backup og meta

ကလေးကြီးတဲ့အထိ နို့မှုန့်ဆက်တိုက်သင့်တဲ့ အကြောင်းအရင်း

ကလေးကြီးတဲ့အထိ နို့မှုန့်ဆက်တိုက်သင့်တဲ့ အကြောင်းအရင်း

မိဘတွေအတွက်တော့ ကလေးမွေးတဲ့အချိန်က စပြီး ကြီးပြင်းလာတဲ့အထိ အစာအာဟာရ စုံလင်အောင် ကျွေးနိုင်ဖို့ဆိုတာ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ်ပါပဲ။ ကလေးအရွယ်ဆိုတာလည်း ကြီးထွားဖွံ့ဖြိုးမှု အကောင်းဆုံးအရွယ် ဖြစ်နေတာဆိုတော့ အစာအာဟာရနဲ့ ပတ်သက်ပြီး လုံးဝပေါ့ဆလို့ မဖြစ်ပါဘူး။

ကလေး မွေးကင်းစအရွယ်မှ အသက် ၆ လထိတော့ မိခင်နို့တစ်မျိုးတည်း တိုက်သင့်တယ်ဆိုတာတော့ မေမေတိုင်း သိထားပြီး ဖြစ်မှာပါ။ မိခင်နို့မှာ ကိုယ့် ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ဦးနှောက်ဉာဏ်ရည်အတွက် အကျိုးဖြစ်စေမယ့် ဗီတာမင်နဲ့ အာဟာရဓာတ်တွေ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ၊ ဝမ်းချုပ်တာ၊ ဖျားနာတာတွေ မဖြစ်စေဖို့ ကာကွယ်ပေးမယ့် anti-bodies တွေ အများအပြား ပါဝင်ပါတယ်။ ဒါကြောင့် ကိုယ့်ကလေး အသက် ၆ လ ပြည့်တဲ့အထိ မိခင်နို့ကိုသာ မဖြစ်မနေ တိုက်သင့်တယ်နော်။

အသက် ၆လ နောက်ပိုင်းမှာ ကလေးတွေကို ဘာတွေတိုက်လို့ ရလဲ။

အသက် ၆လ နောက်ပိုင်းကနေ ၂နှစ် အထိ မိခင်နို့ကို ဆက်ပြီးတိုက်လို့ ရပါသေးတယ်။ အသက် ၂နှစ်ကျော်တဲ့အခါမှာတော့ ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် အာဟာရဓာတ်တွေ ပိုပြီး လိုအပ်လာပြီဖြစ်လို့ ကလေးအာဟာရဓာတ်ပြည့်စုံဖို့အတွက် တခြားဖြည့်စွက်အာဟာရ အနေနဲ့ နို့မှုန့်တိုက်တာ၊ အမာစာတွေ စတင်ကျွေးတာမျိုး လုပ်ပေးလို့ ရပါတယ်။ တခြားအချိုရည်တွေ အအေးတွေတိုက်ကျွေးမယ့်အစား နို့မှုန့်ကို ဖြည့်စွက်အာဟာရအဖြစ် တိုက်ပေးတာကတော့ အကောင်းဆုံးပါပဲ။

ဘယ်အချိန်ထိ ကလေးကို အာဟာရဖြည့် နို့မှုန့်တိုက်လို့ ရလဲ။

ပုံမှန်အားဖြင့်တော့ ကလေးရဲ့ အသက် ၄နှစ် ဝန်းကျင်လောက်ထိ နို့မှုန့်ဖျော်တိုက်ကြပေမယ့် တကယ်တော့ ကလေး အသက် ၉နှစ်အထိ နို့မှုန့်ဖျော်တိုက်လို့ ရပါတယ်။ ကလေးဟာ အသက်ကြီးလာလေ အာဟာရဓာတ်တွေ ပိုမိုလိုအပ်လာလေ ဖြစ်တာကြောင့် နေ့စဉ် စားသုံးနေတဲ့ အစာအာဟာရတင် မကဘဲ ဖြည့်စွက်အာဟာရအနေနဲ့ ကလေးကိုကျွေးတာ အကောင်းဆုံးပါပဲ။ လိုအပ်တဲ့ အာဟာရဓာတ်တွေကို စုံလင်စွာ ကျွေးနိုင်ပါမှ ကိုယ့်ကလေးက သူများကလေးတွေနဲ့ ယှဉ်လိုက်ရင် ကိုယ်ခန္ဓာအချိုးအစား၊ ဦးနှောက်ဉာဏ်ရည်၊ ကြီးထွားမှု အပိုင်းမှာ အပြတ်အသတ် သာနေမှာပါ။

နို့မှုန့် အမျိုးအစား ဘယ်နှစ်မျိုး ရှိလဲ။

ပုံမှန်အားဖြင့် အတွေ့များတဲ့ နို့မှုန့် အမျိုးအစားတွေက

• နွားနို့ကနေ အခြေခံပြီး ထုတ်ထားတဲ့ နို့မှုန့်

• ဆိတ်နို့ကနေ အခြေခံပြီး ထုတ်ထားတဲ့ နို့မှုန့်

• ပဲနို့ကနေ အခြေခံပြီး ထုတ်ထားတဲ့ နို့မှုန့်

• Hydrolysed Protein ဓာတ်ကို အခြေခံပြီး ထုတ်ထားတဲ့ နို့မှုန့် ဆိုပြီး (၄) မျိုး ရှိပါတယ်။

နွားနို့ အခြေခံ ထုတ်ထားတဲ့ နို့မှုန့် အမျိုးအစားတွေကို အများဆုံး ရွေးချယ်တတ်ကြပါတယ်။ နွားနို့နဲ့ ဓာတ်မတည့်တဲ့ ကလေးတွေအတွက် ဆိတ်နို့ သို့မဟုတ် ပဲနို့ကနေ အခြေခံ ထုတ်ထားတဲ့နို့မှုန့်တွေကို ရွေးချယ်လို့ ရပါတယ်။ တော်ရုံနဲ့ အစာမကြေတတ်တဲ့ ကလေးတွေအတွက် Hydrolysed Protein နို့မှုန့်တွေကို ရွေးချယ်သင့်ပါတယ်။

အသက် ၂နှစ်ကျော်ကလေးတွေမှာ အာဟာရဖြည့် နို့မှုန့်တိုက်လို့ ကလေးအတွက် ဘာကောင်းကျိုး ရနိုင်လဲ။

၁။ နို့မှုန့်မှာ ကလေးတွေအတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အပြည့်အဝ ပါဝင်ပါတယ်။ တစ်ခါတလေ အစားအစာကနေ ရတဲ့ အာဟာရက မလုံလောက်ခဲ့ရင် ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုဟာ နှောင့်နှေးသွားနိုင်တဲ့အတွက် နို့မှုန့်ကို ဖြည့်စွက်ကျွေးသင့်ပါတယ်။

၂။ နို့မှုန့်မှာ ကလေးရဲ့ ဦးနှောက်ဉာဏ်ရည်ကို မြှင့်တင်ပေးမယ့် DHA၊ Omega-3 နဲ့ Omega-6 ဓာတ်တွေ ပါဝင်တာကြောင့် ကလေးငယ်စဉ်မှာ ပုံမှန်နို့မှုန့်တိုက်ကျွေးခြင်းဖြင့် ကျောင်းနေတဲ့အတွက် ကလေးရဲ့ ပညာရေးပိုင်းမှာလည်း အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

၃။ နို့မှုန့်မှာ ပရိုတင်းဓာတ် ပါဝင်လို့ ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေပြီး ပိန်လွန်းတာ၊ ဝလွန်းတာမျိုး မဖြစ်စေဘဲ အသက်အရွယ်အလိုက် ရှိသင့်ရှိထိုက်တဲ့ ကိုယ်အလေးချိန်မျိုး ဖြစ်အောင် ထိန်းညှိပေးနိုင်မှာပါ။102

၄။ ကိုယ်ခံအားစနစ်ကိုလည်း မြှင့်တင်ပေးနိုင်တဲ့အတွက် ကလေး အလွယ်တကူ ဖျားနာခြင်း မရှိအောင် ကာကွယ်ပေးသလို ပြင်ပက ဝင်လာနိုင်တဲ့ ရောဂါပိုးတွေကိုလည်း တိုက်ထုတ်ပေးနိုင်ပါတယ်။

၅။ ကယ်လ်စီယမ်ဓာတ် ပြည့်ဝစွာ ပါဝင်လို့ ကလေးရဲ့ အရိုးအဆစ်နဲ့ သွားတွေကို ကြံ့ခိုင်စေတယ်။ အရပ်မြန်မြန် ရှည်ထွက်လာစေဖို့လည်း ကူညီပေးနိုင်ပါတယ်။

ဒါကြောင့် ကိုယ့်ရဲ့ ကလေးကို ဘာစားစား ပြီးရော ကျွေးတာမျိုးထက် ကလေးအတွက် အကျိုးလည်းရှိ၊ အာဟာရဓာတ်တွေလည်း များများ ပေးစွမ်းနိုင်မယ့် အရာတွေကိုပဲ သေချာကျွေးမွေးတာက ပိုအကျိုးရှိသလို မိဘတွေအတွက်လည်း ငွေကုန်ကြေးကျ ပိုပြီးသက်သာစေနိုင်ပါတယ်နော်။

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://parenting.firstcry.com/articles/dha-for-babies-and-kids-importancerecommended-dose-and-dha-food-sources/ (June 11, 2020)

https://www.webmd.com/parenting/baby/choosing-a-formula#2 (June 11, 2020)

 

ယခုပုံစံ

08/09/2022

Ye Myo Myat မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မိခင်နို့နဲ့နို့မှုန့်က ဒီလိုကွာခြားပါတယ်

မိခင်နို့နဲ့ နို့မှုန့် အတူတူ တွဲတိုက်လို့ရလား ။ ။



Ye Myo Myat မှ ရေးသားသည်။ · 08/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement