို ထိုးနှံပေးရပါတယ်။ အာဟာရပြည့်မီအောင် ဂရုစိုက်တာ ကာကွယ်ဆေး ထိုးနှံတာအပြင် ကလေးကို ပြည့်ဝတဲ့ အိပ်စက်ချိန်ရှိအောင်လည်း ဂရုစိုက်ပေးရပါတယ်။ အကြောင်းကတော့ ပြည့်ဝတဲ့ အိပ်စက်ချိန် ရှိမှလည်း ကလေးက ကိုယ်ခံအားကောင်းကောင်း နဲ့ အကောင်းဆုံး ဖွံ့ဖြိုးနိုင်မှာကိုး။

သားသားမီးမီးတွေရဲ့ ကိုယ်ခံအား ဘယ်အရွယ်မှာ ပြည့်ပြည့်ဝဝဖွံ့ဖြိုးသလဲ

သားသားမီးမီးတွေရဲ့ ကိုယ်ခံအား ဘယ်အရွယ်မှာ ပြည့်ပြည့်ဝဝဖွံ့ဖြိုးသလဲ။ ဘယ်လို အာဟာရတွေ ဖြည့်ဆည်းပေးရမလဲ။

သားသားမီးမီးတွေရဲ့ ကိုယ်ခံအားက ဗိုင်းရပ်စ်တွေ ဘက်တီးရီးယားကူးစက်မှုတွေကို ခံရရင်း တိုက်ထုတ်ရင်းနဲ့ အသက်ကြီးလာလေလေ ပိုသန်မာလာလေလေ ဖြစ်ပါတယ်။

ဒီလိုနဲ့ သားသားမီးမီးတို့ အသက် ၇ နှစ် ၈ နှစ် ကျောင်းနေအရွယ်ရောက်လာချိန်မှာတော့ ကာကွယ်ဆေးတော်တော်များများလည်း စုံသွားပြီ ဖြစ်သလို ကိုယ်ခံအားက ပြည့်ပြည့်ဝဝ ဖွံ့ဖြိုးလာပါပြီ။ ကိုယ်ခံအား ပြည့်ပြည့်ဝဝ ဖွံ့ဖြိုးသွားပြီဆိုတော့ ရောဂါတွေ အားလုံးကို ကာကွယ်နိုင်ပြီလား။ ဂရုစိုက်စရာ မလိုတော့ဘူးလားဆိုတော့ မဟုတ်ပါဘူး။

ကိုယ်ခံအား ကောင်းပြီး ကျန်းမာနေစေဖို့နဲ့ ဖျားနာမှုကင်းပြီး အကောင်းဆုံး ကြီးပြင်းအရွယ်ရောက်လာစေဖို့ ဖေဖေမေမေတို့က အာဟာရ ပြည့်ဝအောင် ဖြည့်ဆည်းပေးဖို့ လိုပါမယ်။ ဒီတော့ ကျန်းမာပြီး ကောင်းစွာ ကြီးပြင်းလာစေဖို့ ဘယ်လို အာဟာရတွေ ဖြည့်ဆည်းပေးရမလဲ ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

ဖေဖေမေမေတို့က ဘယ်လို အာဟာရတွေ ဖြည့်ဆည်းပေးရမလဲ။

ကလေးကို ကိုယ်ခံအား ကောင်းစေဖို့ လက်ဆေးတာ၊ ပြည့်ဝတဲ့ အိပ်စက်ချိန် ထားရှိတာ၊ ကာကွယ်ဆေးတွေ ထိုးပေးတာအပြင် ကိုယ်ခံအားကောင်းစေဖို့ဆိုရင် အာဟာရပြည့်ဝလုံလောက်အောင် ဖြည့်ဆည်းပေးဖို့လည်း လိုပါမယ်။ ဒီတော့ သားသားမီးမီးတို့ကို ကိုယ်ခံအား ပြည့်ဝစေဖို့အတွက် ဒါတွေကို နေ့စဉ်ပါအောင် ကျွေးပေးပါ။

အာဟာရကောင်းကျိုးရနိုင်တဲ့ အစားအစာ
ဗီတာမင် C ကိုယ်ခံအား
ကောင်းစေပါတယ်။
လိမ္မော်သီး
ဂရိတ်ဖရုစ်
စတော်ဘယ်ရီ
ဟင်းနုနွယ်
ကိုက်လန်
ပန်းဂေါ်ဖီစိမ်း
 ငရုတ်ပွ
ဗီတာမင် B6ကိုယ်ခံအားစနစ်ထဲက

ဇီဝဓာတုဓာတ်ပြုမှုတွေကို

ထောက်ကူပေးပါတယ်။

အစိမ်းရောင်
ဟင်းသီးဟင်းရွက်တွေ
ကုလားပဲ
ဆယ်လ်မွန်ငါး
တူနာငါး
ဗီတာမင် Eဓာတ်တိုးဆန့်ကျင်ပစ္စည်း
တစ်မျိုးဖြစ်ပါတယ်။
အခွံမာသီးတွေ
ခန္ဓာကိုယ်ထဲကို ကူးစက်ရောဂါပိုးတွေ

ဝင်ရောက်မလာအောင်

တိုက်ထုတ်ပေးပါတယ်။

အစေ့အဆန်တွေ
ဟင်းနုနွယ်
သစ်ကြားသီး
ဗီတာမင် Aအမြင်အာရုံ
ကျန်းမာစေပါတယ်။
မုန်လာဥနီ
ကိုယ်ခံအား ကောင်းစေဖို့လည်း
ထောက်ကူပေးပါတယ်။
ကန်စွန်းဥ
ဥအမျိုးမျိုး
နို့
ဆယ်လ်မွန်ငါး
ဟင်းနုနွယ်
ပရိုတင်းအရိုးနဲ့ ကြွက်သားတွေ
ဖွံ့ဖြိုးစေပါတယ်။
အဆီမပါတဲ့
အနီရောင် အသား
ကိုယ်ခံအား ကောင်းစေဖို့လည်း
ထောက်ကူပေးပါတယ်။
အရေခွံ
မပါတဲ့ ကြက်သား
ငါး
ဥအမျိုးမျိုး
အခွံမာသီးတွေ
ပဲအမျိုးမျိုး
နို့ထွက်ပစ္စည်း
သံဓာတ်သွေးအားနည်းရောဂါ

မဖြစ်အောင်

ကာကွယ်ပေးပါတယ်။

အရေခွံ

မပါတဲ့

ကြက်သား

ကိုယ်ခံအား
ကောင်းစေပါတယ်။
အခွံမာ
ပင်လယ်စာ
အာရုံစူးစိုက်မှု ကောင်းစေပြီး
ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေပါတယ်။
နှံစားသီးနှံတွေ
ပဲအမျိုးမျိုး
အခွံမာသီးတွေ
ဖော်မြူလာနို့

ကလေးကို အခုပြောပြခဲ့တဲ့ အာဟာရတွေ ပြည့်မီအောင်လည်း ပြင်ဆင်ပေးမယ်။ တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထတွေကိုလည်း သေချာ ဂရုစိုက်ပေးမယ်ဆိုရင် ကိုယ်ခံအားလည်း အကောင်းဆုံးဖွံ့ဖြိုးပြီး ကျန်းမာထက်မြက်စွာနဲ့ အရွယ်ရောက်လာမှာပါ။

သတင်းစကား

သားသားမီးမီးတွေကို အာဟာရပြည့်ဝတဲ့ ဖော်မြူလာနို့တွေ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အိမ်ချက် အစားအစာတွေ ပြင်ဆင်ပေးတာ၊ ကာကွယ်ဆေးတွေ ပြည့်မီအောင် ထိုးနှံပေးတာ၊ သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုလေးတွေ လုပ်ဆောင်ပေးတာက ကိုယ်ခံအား ပြည့်ပြည့်ဝဝ ဖွံ့ဖြိုးစေဖို့ နည်းလမ်းကောင်းတွေပါ။
Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 31/08/2023 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။