အဖြူရောင်ရှိတဲ့ ကလေးစိတ်ကို အရောင်ဆိုးခိုင်းတာ မဟုတ်ပါဘူး။ ပတ်ဝန်းကျင်အကြောင်းနားလည်ထားဖို့၊ အရာရာကို အကောင်းမြင်တတ်ဖို့၊ ရိုးသားမှုရှိဖို့နဲ့ ကိုယ်ကျင့်တရားတွေ အကြောင်းပေါ့။
၅ – ကလေးကို လွတ်လပ်စွာဆော့ခွင့်ပေးပါ။ ။
တချို့ မိဘတွေရှိပါတယ်။ ကလေးကို ချစ်လွန်းလို့ အပြင်ထွက်မကစားခိုင်းဘဲ အိမ်ထဲမှာပဲ ထည့်ထားပြီး ငြိမ်ရင်ပြီးရော ဖုန်းဂိမ်းတွေကစားခိုင်းတတ်ကြပါတယ်။ ဒီလိုလုပ်တာဟာ အင်မတန်မှားတဲ့အရာတစ်ခုပါ။ အပြင်ထွက်ဆော့တဲ့ ကလေးတစ်ယောက်က တခြားပတ်ဝန်းကျင်က အရာတွေကို လေ့လာသင်ယူနိုင်မယ်။ သူငယ်ချင်းအသစ်တွေတိုးပြီးပေါင်းသင်းဆက်ဆံရေးအကြောင်းနားလည်လာမယ်။ လှုပ်ရှားမှုတွေ လုပ်ရတဲ့အတွက် ကိုယ်ခန္ဓာကျန်းမာသန်စွမ်းလာမယ်။ စိတ်လည်းပျော်ရွှင်လာမယ်။ ဒါကြောင့် ကလေးကို ချစ်ရင် အတိုင်းအတာတစ်ခု အထိ လွတ်လပ်ခွင့်ပေးပါ။
၆ – စိတ်ကူးစိတ်သန်းကောင်းမွန်စေမယ့် ကစားနည်းတွေပေးကစားပါ
ကလေးတွေက ဘယ်အရွယ်ပဲဖြစ်နေဖြစ်နေ ကစားရတာကို နှစ်သက်ကြပါတယ်။ ကလေးတွေက အဓိပ္ပာယ်ပြည့်ဝတဲ့ ကစားနည်းအတွေ့အကြုံတွေကနေ အကောင်းဆုံးသင်ယူမှုတွေကို ရရှိကြတာဖြစ်ပါတယ်။ ဒီအတွေ့အကြုံတွေကပဲ ကလေးရဲ့ ဖန်တီးနိုင်စွမ်းကို တိုးလာစေသလို၊ ပြဿနာကိုဖြေရှင်းနိုင်စွမ်းနဲ့ လူမှုဆက်ဆံရေးကို တိုးတက်စေနိုင်ပါတယ်။ ကစားတာက ကလေးရဲ့ လှုပ်ရှားမှုဆိုင်ရာ ကြွက်သားတွေဖွံဖြိုးမှုကို တိုးတက်ကောင်းမွန်စေသလို ကစားချိန်က ကလေးရဲ့စိတ်ခံစားမှုကို တိုးတက်အောင်လုပ်ဆောင်ပေးနိုင်တဲ့အပြင် ဉာဏ်ရည်ထက်မြက် စေဖို့လည်း အားပေးပါသေးတယ်။
၇ – ကလေးကို အားပေးပါ။
ကလေးကို ချီးကျူးဖို့လုံးဝ မတွန့်တိုပါနဲ့။ ကလေးတစ်ယောက် လုပ်နိုင်တဲ့အားက လူကြီးတစ်ယောက်အတွက်တော့ အသေးအဖွဲ ဖြစ်နေချင် ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် သူ့အရွယ်လေးနဲ့ လုပ်နိုင်တဲ့ ဖန်တီးနိုင်စွမ်းတွေကို အသိအမှတ်ပြု ချီးကျူးဖို့တော့ မမေ့ပါနှင့်။
ကလေးတွေကို ဖယောင်းနဲ့ခိုင်းနှိုင်းလေ့ရှိပါတယ်။ ငယ်တုန်းအရွယ်မှာ ပုံသွင်းထားရင် ကြီးလာတဲ့အခါ မိဘတွေ ဖြစ်စေချင်သလို ဖြစ်လာတယ်ဆိုတာမျိုးပေါ့။ ဒါ့ပေမယ့် ဒီလို ပုံသွင်းတိုင်းလည်းကောင်းတာမဟုတ်ပါဘူး။ ကလေးတွေက ပင်ကိုယ်လွတ်လပ်တာကို ကြိုက်ကြတဲ့အတွက် နေရာတိုင်းလိုက်ကြပ်တာမျိုးမဟုတ်ဘဲ ဘေးက လိုက်ပျိုးထောင်ကြည်ရှုပေးရုံ လောက်ပဲ ကောင်းပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။