backup og meta

ချစ်ခင်မြတ်နိုးမှုနဲ့ အလေးဂရုပြုမှုကို ဖော်ပြကြတဲ့ အခိုက်အတန့်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 24/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ချစ်ခင်မြတ်နိုးမှုနဲ့ အလေးဂရုပြုမှုကို ဖော်ပြကြတဲ့ အခိုက်အတန့်

    မိုးတွေ အကြိုက်ရွာတဲ့ မိုးရာသီပြီးလို့ မကြာခင်မှာ အဝေးရောက်နေသူတွေအားလုံး နေရပ်ကိုပြန်ပြီး မိသားစုတွေနဲ့ ဆုံတွေ့ကြရတော့မယ့် ဆီမီးထိန်ထိန်ညီးတဲ့ သီတင်းကျွတ်ကာလ ရောက်လာတော့မယ်နော်။ ကဲ … ချစ်ခင်မြတ်နိုးမှုနဲ့ အလေးဂရုပြုမှုကို ဖော်ပြကြတဲ့ အခိုက်အတန့် လေးကို ဘယ်လို အကောင်းဆုံး ဖန်တီးကြမလဲ!

    မိုးလေကင်းလွတ်တဲ့ သီတင်းကျွတ်က ရာသီဥတုလေး သာယာသလို ကြည်လင်တဲ့ ညကောင်းကင်အောက်မှာ ဆီးမီးတွေထွန်းရင်း ဖေဖေမေမေ ဖိုးဖိုးဖွားဖွားတို့ကို ကန်တော့ စကားတွေပြောကြ ဖိုးဖိုးဖွားဖွားတို့က မေတ္တာအပြည့်နဲ့ ပြင်ဆင်ပေးထားတဲ့ မုန့်တွေကိုစားရင်း မောင်နှမတွေ ပျော်ပျော်ပါးပါးဆုံရတဲ့ ပျော်ရွှင်မှုက အတိုင်းမသိနော်။ သီတင်းကျွတ်ဆိုတာကလည်း မြန်မာလူမျိုးတွေရဲ့ တစ်ဦးအပေါ်တစ်ဦး ချစ်ခင် အလေးဂရုပြုမှုကို ပြသတဲ့ အချိန် မဟုတ်လား။

    ဒီတော့ သီတင်းကျွတ်ကာလလေးကို ဘယ်လိုများ အကောင်းဆုံး အမှတ်တရတွေ ဖန်တီးပြီး ဖြတ်သန်းကြမလဲ။ သားသားမီးမီးတို့ကိုရော သီတင်းကျွတ်ကာလပျော်စရာတွေကို ဘယ်လို ခံစားစေမယ် စဉ်းစားထားလဲ မေမေဖေဖေတို့ရေ။

    ချစ်ခင်မြတ်နိုးမှုနဲ့ အလေးဂရုပြုမှုကို ဖော်ပြကြတဲ့ အခိုက်အတန့်

    ချစ်ခင်မြတ်နိုးမှုနဲ့ အလေးဂရုပြုမှုကို ဖော်ပြကြတဲ့ အခိုက်အတန့် ဖြစ်တဲ့ သီတင်းကျွတ် ပိတ်ရက်မှာ အဝေးရောက်နေရင်တောင် မိသားစုတွေ စုံနိုင်ဖို့ အိမ်ကို ပြန်လာကြတယ်။ မိဘတွေကို အလေးဂရုပြုတဲ့အနေနဲ့ ကန်တော့ကြတယ်။ မိဘတွေကလည်း ပျော်လို့ပေါ့။

    သီတင်းကျွတ်ဆိုတာက လူကြီးရောကလေးတွေပါ ပျော်တဲ့အချိန်ပေါ့။ သီတင်းကျွတ်က မိသားစုတွေ ဆုံကြတယ်ဆိုတာ အလေးဂရုပြုမှုကိုပြသဖို့နဲ့ ကိုယ့်ချစ်ရတဲ့ မေမေဖေဖေ၊ ဖိုးဖိုးဖွားဖွားတွေကို ဂါရဝပြုဖို့ဟုတ်။ ဒီတော့ ဒီအနှစ်သာရလေးကို အကောင်းဆုံးထိန်းသိမ်းထားလို့ ရပါသေးတယ်။ ဘယ်လိုများထိန်းသိမ်းမလဲ သိချင်တယ်ဆိုရင်တော့ တူတူဖတ်ကြည့်လိုက်ရအောင်လား………

    ဘယ်လိုဆုံမလဲ

    အရင်ကတော့ မိသားစုတွေက ဖိုးဖိုးဖွားဖွားတွေ အိမ်မှာဆုံလိုက်တာပဲနော်။ ခုကတော့ အနေဝေးလို့ ဖြစ်ဖြစ် သွားဖို့လာဖို့ အခက်အခဲ ရှိလို့ဖြစ်ဖြစ် လူချင်းမတွေ့နိုင်ပေမယ့် ဗီဒီယိုကောလ်ခေါ်ပြီး ဆုံလို့ရပါတယ်။ အချိန်လေးတစ်ခု သတ်မှတ်ပြီး ဖိုးဖိုးဖွားဖွားတို့ကို ဗီဒီယိုကောလ်ခေါ်လို့ သားသားမီးမီးတို့နဲ့ စကားပြောစေတာမျိုး လုပ်ပြီး ပျော်ရွှင်စရာအခိုက်အတန့်လေးတွေကို ဖန်တီးလို့ ရပါတယ်။

    ဗီဒီယိုကောကနေပဲ ဖိုးဖိုးဖွားဖွားတို့ကို ကန်တော့လို့ရပါတယ်။ စကားစမြည်တွေလည်း ပြောရင်းပေါ့။

