backup og meta

ကလေးက သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ များ ဖြစ်နေသလား

ကလေးက သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ များ ဖြစ်နေသလား

မေမေတို့ ချစ်ရတဲ့ ကလေးတွေကို အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်ရင်း ဒီလိုမေးခွန်းတွေ အများကြီး ခေါင်းထဲ ရောက်ဖူးကြမှာပါ။ ကလေးကြည့်ရတာ အားမရှိသလိုပဲ၊ အာဟာရနည်းနေလို့လား၊ အတွင်း ကလီစာ တစ်ခုခုများ အားနည်းနေလား၊ ဗီတာမင်တွေ ချို့တဲ့နေလား၊ သိပ်မထွားသလိုပဲ ဘာများချို့တဲ့နေလဲ‌ စသည်ဖြင့် တွေးပူကြရတယ်ဟုတ်။ ကလေးက နည်းနည်းကစားတာနဲ့ မောပန်းလွယ်နေတယ်၊ အားမရှိသလိုလေး ဖြစ်နေတယ်၊ ဖြူဖတ်ဖြူရော်လေး ဆိုရင် အကြောင်းရင်းတစ်ခုခု ရှိနေတာတော့ အမှန်ပါပဲ။ ဒီနေရာမှာ မေမေတို့ ထည့်စဉ်းစားသင့်တဲ့အချက်က သံဓာတ် ချို့တဲ့ခြင်းကြောင့်ဖြစ်တဲ့ သွေးအားနည်းရောဂါ ပါပဲ။

သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ

ကလေးမှာ တခြားဓာတ်တွေပြည့်ဝနေလည်း မရှိမဖြစ် အာဟာရဓာတ် တစ်မျိုးဖြစ်တဲ့ သံဓာတ်ချို့တဲ့နေတဲ့အခါ သွေးအားနည်းရောဂါ ဖြစ်လာနိုင်ပါတယ်။ သံဓာတ် ချို့တဲ့တာက စစချင်းမှာ မသိသာပေမယ့် သွေးအားနည်းရောဂါဖြစ်လာတဲ့အခါမှ လက္ခဏာတွေ ထင်ရှားလာတတ်ပါတယ်။ မေမေတို့ ကလေးကို သတိထားကြည့်ရမှာက ကလေးမှာ –

  • ဖြူဖျော့နေသလား၊
  • အရမ်းပင်ပန်းလွယ်နေသလား၊
  • စိတ်အပြောင်းအလဲမြန်နေသလား၊
  • လှုပ်ရှားလိုက်တာနဲ့ မောပန်းနေသလား၊
  • ခေါင်းမူးတတ်သလား၊
  • အစာစားချင်စိတ်မရှိဖြစ်နေလား၊
  • နှလုံးခုန်မြန်နေလား၊
  • ဖျားနာလွယ်လား၊
  • ဖွံ့ဖြိုးမှုနောက်ကျတာ ဒါမှမဟုတ် အပြုအမူပိုင်းပြဿနာရှိနေလား၊
  • ရေခဲ ဒါမှမဟုတ် အစားအသောက်မဟုတ်တဲ့အရာတွေကို စားချင်နေတတ်လား ဆိုတာပါပဲ။

ကလေးက သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ များ ဖြစ်နေသလား

ဘာကြောင့် ဖြစ်လာရလဲ

အဖြစ်များတဲ့ အကြောင်းရင်းတွေကတော့ –

  • ကလေးရဲ့ ခန္ဓာကိုယ်က သံဓာတ် စုပ်ယူနိုင်စွမ်းမှာ ပြဿနာ ရှိနေတာ၊ ဥပမာ – Celiac Disease (ဂလူတန်ဓာတ်မတည့်အူသိမ်ရောဂါ) လိုမျိုး ရှိနေတာ၊
  • အစာအာဟာရကနေ သံဓာတ် အလုံအလောက်မရရှိတာ၊
  • သံဓာတ်ပါဝင်မှုနည်းတဲ့ ဖြည့်စွက်စာတွေသောက်ရတာ
  • လမစေ့ဘဲ မွေးဖွားလာတာနဲ့
  • ကိုယ်အလေးချိန်နည်းနေတာ စတဲ့အချက်တွေ ပါဝင်ပါတယ်။

ကလေးတို့အတွက် သံဓာတ်ပြည့်ဝစေဖို့

ကိုယ့်ကလေးကို သံဓာတ်အားမနည်းစေဖို့ မေမေတို့ အားဖြည့်ပေးလို့ရပါတယ်။ ကလေးအတွက် အစာအာဟာရတွေထဲမှာ –

  • သံဓာတ်ဖြည့်စွက်ထားတဲ့ ကွေကာ၊ သောက်စရာတွေ၊
  • အသား၊
  • ကြက်ဥအနှစ်၊
  • ပဲ တို့ ပါဝင်အောင် ကျွေးပါ။

ကလေးက မောပန်းလွယ်နေတယ်၊ သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ များ ဖြစ်နေမလား

နောက်တစ်ချက်က သံဓာတ်ဖြည့်စွက်ထားတဲ့ ဖြည့်စွက်အာဟာရနို့မှုန့်လေးတွေ တိုက်ပေးပါ။ သဘာဝ အစားအသောက်ကရော၊ ဖြည့်စွက်အာဟာရကနေပါ သံဓာတ်ရရှိနိုင်တော့ ချို့တဲ့စရာ အကြောင်းမရှိတော့ပါဘူး။

ပြီးရင် ဗီတာမင် စီ ပါဝင်မှုများတဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ ပြင်ဆင်ကျွေးပါ။ ဗီတာမင်စီက ကလေးတို့ရဲ့ ခန္ဓာကိုယ်မှာ သံဓာတ်စုပ်ယူနိုင်အောင် အထောက်အကူပေးတယ်လေ။

မေမေတို့ရေ… ကလေးတွေမှာ သံဓာတ်အားနည်းချို့တဲ့နေရင် သွေးအားနည်းရောဂါ တင်မကဘဲ ကြာလာတဲ့အခါ ကြီးထွားဖွံ့ဖြိုးမှုကိုပါ နှေးကွေးထိခိုက်စေနိုင်ပါတယ်နော်။ ဒါ့ကြောင့် ကလေးတို့ ခန္ဓာကိုယ်မှာ သံဓာတ်အလုံအလောက် ရရှိအောင် ဂရုစိုက်ပေးကြပါလို့ သတိပေးလိုက်ပါရစေ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.nhs.uk/conditions/iron-deficiency-anaemia/

https://www.betterhealth.vic.gov.au/health/conditionsandtreatments/iron-deficiency-children

https://kidshealth.org/en/parents/ida.html

 

ယခုပုံစံ

16/06/2022

Yun Sandi Nan Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ရဲရင့်တဲ့ကလေး တစ်ယောက်ဖြစ်လာအောင်ဘယ်လိုပြုစုပျိုးထောင်ကြမလဲ

စူပါမေမေ ဖြစ်ဖို့အဆင့် (၈)ဆင့်



Yun Sandi Nan Mon မှ ရေးသားသည်။ · 16/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement