backup og meta

စပွန်ဆာ ဆောင်းပါး 

လေနာနဲ့ ဝမ်းပြဿနာများကို ဖြေရှင်းပေးနိုင်မယ့် အကျိုးပြုဘက်တီးရီးယား

ကိုယ်ကျန်းမာစိတ်ချမ်းသာပါစေဆိုတဲ့ ဆုတောင်းပြည့်ပြီလား။ ဒီဆုက လူတိုင်းလိုလားကြမယ်ထင်တယ်နော်။ ကိုယ်တိုင်ကျန်းမာပြီး ချစ်ရတဲ့မိသားစုဝင်တွေနဲ့ကျန်းကျန်းမာမာနေနိုင်ဖို့က အမျှော်လင့်ဆုံးဆုတစ်ခုမဟုတ်ဘူးလား။ ဖေဖေမေမေတို့ကို ကျန်းမာစေချင်တယ်။ မမ၊ ကိုကို၊ မောင်လေး၊ ညီမလေးတွေနဲ့ ချစ်ရသူ၊နောက်ဆုံး ကိုယ်မွေးထားတဲ့သားသားမီးမီးလေးတွေအထိ ကျန်းမာစေချင်တဲ့ဆန္ဒမရှိဘူးဆိုတဲ့သူက ရှားမှာပါ။ ဒီဆုတောင်းလေးပြည့်အောင်ဖြည့်ပေးနိုင်မယ့် နည်းလမ်းလေးတစ်ခုရှိပါတယ်။ ကဲဘာများဖြစ်မလဲ စိတ်ဝင်စားနေပြီလား။

လေနာနဲ့ ဝမ်းပြဿနာများကို ဖြေရှင်းပေးနိုင်မယ့် အကျိုးပြုဘက်တီးရီးယား

လူတွေနဲ့အတူ နှစ်သန်းပေါင်းများစွာ အတူတည်ရှိလာတဲ့ ဘက်တီးရီးယားလေး။

အခုခေတ် လူသားတွေရယ်လို့မဖြစ်လာသေးခင် လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာ လူသားတွေရဲ့ ဘိုးဘွားဘီဘင်ခေတ်ကတည်းက လူသားဖြစ်လာမယ့်သူတွေနဲ့အတူ တည်ရှိလာခဲ့တဲ့ အကျိုးပြုဘက်တီးရီးယားလေးရဲ့ နာမည်ကတော့ Lactobacillus reuteri (L. reuteri) လို့ခေါ်ပါတယ်။ သူက လူသားတွေရဲ့ အူလမ်းကြောင်းတလျှောက်မှာနေထိုင်ပြီး ကျန်းမာအောင်စွမ်းဆောင်ပေးပါတယ်။ ဒီအကျိုးပြုဘက်တီးရီးယားကို အရွယ်သုံးပါးစလုံးလိုအပ်ပါတယ်နော်။ ဒီလိုပြောလို့ ထူးဆန်းသွားပေမယ့် ဒီအကျိုးပြုဘက်တီးရီးယားတွေကနေ့စဉ်စားသုံးလိုက်တဲ့ အစားအစာတွေထဲမှာပါဝင်နေပါတယ်။ ဒီအာဟာရဓာတ်က အစာခြေစနစ်အပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးကိုကျန်းမာအောင်လုပ်ဆောင်ပေးပါတယ်။ ဘက်တီးရီးယားဆိုတာနဲ့ မကောင်းတာလုံးဝမဟုတ်ပါဘူးနော်။ အစာအိမ်နဲ့ အူလမ်းကြောင်းထဲမှာ အကျိုးပြုဘက်တီးရီးယားတွေ မျှတအောင်ရှိနေမှ ကိုယ်ရောစိတ်ပါကျန်းမာရွှင်လန်းနိုင်မှာပါ။

Lactobacillus reuteri(L. reuteri) အကျိုးပြုဘက်တီးရီးယား

ကလေးတွေအတွက် ဒီလိုအကျိုးပြုပါတယ်

ဒီအကျိုးပြုဘက်တီးရီးယားလေးတွေက လူသားတွေရဲ့ ပါးစပ်နဲ့ အူလမ်းကြောင်းထဲမှာနေထိုင်ကြတာပါ။ မွေးစကလေးကနေစလို့ ဖိုးဖိုးဖွားဖွားတွေအထိ ကျန်းမာနေစေဖို့အထောက်အကူပြုပေးတာပါ။ အကျိုးပြုဘက်တီးရီးယားအမျိုးအစားတွေထဲမှာ အကောင်းဆုံးသော အကျိုးပြုဘက်တီးရီးယားတစ်မျိုးပါ။ ကလေးလေးတွေလေနာအတွက်လည်းထိရောက်တဲ့ အကျိုးပြုဘက်တီးရီးယားတစ်မျိုးပေါ့။ လေနာဆိုတာက ကလေးတော်တော်များများကြုံတွေ့ရတဲ့ ဝေဒနာတစ်ခုပေါ့။ ရောဂါကြီးကြီးမားမားမဟုတ်ပေမယ့် လေနာတဲ့အခါ ကလေးကချော့ရခက်အောင်ကို ငိုနေတော့တာပါ။ ၃နာရီလောက်ကို ဆက်တိုက်ငိုတာမျိုးအထိဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာတော့L. reuteri အကျိုးပြုဘက်တီးရီးယားလေးတွေက အထိရောက်ဆုံးဖြေရှင်းပေးနိုင်မှာပါ။

ဒါတင်မဟုတ်ပါဘူး။ ဒီဘက်တီးရီးယားလေးတွေက Rotavirus ကြောင့်ဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှောဖြစ်တာကို ကာကွယ်နိုင်သလို ဝမ်းပျက်ဝမ်းလျှောကိုသက်သာစေပြီး ဝမ်းအရမ်းသွားတဲ့အခါ ခံစားရတဲ့ရေဓာတ်ဆုံးရှုံးမှုကို သက်သာစေပါတယ်။ ဒါတွေအပြင် ဝမ်းပျက်ဝမ်းလျှောတာကြောင့် နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ဝေဒနာတွေကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါတွေအပြင်L. reuteri အကျိုးပြု ဘက်တီးရီးယားလေးတွေ ကလေးကို နာဖျားမှုတွေနဲ့ အခြားသောဝေဒနာတော်တော်များများရန်ကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဒီဘက်တီးရီးယားက ကလေးတွေအဖြစ်အများဆုံး အရေပြားပြဿနာတစ်ခုဖြစ်တဲ့ နှင်းခူကိုပါ သက်သာစေနိုင်ပါသေးတယ်။ ကလေးတွေကို သွားပျက်စီးစေတဲ့ ဘက်တီးရီးယားတွေကိုပါ နှိမ်နှင်းပေးဖို့ကိုလည်း တာဝန်ယူထားပါသေးတယ်။။

လူကြီးတွေအတွက် ဒီလိုအကျိုးပြုပါတယ်

ဒီအကျိုးပြုဘက်တီးရီးယားလေးတွေက ကလေးတွေကျန်းမာရေးကိုပဲ အထောက်အကူပြုတာမဟုတ်ပါဘူး။ လူကြီးတွေအတွက်လည်း အကျိုးပြုပါတယ်။လေ့လာမှုတွေအရတော့L. reuteri အကျိုးပြုဘက်တီးရီးယားလေးတွေက ဖျားနာတာဝမ်းချုပ်တာတွေမဖြစ်အောင်လုပ်ဆောင်ပေးပါတယ်။ အူမကြီးနဲ့ အူတွေရဲ့လှုပ်ရှားမှုကိုကောင်းမွန်စေပြီး အမျိုးသမီးတွေမှာဆိုရင် ဆီးလမ်းကြောင်းပိုးဝင်တာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ အစာအိမ်အနာဖြစ်တာ၊ အစာအိမ်ကင်ဆာဖြစ်တာတွေကိုကာကွယ်ပေးနိုင်စွမ်းလည်းရှိပါတယ်။

အူလမ်းကြောင်းအတွင်းက အကျိုးပြုဘက်တီးရီးယားတွေကို မျှတစေပြီး ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်တဲ့ ဘက်တီးရီးယားတွေပေါက်ဖွားတာမျိုးမရှိအောင် ကာကွယ်ပေးပါတယ်။ လေပွတာ၊ လေထိုးလေအောင့်တာနဲ့ အခြားသောအစာခြေစနစ်ပြဿနာတွေကို ကင်းဝေးစေမှာပါ။ ဝမ်းမှန်စေပြီး အူတွေပုံမှန်လှုပ်ရှားအောင်လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒါတွေအပြင် ကိုလက်စထရောကျစေတာ၊ ရောင်ရမ်းမှုတွေကို သက်သာစေတာ၊ စိတ်ဖိစီးမှုတွေကိုလျော့ပါးစေတာ၊ နာကျင်မှုတွေကင်းဝေးစေတာ၊ ခံတွင်းကျန်းမာရေးကောင်းစေတာ၊ အနာကျက်စေနိုင်တာ၊ သိုင်းရွိုက်ဂလင်းတွေကို ကျန်းမာစေတာ၊ တုပ်ကွေးလိုမျိုး ကူးစက်တတ်တဲ့ရောဂါတွေကနေ ကာကွယ်ပေးတာတွေလိုမျိုး ကျန်းမာရေးကိုအထောက်အကူပြုပေးပါတယ်။

ဒီလောက်ထိအကျိုးပြုနေမှတော့စားသုံးသင့်တဲ့ အာဟာရတစ်မျိုးဆိုတာပြောနေစရာတောင် မလိုပါဘူးနော်။ ဘယ်လိုများ အစားအသောက်တွေထဲမှာL. reuteri အကျိုးပြုဘက်တီးရီးယားလေးတွေ ပါအောင်စားနေရမလဲလို့များတွေးနေလား။ ဒီဓာတ်က အရင်ကစားနေကျ အစားအသောက်ထဲမှာပါပြီးသားမို့ ထူးထူးဆန်းဆန်းကြီးတော့မတွေးပါနဲ့။ သေချာချင်ရင်တော့ ဒီအကျိုးပြုဘက်တီးရီးယားလေးတွေပါဝင်တဲ့ ဆေးဝါးတစ်ခုခုကိုမှီဝဲပေးလိုက်ပါနော်။ ကိုယ်ကျန်းမာစိတ်ချမ်းသာပါစေဆိုတဲ့တောင်းဆုလေးပြည့်ကြပါစေကြောင်း။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

L. reuteri – A common probiotic strainhttps://humarian.com/l-reuteri-common-probiotic-strain/ Accessed Date 15 November 2018

Role ofLactobacillus reuteriin Human Health and Diseaseshttps://www.ncbi.nlm.nih.gov/pmc/articles/PMC5917019/ Accessed Date 15 November 2018

13 Amazing Benefits of the Lactobacillus reuteri Probiotichttps://www.selfhacked.com/blog/l-reuteri/ Accessed Date 15 November 2018

ယခုပုံစံ

04/10/2022

Aye Thi Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ပိုးသတ်ဆေး ကြောင့် ဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှော

ပိုးသတ်ဆေး သောက်ပြီးနောက် ဝမ်းလျှောလာခဲ့ရင်


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 04/10/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