    အစားအစာ ဂရုပြု

    သီးတင်းကျွတ်မှာ မုန့်တွေ ပျော်ပျော်ပါးပါးစားကြတာကလည်း သီတင်းကျွတ်ရဲ့ ပျော်စရာတွေထဲက တစ်ခုပေါ့။ ဒီတော့ အစားအသောက်တွေကို အရင်က အလွယ်တကူ ဝယ်စားတယ်ဆိုရင်တောင် အခုကာလမှာတော့ ကိုယ်တိုင် ပြင်ဆင် ချက်ပြုတ်ပြီး သားသားမီးမီးတို့ကို ကျွေးပေးတာ အကောင်းဆုံးဖြစ်မှာပါ။

    ဒီတော့ ရောဂါကာကွယ်ပြီးသားလည်းဖြစ်အောင် သားသားမီးမီးတို့ကို ကိုယ်ခံအားကောင်းစေမယ့် အစားအစာတွေဖြစ်တဲ့ ကြက်သား၊ ဆယ်လ်မွန်ငါး၊ ထမင်း၊ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ အာဟာရဖြည့်နို့၊ ပေါင်မုန့်၊ ကြက်ဥစတာတွေကို ပြင်ဆင်ပေးလို့ ရပါတယ်။ ဒါဆိုရင် ကလေးလည်း ကြိုက် ကိုယ်ခံအားကောင်းစေဖို့လည်း အထောက်အကူပြုပေးနိုင်မှာပါ။ ဉာဏ်ဖွံ့ဖြိုးဖို့လည်း အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။

    ကလေးနဲ့အတူ ပြင်ဆင်ပါ

    သီတင်းကျွတ် အတွက်အလှဆင်တာ၊ အစားအသောက်ပြင်ဆင်တာတွေကို ကလေးနဲ့အတူတူပြင်ဆင်ပါ။ ဒီလို ပြင်ဆင်တာက ကလေးကို သီတင်းကျွတ်ကို ပိုမိုနားလည်စေပြီး မိဘတွေနဲ့ သူတို့လေးတွေကြားမှာ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးကို ဖန်တီးနိုင်မှာပါ။

    အစားအစာတွေကို သူတို့ စိတ်ကြိုက် ပြင်ဆင်ခွင့်ပေးတာက ကလေးရဲ့ အစားစားချင်စိတ်ကိုလည်း တိုးစေနိုင်ပါတယ်။ ဒီတော့ စိတ်ရောကိုယ်ပါကျန်းမာဖို့ အထောက်အကူပြုနိုင်ပြီပေါ့။

    မိသားစုတွေအကြောင်း ပြောပြပါ

    ကလေးကို သားသားကို မေမေတို့က ဘယ်လို ချစ်တာ၊ သားငယ်ငယ်တုန်းက ဘယ်လိုလေးပေါ့။ ဖိုးဖိုးဖွားဖွားကလည်း သားကို ဘယ်လိုချစ်တာ၊ သမီးကို ဘယ်လို ချစ်တာ စတာမျိုးလေးတွေ ပြောပြပေးပါ။ ပျော်စရာကောင်းတာလေးတွေ ပြောပြပေးပါ။

    ဒီလို ပြောပြပေးတာက ကလေးက သူ့ကိုမိသားစုတွေက ချစ်တယ်လို့ ခံစားရပြီး ထက်မြက်ရဲရင့်တဲ့ ကလေးတစ်ယောက်အဖြစ် ကြီးပြင်းအရွယ်ရောက်လာမှာပါ။

    ကလေးကို အချိန်ပေးပါ

    သီတင်းကျွတ်ပိတ်ရက်မှာ အလုပ်တွေ၊ ကပ်ရောဂါတွေကို ခဏမေ့ထားပြီး ချစ်ခင်ရတဲ့ သားသားမီးမီးပျော်စရာအချိန်တွေ ဖန်တီးပါ။ ကလေးနဲ့အတူတူ ကစားတာ ဖြစ်ဖြစ်ပေါ့။ ဒီလို ဖန်တီးတာက သားသားမီးမီးတို့ရဲ့ စိတ်ရောကိုယ်ပါ ဖွံ့ဖြိုးကျန်းမာမှုကို အထောက်အကူပြုပေးနိုင်မှာပါ။

    ကလေးနဲ့ အတူကစားတာက ကြီးထွားဖွံ့ အရှိန်ယူနေတဲ့ သားသားမီးမီးတို့ကိုလည်း ဉာဏ်ရည်ဖွံ့ဖြိုးစေဖို့ အထောက်အကူပြုသလို ရုပ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးစေဖို့လည်း အထောက်အကူပြုပေးနိုင်ပါတယ်။ ကလေးနဲ့ အချိန်တွေကို အတူတူကုန်ဆုံးတာက ချစ်ခြင်းမေတ္တာကို ပြသပေးရာလည်း ရောက်တာကြောင့် သားသားမီးမီးတို့ကို စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။

    ပျော်ရွှင်စရာကောင်းတဲ့ သီတင်းကျွတ်ကာလလေးမှာ အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ညီညွတ်တာတွေကို စားသောက်မယ်။ ရောဂါပိုးတွေ အန္တရာယ်ကနေ ကိုယ်တိုင်ကိုရော ချစ်ရတဲ့သူတွေကိုပါ အကောင်းဆုံးကာကွယ်မယ်။ ကလေးနဲ့ ပျော်ရွှင်စရာ အချိန်လေးတွေကို ဖန်တီးပြီး မိသားစုဝင်တွေကို ချစ်ခြင်းမေတ္တာ တွေပြသရင်း ဘေးကင်းပြီး ပျော်စရာ သီတင်းကျွတ်အချိန်အခါလေးကို ပိုင်ဆိုင်နိုင်ကြပါစေနော် …။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 24/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement