ကလေး တစ်ယောက်ကို ဘယ်လိုစိတ်ခွန်အားမြှင့်တင်ပေးမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 18, 2020 . 1 min read
Share now

ကလေး တစ်ယောက်ရဲ့ စိတ်ဓာတ်က နုနယ်ပါတယ်။ သူတို့လေးတွေ စိတ်အားတက်ကြွနေဖို့ စိတ်ဓာတ်ခွန်အားပြည့်ဝနေဖို့လိုအပ်ပါတယ်။

စိတ်ခွန်အားပြည့်ဝပြီး အားအင်တက်ကြွနေမှ သူတို့လေးတွေရဲ့ နေ့စဉ်ဘဝဟာ ဖြောင့်ဖြူးသာယာနေမှာပါ။ ဒီလို စိတ်အားတက်ကြွနေဖို့၊ စိတ်ခွန်အားမြင့်မားနေဖို့ဆိုရင် မိဘအုပ်ထိန်းသူတွေရဲ့ လမ်းညွှန်မှုနဲ့ ဆုံးမပဲ့ပြင်မှုတွေက အဓိကကျပါတယ်။

ကိုယ့်ကလေး ပျော်ရွှင်တက်ကြွနေအောင် ဘယ်လို အားပေးကြမလဲ။ ဘယ်လို စိတ်အားတက်ကြွစေမလဲ။ နည်းလမ်းလေးတွေ ရှိပါတယ်။

ဘယ်လိုလုပ်ရမလဲ သင်ကြားပေးပါ

ကလေးဆိုတာ သိချင်စိတ်များတယ်။ ဒါကြောင့် ဘာလုပ်လုပ် သူတို့က ဝင်ပါချင်တတ်ကြစမြဲ။ ဒီလိုအခြေအနေမျိုးမှာ ဆူငေါက်ပြီး နှင်ထုတ်လိုက်တာထက် ဘယ်လိုလုပ်ရတယ်၊ ဘာကြောင့်လုပ်ရတယ်ဆိုတာမျိုး သင်ကြားပေးမယ် ပြောပြပေးမယ်ဆိုရင် သူ့ရဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုကို မြှင့်တင်ပေးရာရောက်ပါတယ်။

ဖေဖမေမေတို့နဲ့ နေတဲ့အချိန်တိုင်းမှာ ဆုချီးမြှင့်ပါ

တီဗီကြည့်ချိန်၊ ဂိမ်းဆော့ချိန်တွေထက် ဖေဖေမေမေတို့နဲ့ နေတဲ့အချိန်ပိုများတာက ကလေးတွေအတွက် ပိုအကျိုးရှိပါတယ်။ ကိုယ်တိုင်ကလည်း ကလေးတွေက အချိန်ပေးဖို့လိုပါတယ်။

ပေါက်ကရမုန့်တွေ မစားဖြစ်တိုင်း ဆုချပါ

လမ်းဘေးသွားရည်စာတွေ၊ Junk Food တွေနဲ့ အသင့်စားအစားအစာတွေဟာ ကလေးရဲ့ ကျန်းမာရေးကို ထိခိုက်စေတတ်ပါတယ်။ ဒါပေမယ့် ကလေးတွေအကြိုက်လည်းဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ဒီလိုအစားအစာတွေကို မစားဖို့ ဆူပူနေတာမျိုးထက် မစားရင် ဘယ်လိုဆုချမယ်ဆိုပြီး ဆွဲဆောင်တာက ပိုကောင်းတဲ့နည်းပါ။

ရလဒ်ကိုမကြည့်ပါနဲ့၊ ကြိုးစားမှုအတွက် ဂုဏ်ယူပါ

ကလေးတွေရဲ့ ကြိုးစားအားထုတ်မှုကို အလေးထားပေး၊ ဂုဏ်ပြုပေးဖို့ လိုပါတယ်။ ပထမရမှ၊ နိုင်မှ ဂုဏ်ပြုဖို့ လိုအပ်တာမဟုတ်ပါဘူး။ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုလိုက်တာက ကလေးကို နောက်နောင်မှာ ပိုကြိုးစားဖြစ်စေပါလိမ့်မယ်။

တည်ငြိမ်ပါ၊ ဆူဆူပူပူမလုပ်ပါနဲ့

ကလေးက အမှားလုပ်မိရင်တောင်မှ တည်တည်ငြိမ်ငြိမ်ရှင်းပြပါ။ ဆူပူကြိမ်းမောင်းနေတာဟာ ကလေးရဲ့ စိတ်ကို ထိခိုက်စေတတ်ပါတယ်။ အမှားလုပ်ဖို့ ကြောက်သွားတာဟာ အမှားမလုပ်ဖြစ်စေဖို့ထက် နောက်ထပ်အမှားအယွင်းတွေပိုဖြစ်လာစေဖို့ ပိုနီးစပ်သွားစေတတ်ပါတယ်။

အတူတူလေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းလုပ်တာက ရင်းနှီးမှုကိုပိုစေသလို ကျန်းမာရေးကိုလည်း ကောင်းမွန်စေတယ်လေ။ မိဘနဲ့သားသမီးကိုလည်း ပျော်ရွှင်မှုတိုးစေတာမို့ ကလေးရဲ့ စိတ်ကို အားတက်စေပါလိမ့်မယ်။ တစ်နေ့မှာ တစ်နာရီလောက်တော့ လေ့ကျင့်ခန်းလုပ်သင့်ပါတယ်နော်။

စိတ်ခွန်အားပေးပါ

အများနဲ့ နှိုင်းယှဉ်ပြပါ။ အခက်အခဲဆိုတာ လူတိုင်းရင်ဆိုင်ရတယ်၊ စိတ်ခွန်အားအပြည့်နဲ့ ရင်ဆိုင်ဖို့ ပြောပြပါ။

အတူတူချက်ပြုတ်စားကြည့်

မီးဖိုချောင်အလုပ် အတူလုပ်တာက ရင်းနှီးမှုကို ပိုစေသလို ယုံကြည်မှုကိုလည်း ပိုတိုးစေတတ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သားသားမီးမီးတို့ကို စိတ်ညစ်အောင်လုပ်နေကျ ဗိုက်ဗိုက်ပြဿနာတွေအကြောင်း

သားသားမီးမီးတို့ရဲ့ ဗိုက်ဗိုက်ကလေးမှာ ဝမ်းချုပ်တာက၊ လေပွတာတွေက လူကြီးတွေမှ ဖြစ်တတ်တဲ့ ပြဿနာ မဟုတ်ပါဘူး။ သားသားမီးမီးတွေလည်း ခံစားရနိုင်ပါတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကိုဗစ်ကာလမှာ ကလေးတွေဂိမ်းပိုဆော့လာတာကို အပြစ်မမြင်သင့်တော့ပါ

ကိုဗစ်ကာလမှာ မိဘတွေနဲ့ တီးခေါက်ကြည့်မိသလောက် ကလေးတွေနဲ့ ကျောင်းတက်နေဆဲဖြစ်တဲ့ ဆယ်ကျော်သက်အရွယ်တွေ အရင်ကထက် ပိုပြီး ဂိမ်းဆော့လာတယ်လို့ ပြောနေကြတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 29, 2020 . 2 mins read

အမျိုးသားများ ရင်သား နို့ထွက်နိုင်သလား…

အမျိုးသား ရင်သား နို့ထွက် နို့တိုက် အမျိုးသမီး ဆီးကျိတ် သားအိမ် ကိုယ်ဝန်ဆောင် ဟော်မုန်း ပရိုလက်တင် အသည်း အာဟာရ သိုင်းရွိုက်ဟော်မုန်း ကလေး နို့သီးခေါင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

စာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့ စောနေသေးလား…

စာသင်ကျောင်း ကိုဗစ် ကပ်ဘေးကာလ ရောဂါပိုး မြန်မာနိုင်ငံ ကူးစက် ကာကွယ် ဒုတိယလှိုင်း Mask ကွမ်းတံတွေး ချောင်းဆိုး နှာချေ လက်ဆေး ကလေး လူကြီး ပိုးကူးစက်သူ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 25, 2020 . 2 mins read

သင့်အတွက် ရွေးချယ်ထားသည်

အားကစားလုပ်ဖို့ရာမှာ လိုအပ်တဲ့ စိတ်အားထက်သန်မှု motivation

အားကစားလုပ်ဖို့ရာမှာ လိုအပ်တဲ့ စိတ်အားထက်သန်မှု motivation

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 5, 2021 . 3 mins read
စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ကိုယ်တိုင် ပျိုးထောင်ယူလိုက်ပါ။

စိတ်ရောကိုယ်ပါ ကျန်းမာခြင်းကို ပျိုးထောင်ဖို့ ပြီးပြည့်စုံတဲ့ နည်းလမ်း (၁၉)သွယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 11, 2020 . 4 mins read

ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တဲ့ တင်းတိပ်ပြဿနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 2 mins read

ကိုယ်ဝန်ဆောင်နေချိန် Skin Care လုပ်သင့်လား

ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 3 mins read