backup og meta

မတော်တဆ ဆေးမျိုချ မိတဲ့ ကလေးတွေအတွက် အရေးပေါ် ပြုစုနည်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 20/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မတော်တဆ ဆေးမျိုချ မိတဲ့ ကလေးတွေအတွက် အရေးပေါ် ပြုစုနည်း

    ကလေးတွေက ပုခက်ထဲမှာ နေတုန်းကတော့ အမေထားရင် ထားသလို နေပေမယ့် နည်းနည်းလေး တောက်တဲ့တောက်တဲ့ သွားတတ်ပြီဆိုရင် ဟိုဆွဲ ဒီဆွဲ လျှောက်ဆွဲပါတော့တယ်။ ဒါ့ပြင် ပါးစပ်ထဲလည်း လျှောက်ထည့်ပါတယ်။ ဒီတော့ ကလေးကို သေသေချာချာ မကြည့်နိုင်ရင် အန္တရာယ်များပါတယ်။ အိမ်ထဲမှာထားပေးမယ့် အလုံးစုံအန္တရာယ်ကင်းတာတော့ မဟုတ်ပါဘူး။ အိမ်က ကလေးလေးက မတော်တဆ ဆေးမျိုချ မိရင် အရေးပေါ်ဘာတွေလုပ်ရမလဲဆိုတာ ပြောပြပေးပါ့မယ်။

    ဘာတွေ မျိုချတာ များသလဲ။

    ကလေးတွေ သူတို့ မျက်လုံးထဲမှာ အရောင်ဆန်းဆန်းလေးတွေ၊ အရသာကောင်းတာလေးတွေ၊ အနံ့မွှေးမွှေးလေးတွေ ရှိတဲ့ဟာဆို စိတ်ဝင်စားကြပါတယ်။ ကြည့်ရင်းနဲ့ ပါးစပ်ထဲကို ဆတ်ခနဲ ကောက်ထည့်တာ၊ မျိုချတာ လုပ်တတ်ကြပါတယ်။ အတွေ့ရများတာတွေကတော့

    • သောက်ဆေးတွေ (ဗီတာမင်ဆေးတွေ၊ အားဆေးတွေ၊ လူကြီးသောက်တဲ့ဆေးတွေ)။ ပုံစံဆန်းလေးတွေ၊ အရောင်လှလှလေးတွေဆို သဘောကျကျပါတယ်။ ဥပမာ ငါးကြီးဆီဆိုရင်လည်း အဝါရောင် ဂျယ်လီတုံးလေးတွေနဲ့ တူလို့ သဘောကျတတ်ပါတယ်။
    • ဆေးရည်တွေ (ပါရာစီတမောအရည်တွေ၊ အားဆေးအရည်တွေ၊ ချောင်းဆိုးပျောက်ဆေးတွေ)။ သောက်ကြည့်လိုက်လို့ အရသာ ချိုတိုတိုလေးတွေဆို သဘောကျကြပါတယ်။ ဆေးတွေက ကလေးတွေ ကြိုက်အောင် သစ်သီးနံ့လေးတွေ ထည့်ထားတာဖြစ်လို့ သူတို့ကို ဆွဲဆောင်နိုင်ပါတယ်။
    • အိမ်သုံးပစ္စည်းတွေ (ဥပမာ အနံ့သင်းတဲ့ ဆပ်ပြာရည်တွေ၊ လက်သည်းဖျက်ဆေးတွေ)။ ဒါတွေကလည်း ကလေး ကောက်ပြီး မျိုတတ်တဲ့အထဲမှာ ပါပါတယ်။

    ကလေးက တစ်ခုခု မျိုချထားမှန်း ဘယ်လိုသိမလဲ။

    ကလေးမျိုချတာကို ကိုယ်တိုင် မျက်မြင်မိတာ ဖြစ်နိုင်ပါတယ်။ ဘေးနားမှာ သူမျိုချထားတဲ့ ပစ္စည်းနဲ့အတူပေါ့။ ဒါမှမဟုတ် ကလေး မျက်နှာပျက်နေတာ၊ ဗိုက်အောင့်တာ၊ အန်တာ စတာတွေကြောင့် သတိထားမိနိုင်ပါတယ်။

    သူတို့ပါးစပ်မှာ ပေကျံနေတာတွေ၊ အနံ့တွေထွက်နေတာကြောင့်လည်း သတိထားမိနိုင်ပါတယ်။ တစ်ခါတစ်လေ ဘာလက္ခဏာမှ မပြဘဲ ရက်ပိုင်းလောက်နေမှ ပြတာလည်း ရှိပါတယ်။

    မတော်တဆ ဆေးမျိုချ မိတဲ့ ကလေးတွေအတွက် အရေးပေါ် ပြုစုနည်း

    အကောင်းဆုံးကတော့ ဆေးရုံပြဖို့ စီစဉ်ပါ။ ဒါမှမဟုတ် အရေးပေါ်ကားခေါ်ပါ။ မျိုချထားတာ ဘယ်နှရက်ကြာကြာ၊ ကလေးက ဘယ်လောက်ကောင်းကောင်းပါ။ ကလေးက လောလောဆယ်မျိုချထားတယ်ဆိုရင် အရင်ဆုံး လုပ်ရမှာက

    • လူကြီးက စိတ်အေးအေးထားပါ။ လူကြီးက ပြာနေရင် ကလေးက ကြောက်နေပါလိမ့်မယ်။ တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ဖို့ ပြင်ဆင်ပါ။
    • ကလေးကို ဘာမျိုလိုက်တာလဲဆိုတာ မေးပါ။ ပါးစပ်ထဲမှာ ရှိရင် ထွေးထုတ်ခိုင်းပါ။ ဒါမှမဟုတ် ဖြည်းဖြည်းထုတ်ပေးပါ။ ကလေးကို မလန့်ပါစေနဲ့။
    • ပြီးတော့ ကလေးမျိုချလိုက်တာ ဘာလဲ၊ ဘယ်လောက်များများမျိုချလိုက်တာလဲ။ ဘယ်တုန်းက မျိုချလိုက်တာလဲဆိုတာ သိအောင်လုပ်ပါ။
    • ပြီးရင် ကလေးကို ပွေ့ပိုက်ထားပြီး ချော့မြူပေးပါ။
    • ဆေးရုံသွားဖို့ ပြင်တာ၊ ဆေးရုံကားခေါ်တာ လုပ်ပါ။ မျိုချတဲ့ ပစ္စည်းကိုပါ တစ်ပါတည်း ယူသွားပါ။

    မလုပ်သင့်တာက

    • ကလေးကိုလည်း မဆူပါနဲ့။
    • လက်ထိုးပြီး အန်ခိုင်းတာမျိုး မလုပ်ပါနဲ့။ တချို့ အရည်တွေက လောင်စားတတ်လို့ အစာရေမျိုပြွန် ပျက်စီးသွားပါလိမ့်မယ်။
    • သောက်စရာ မတိုက်ပါနဲ့။ ရေအပါအဝင်ပါ။ သောက်လိုက်ရင် အစာအိမ်ထဲကို မြန်မြန်ရောက်ပြီး မြန်မြန်စုပ်ယူသွားပါလိမ့်မယ်။

    နောက်တစ်ခါ မတော်တဆ ဆေးမျိုချ တာမျိုး မဖြစ်အောင် ဘယ်လို ကာကွယ်မလဲ။

  • ကလေးကို မျက်ခြေမပြတ်ပါစေနဲ့။ ကလေးငြိမ်နေရင် သွားသွားကြည့်ပါ။ ဒီအရွယ်လေးတွေ ငြိမ်နေရင်  အိပ်နေတာနဲ့ တစ်ခုခု မဟုတ်တာ လုပ်နေတာ နှစ်ခုထဲက တစ်ခုပါပဲ။
  • အိမ်မှာ ကလေး မျိုချနိုင်တဲ့ ပစ္စည်းတွေကို ကလေးမမီနိုင်တဲ့ နေရာမှာ ထားပါ။
  • ဆေးပုလင်းတွေကို အသုံးပြုပြီးရင် အဖုံးသေချာ ဖုံးပါ။ Child resistant containerနဲ့ ထည့်ထားလို့လည်း ရပါတယ်။
  • ဆေးမှာ မသောက်တော့တဲ့ ဆေးတွေ ရှိရင် လွှင့်ပစ်လိုက်ပါ။
  • အန္တရာယ်ရှိတဲ့ အရည်တွေ ကလေးမမြင်အောင် ထားထားပါ။
  • ကလေးရှိတဲ့ မိခင်တွေ အနေနဲ့ တတ်နိုင်ရင် ကိုယ့်ကလေးကို မျက်စိဒေါက်ထောက်ကြည့်နေပါ။ ကလေးကို အန္တရာယ်မရှိတဲ့ နေရာမျိုးမှာ ပေးဆော့ပါ။ မတော်တဆ တစ်ခုခုဖြစ်လာခဲ့ရင်လည်း မကြောက်ပါနဲ့။ တည်တည်ငြိမ်ငြိမ်နဲ့ ဆေးရုံသွားဖို့ ပြင်ဆင်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 20/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement