လောကမှာ ကိုယ်အချစ်ရဆုံးသော လူသားလေးတွေဖြစ်တဲ့ ကိုယ့်ရဲ့ရင်သွေးရတနာတွေကို အကောင်းဆုံးတွေပဲ ပေးချင်တာ၊ အကောင်းဆုံးပဲဖြစ်လာစေချင်တာ မိဘတိုင်းရဲ့မေတ္တာပါ။ ဒါပေမယ့် စားစေချင်လို့ ကျွေးနေတဲ့အရာတွေ၊ အာဟာရဖြစ်မယ်ထင်လို့ စီစဉ်ပေးတာတွေက ဘေးဖြစ်စေမယ်ဆိုရင် ရင်နာစရာပေါ့။ ဒါ့ကြောင့် ကိုယ့်ကလေးရဲ့ အစားအသောက်တွေထဲမှာ အဆိပ်အတောက်ဖြစ်စေမယ့်အရာတွေ ပါဝင်နေသလားဆိုတာ အရင်ဆုံးပြန်ဆန်းစစ်ကြရအောင်။