(၃) ကလေးကို စကားလုံးတွေ၊ ဂဏန်းတွေ စောစောသင်ပေးထားပါ
ကလေးကို စကားလုံးတွေ၊ ဂဏန်းတွေ သင်ပေးဖို့ ကျောင်းနေအရွယ်အထိ စောင့်မနေပါနဲ့။ စကားစပြောနိုင်ပြီ၊ မှတ်ဉာဏ်ကို စတင်တည်ဆောက်ပြီဆိုတဲ့ အချိန်ကတည်းက ဂဏန်းတွေ (၁၊ ၂၊ ၃၊ ၄၊ ၅ စသဖြင့်ပေါ့) သင်ပေးပါ။ ဂဏန်းတွေကို ဒီအတိုင်းမသင်ချင်ရင် မုန့်လေးတွေ၊ အရုပ်လေးတွေနဲ့ တစ်ခု၊ နှစ်ခု၊ သုံးခု ဆိုပြီး သင်လို့ရပါသေးတယ်။
နောက်သင်လို့ရတာတစ်ခုက တိရစ္ဆာန်လေးတွေ၊ အရာဝတ္ထုလေးတွေရဲ့ နာမည်ပါ။ ဥပမာ c-o-w (cow) နွား ဆိုတာမျိုး၊ e-l-e-p-h-a-n-t (elephant) ဆင်ကြီးဆိုတာမျိုးကို ကစားစရာအရုပ်လေးတွေ ကိုင်ရင်းဖြစ်ဖြစ် ရုပ်ပုံကားချပ်ကို ပြရင်းဖြစ်ဖြစ် သင်ပေးပါ။ ကလေးက စာလုံးပေါင်းတွေကို မမှတ်နိုင်သေးရင်တောင် အသံထွက်နဲ့ အရာဝတ္ထုတွေ၊ တိရစ္ဆာန်လေးတွေကို တွဲမှတ်မိနေမှာပါ။
(၄) သီချင်း ပေးနားထောင်ပါ
လေ့လာမှုတွေအရ ကလေးတွေကို သီချင်း နားထောင်စေတာက မှတ်ဉာဏ်ကောင်းစေသလို၊ အာရုံစူးစိုက်နိုင်စွမ်း၊ သင်ယူနိုင်စွမ်းကောင်းစေပြီး စိတ်အားထက်သန်စေတယ်လို့ သိရပါတယ်။ သီချင်းနားထောင်တာက ကလေးရဲ့ ဦးနှောက်နဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုကို ထိခိုက်စေတဲ့ စိတ်ဖိစီးမှုကို ပြေလျော့စေပါတယ်။
(၅) အာဟာရပြည့်ဝအောင် ကျွေးပါ
ကလေးတစ်ယောက် ကျန်းမာပျော်ရွှင်နေဖို့က လုံလောက်တဲ့ အာဟာရကို ရရှိဖို့လည်း လိုပါမယ်။ ဒါကြောင့် ကလေးနေ့စဉ် စားသုံးတဲ့ အစားအစာတွေထဲမှာ ကလေးရဲ့ ဉာဏ်ရည်၊ ကိုယ်ခံအား နဲ့ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူပြုပေးမယ့် အာဟာရဓာတ်တွဖြစ်တဲ့ ပရိုတင်း၊ အကျိုးပြု ဘက်တီးရီးယားအာဟာရ (Prebiotics)၊ ဇင့်ဓာတ်၊ ဗီတာမင် A ၊ ဗီတာမင် E၊ lutein၊ nucleotide နဲ့ DHA (Omega-3 fatty acids) တို့ လုံလောက်ပြည့်ဝစွာ ပါဝင်စေဖို့လိုပါမယ်။
ဒါကြောင့် ကလေးကို နေ့စဉ် ထမင်း၊ ကြက်သား၊ အဆီမပါတဲ့ အနီရောင်အသား၊ ပန်းဂေါ်ဖီစိမ်း၊ ဆယ်လ်မွန်ငါး၊ ပဲနီလေး၊ ဥအမျိုးမျိုး၊ အစိမ်းရောင် ဟင်းသီးဟင်း ရွက်တွေ၊ သစ်သီးတွေ၊ အခွံမာသီး နဲ့ အစေ့အဆန်လိုမျိုး စားစရာတွေ ပြင်ဆင်ကျွေးမွေးသင့်ပါတယ်။ ဒါ့အပြင် အာဟာရဖြည့်စွက်ထားတဲ့ နို့မှုန့်တွေမှာလည်း ကလေးရဲ့ကြီးထွားမှုကို အထောက်အကူပြုနိုင်တဲ့ အာဟာရဓာတ်တွေ ပြည့်စုံစွာပါတဲ့အတွက် နေ့စဉ် ကလေးရဲ့ စားသောက်မှုပုံစံထဲမှာ ပါဝင်ဖို့ သင့်လျော်ပါတယ်။
(၆) စာအုပ် အတူတူဖတ်ပါ
စာဖတ်တာက စဉ်းစားဉာဏ်ကို ရင့်သန်စေပါတယ်။ သင်ယူလေ့လာနေဆဲ ကလေးတစ်ယောက်အတွက် အတွေးသစ်၊ စိတ်ကူးသစ်တွေကို ပေးစွမ်းနိုင်မယ့် အရာတစ်ခုပါ။ ကလေးက စာမဖတ်နိုင်သေးရင်တောင် မေမေက ဘေးကထိုင်လို့ ဖတ်ပြပါ။ ကလေး စိတ်ဝင်စားလောက်မယ့် အရောင်တောက်တောက် အရုပ်လှလှလေးတွေ ပါတဲ့ ပုံပြင်စာအုပ်၊ ကလေးပညာပေး ရုပ်ပြစာအုပ်တွေက ကလေးကို ဉာဏ်ရည်ထက်မြက်စေဖို့ အကောင်းဆုံး ထောက်ပံ့ပေးမှာပါ။
ငယ်စဉ်ကတည်းက စာဖတ်ဝါသနာပါအောင် ပျိုးထောင်ပေးတာက ဉာဏ်ရည်ထက်မြက်စွာနဲ့ အရွယ်ရောက် ကြီးပြင်းလာစေဖို့ မျိုးစေ့ချလိုက်တာပါ။ ကလေးကို တစ်နေ့ကို ၁၅ မိနစ်ကနေ နာရီဝက်လောက်အထိ စာဖတ်ပြတဲ့ အလေ့အထလေး ပျိုးထောင်ပါ။
(၇) အခြားကလေးတွေနဲ့ အတူဆော့ကစားစေပါ
ပြေးလွှားဆော့ကစားတာက ကလေးကို ကျန်းမာသန်စွမ်းစေပါတယ်။ ဒီလိုဆော့ကစားတာက ဦးနှောက်ဆဲလ်တွေဖြစ်ပေါ်မှုကို ထောက်ပံ့ပေးသလို ဦးနှောက်တွင်း သွေးစီးဆင်းရောက်ရှိမှု ကောင်းစေတာကြောင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ အထောက်အပံ့ပေးနိုင်ပါတယ်။
ကလေးကို ရွယ်တူကလေးတွေနဲ့ တက်တက်ကြွကြွ ပေးကစားခြင်းက တာဝန်သိစိတ်တိုးစေပြီး အဖွဲ့လိုက် လှုပ်ရှားမှုစွမ်းရည် ကောင်းစေသလို အချိန် စီမံခန့်ခွဲနိုင်မှုလည်း ကောင်းစေမှာပါ။
မေမေတို့ရဲ့ ချစ်ခြင်းမေတ္တာ ဂရုစိုက်မှုတို့ကို ဒီအချက်လေးတွေနဲ့ ပေါင်းစည်းလိုက်မယ်ဆိုရင် သားသားမီးမီးတို့က ဉာဏ်ရည်ထက်မြက်ပြီး ကျန်းမာတဲ့ ကလေးတွေအဖြစ် ကြီးပြင်းလာမှာ အသေအချာပါ။ အရိပ်တကြည့်ကြည့်ပျိုးထောင်လာရတဲ့ သားသားမီးမီးတို့ကို ကျန်းမာထက်မြက်စွာ ကြီးပြင်းလာအောင် ပျိုးထောင်နိုင်တဲ့ လက်တစ်စုံ ဖြစ်ပါစေ မေမေတို့ရေ……………….
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။