backup og meta

ကလေးတွေကို ပင်လယ်စာကျွေးသင့်လား

ကလေးတွေကို ပင်လယ်စာကျွေးသင့်လား

မိဘတွေ မကြာခဏ မေးတတ်ကြတဲ့ မေးခွန်းတွေထဲမှာ ကိုယ့်ကလေးကို ပင်လယ်စာေကျွးလို့ ရလား ဆိုတာလည်းလည်း တစ်ခုအပါအဝင်ပါပဲ။ ငါး၊ ပုဇွန် အစရှိတဲ့ ပင်လယ်စာတွေမှာ ကလေးတွေအတွက် လိုအပ်တဲ့ အာဟာရဓါတ်ေတွအပြင် Omega-3 fatty acid ပါဝင်တာကြောင့် ကလေးတွေရဲ့ နေ့စဉ်အစာအာဟာရထဲမှာ ထည့်ကျွေးလို့ ရပါတယ်။ ဒါပေမဲ့ တန်ဆေး၊ လွန်ဘေး ဆိုသလိုပါပဲ ဘယ်အစားအစာကိုမဆို အများကြီးကျွေးမယ်ဆိုရင်တော့ အဆင်မပြေဘူးပေါ့။

ပင်လယ်စာတွေရဲ့ ကောင်းကျိုးတွေက ဘာတွေလဲ။

၁။ ကလေးတွေအတွက် လိုအပ်တဲ့ အာဟာရများစွာ ပါဝင်ပါတယ်။

တချို့အစားအစာတွေမှာ မရနိုင်တဲ့ ကလေးတွေအတွက် နေ့စဉ်လိုအပ်တဲ့ အာဟာရဓါတ်ေတွကို ပင်လယ်စာကနေ ရနိုင်ပါတယ်။ ဒါ့အပြင် ကြီးထွားဖွံ့ဖြိုးမှုအတွက် ပရိုတင်းဓါတ်၊ ဉာဏ်ရည်ထက်မြက်စေဖို့ အိုင်အိုဒင်းဓါတ်၊ omega-3 fatty acid ၊ ဗီတာမင် D ပါဝင်နေပါတယ်။ ဒီအာဟာရဓါတ်တွေဟာ ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ ခန္ဓါကိုယ်ထဲ ဝင်လာနိုင်တဲ့ ရောဂါတွေကို တိုက်ထုတ်ပေးဖို့ ကူညီပေးနိုင်ပါတယ်။

၂။ အရိုးနဲ့ သွားကို ကျန်းမာစေတယ်။

ပင်လယ်စာတွေမှာ အရိုးနဲ့ သွားကို ကျန်းမာကြံ့ခိုင်စေတဲ့ ဗီတာမင် D ဓါတ်တွေ ပေါကြွယ်ဝစွာ ပါဝင်ပါတယ်။ ခန္ဓါကိုယ်အတွက် အရေးပါတဲ့ ကယ်လ်စီယမ်ဓါတ်ကို ကောင်းစွာ စုပ်ယူပေးနိုင်လို့ ကလေးတွေရဲ့ ကိုယ်ခန္ဓါကို ဖွံ့ဖြိုးကြီးထွားစေတယ်။ ကိုယ်ခံအားကောင်းစေလို့ ရောဂါတွေကို အလွယ်တကူဖြစ်မလာနိုင်အောင် တားဆီးပေးနိုင်ပါတယ်။

၃။ အမြင်အာရုံကောင်းစေတယ်။

ပင်လယ်စာတွေမှာ Omega-3 fatty acid ပါဝင်လို့ ကလေးတွေကို အမြင်အာရုံကြည်လင်စေပြီး မျက်စိအားကောင်းစေတယ်။ မျက်စိမှုန်တဲ့ ကလေးတွေ၊ မျက်စိအားနည်းတဲ့ ကလေးတွေအတွက် မျက်စိအားဆေးအဖြစ် ကျွေးနိုင်ပါတယ်။

၄။ ဉာဏ်ရည်ထက်မြက်စေတယ်။

ကလေးတွေ ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်ထက်မြက်စေတဲ့ Omega-3 fatty acid ပါဝင်လို့ ဦးနှောက်ကို ဖွံ့ဖြိုးစေပြီး ကောင်းစွာအလုပ်လုပ်နိုင်စေဖို့ အထောက်အကူပေးနိုင်ပါတယ်။

၅။ နှလုံးကျန်းမာရေးကို ကောင်းစေတယ်။

ပင်လယ်စာတွေမှာ နှလုံးကျန်းမာစေတဲ့ Omega-3 fatty acid တွေနဲ့ ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ အများအပြား ပါဝင်ပါတယ်။ လေ့လာတွေ့ရှိချက်အရ ငါးကို ပုံမှန်စားပေးတဲ့ ကလေးတွေမှာ နှလုံးရောဂါဖြစ်နိုင်ခြေ အလွန်နည်းပါးတာကို တွေ့ရပါတယ်။

ပင်လယ်စာတွေကို အများကြီးကျွေးတဲ့အခါ ဘယ်လိုဆိုးကျိုးတွေ ဖြစ်စေလဲ။

ပင်လယ်စာတွေမှာ ပြဒါးဓါတ်တွေ အနည်းနဲ့အများ ပါဝင်နေတာကြောင့် မိဘတွေက ကိုယ့်ရဲ့ကလေးကို ပင်လယ်စာကျွေးဖို့ စိုးရိမ်တတ်ကြပါတယ်။ ပြဒါးဓါတ်ဟာ ကလေးတွေရဲ့ အာရုံကြောစနစ်၊ အစာခြေစနစ်နဲ့ ကိုယ်ခံအားစနစ်ကို ထိခိုက်စေတဲ့အပြင် အဆုတ်၊ ကျောက်ကပ်၊ မျက်လုံးနဲ့ အရေပြားမှာ ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် တန်ဆေး လွန်ဘေးဆိုသလိုပါပဲ။ ငါးဟာ ကျန်းမာရေးအတွက် အာဟာရဖြစ်စေတဲ့ အစားအစာမှန်ပေမယ့် အများကြီးစားမိရင်တော့ ပြဒါးဓါတ်ကြောင့် ကလေးကျန်းမာရေးမှာ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ အသက်ငယ်သေးတဲ့ ကလေးတွေအနေနဲ့ ပင်လယ်စာနဲ့ ဓါတ်မတည့်တာ ဖြစ်နိုင်တဲ့အတွက်ကြောင့် မကျွေးတာ အကောင်းဆုံးပါပဲ။

ကိုယ့်ကလေးက ပင်လယ်စာတွေ စားလွန်းနေတယ်လို့ သံသယရှိရင်တော့ လျှော့စားဖို့ သေချာဂရုစိုက်ပြီး ပြောပြပေးပါ။ ပြသနေကျဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ကိုယ့်ကလေးအတွက် ဘယ်လိုပင်လယ်စာတွေကို စားပေးသင့်လဲဆိုတာ တိုင်ပင်ကြည့်ပါ။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေး ပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Should Children Avoid Eating Seafood –https://www.healthline.com/nutrition/mercury-content-of-fish (Dec 18, 2018)

Health Benefits Of Seafood –https://www.healthline.com/nutrition/11-health-benefits-of-fish (Dec 18, 2018)

ယခုပုံစံ

12/09/2022

Ye Myo Myat မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးဦးနှောက်ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်အာဟာရ

ကိုယ်ဝန်ဆောင်စဉ်မှာ ပင်လယ်စာတွေစားသုံးခြင်းဟာ အန္တရာယ်ကင်းပါသလား


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement