လူဆိုတာကတော့ ဒေါသ ထွက်ရင် လုပ်သမျှအမှားပါတတ်တာပါပဲ။ မိဘတွေမှာလည်း ဒီလိုပါပဲ၊ အကြောင်းအမျိုးမျိုးကြောင့် စိတ်ဆိုးဒေါသထွက်ပြီး အနားမှာရှိတဲ့ ကလေးကို အော်ဟစ်ပြောဆိုလိုက်တယ်၊ ပြီးတော့လည်း ဘာမှမဟုတ်သလို မေ့သွားတာပါပဲ။ ပတ်ဝန်းကျင်ကတော့ ကရုဏာဒေါသလို့ အမည်တပ်ပေမယ့် ဆေးပညာအရတော့ ဒီလိုအပြုအမူက ကလေးတွေအတွက် တစ်ဘဝစာ စိတ်ဒဏ်ရာဖြစ်စေနိုင်တဲ့အထိ ဆိုးရွားတဲ့ လုပ်ရပ်ပါပဲ။