backup og meta

အိပ်နေရင်း စကားပြောတာရောဂါလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 16/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိပ်နေရင်း စကားပြောတာရောဂါလား

    ညအိပ်နေရင်း စကားပြောတတ်သူလား။ ဒါက ဖြေရခက်တယ်နော်။ သူများတွေ ညအိပ်ရင်း စကားပြောတာကို သိနိုင်ပေမယ့် ကိုယ်တိုင်ကျ ညအိပ်ရင်း စကားပြောတတ်လား ဆိုတာကိုကျ သိနိုင်ဖို့ ခက်ပါတယ်။ ဒီပြဿနာကို အဖြေ ရှာပေးနိုင်မှာက ကိုယ့်ရဲ့ မိသားစုဝင်တွေပါ။ ကိုယ်တိုင်က အိပ်နေရင်း စကားပြောတတ်သူလား ဆိုတာကို သိနိုင်ဖို့အတွက် မိသားစုဝင်တွေကို မေးကြည့်ပါ။ နောက်တစ်ခုကတော့ အိပ်နေရင်း စကားပြောတာရောဂါလား ဆိုတာကို ကြည့်လိုက်ပါနော်။

    အိပ်နေရင်း စကားပြောတာရောဂါလား

    အိပ်နေရင်း စကားပြောတာရောဂါလား ဆိုတာကို စစ်ကြည့်လိုက်ရအောင်နော်။

    အိပ်နေရင်း စကားပြောခြင်း

    အိပ်နေရင်း စကားပြောခြင်းကို ဆေးပညာ အခေါ်အဝေါ် အနေနဲ့ somniloquy လို့ ခေါ်ကြပါတယ်။ အိပ်ပျော်နေစဉ်မှာ စကားပြောတတ်တာက အလေ့အထ တစ်မျိုးပါ။ လူတိုင်းတော့ မဖြစ်နိုင်ပါဘူး။

    အိပ်နေတုန်း စကားပြောတတ်တဲ့ အကျင့် ရှိသူတွေက သူတို့ဆီမှာ ဒီ အကျင့် ရှိနေမှန်းတောင် မသိကြပါဘူး။ အိပ်နေစဉ် စကား ပြောတဲ့အခါ ပုံမှန် ပြောနေကျ အသံနဲ့ မတူတတ်ပါဘူး။ မသိစိတ်ရဲ့ စေခိုင်းမှု အတိုင်း လုပ်မိနေတဲ့ အပြုအမူ တစ်ခု ဖြစ်တာကြောင့်ပါ။ အိပ်နေစဉ်စကားပြောတာက REM အဆင့်မှာ ဖြစ်တာ များပြီး non-REM (NREM) အဆင့်မှာ မဖြစ်တတ်ကြပါဘူး။

    REM အဆင့်မှာ အိပ်မက်မက်နေရင်း အိပ်မက်ထဲမှာ မြင်မက်နေတဲ့ အကြောင်းအရာတွေ အပေါ် တုံ့ပြန်တဲ့ အနေနဲ့ နှုတ်ကနေ အသံထွက်တာကြောင့် အိပ်နေစဉ် စကားပြောခြင်း ဖြစ်စဉ် ဖြစ်လာရတာပါ။ အသံက သဲသဲကွဲကွဲတော့ သိပ်မဖြစ်တတ်ပါဘူး။

    အိပ်နေစဉ် စကားပြောခြင်းက ကလေးငယ်တွေမှာ အဖြစ်များ ပါတယ်။ အသက် ၃ နှစ် ကနေ ၁၀ နှစ်အတွင်း ကျောင်းနေအရွယ်ကလေးတွေမှာ အဖြစ်များတယ်လို့ စစ်တမ်းတွေ အရ သိရပါတယ်။ ဒီ အရွယ် ကလေးငယ်တွေထဲ ထက်ဝက်ခန့်က ညအိပ်နေစဉ်မှာ စကားပြောကြပါတယ်။ ဒီလို ပြောတဲ့အခါမှာလည်း လက်ရှိ ကြုံတွေ့နေရတဲ့ အကြောင်းအရာတွေနဲ့ အရင်က ကြုံခဲ့ဖူးတဲ့ အကြောင်းအရာတွေကို ပြောကြတာ ပိုများပါတယ်။

    တော်တော်များများ ယူဆထားတာက အိပ်နေတုန်း စကားပြောတာက အိပ်မက်ရဲ့ တစ်စိတ်တစ်ပိုင်းလို့ပေါ့။ တကယ်တော့ မဟုတ်ပါဘူး။ ဒီအချက်တွေကြောင့် အိပ်နေရင်း စကားပြောရတာပါ။

    ပြင်ပကအကြောင်းအရာတွေစိတ်ဖိစီးမှု များနေတာ၊ စိတ်ဓာတ်ကျ နေတာ၊ အဖျားတက်နေတာ၊ အိပ်ရေးပျက်တာတွေ ကြောင့်ပါ။

    မျိုးဗီဇ – မျိုးရိုးလိုက်တာကြောင့်လည်း အိပ်နေစဉ် စကားပြောကြတာပါ။ ကလေးဘဝမှာ မိဘ တစ်ဦးဦးက အိပ်နေစဉ် စကားပြောတာကိုမြင်ခဲ့ဖူးတဲ့ ကလေးတွေက အိပ်နေတုန်းမှာ စကားပြောတတ်ကြပါတယ်။

    အိပ်စက်မှုပြဿနာရှိတာအိပ်စက်မှု ပြဿနာရှိသူတွေ၊ ညဘက် အိပ်ရေးပျက်သူတွေ၊ အိပ်မက်ဆိုး မကြာခဏ မက်တတ်သူတွေမှာလည်း အိပ်နေစဉ် စကားပြောတတ်ကြပါတယ်။

    စိတ်ရောဂါရှိနေတာ – စိတ်ပိုင်းဆိုင်ရာဝေဒနာတစ်ခုခုကို ခံစားနေရသူတွေကလည်း ညအိပ်နေစဉ်မှာ စကားပြောတတ်ကြပါတယ်။

    သောက်သုံးနေရတဲ့ဆေးဝါးတွေကြောင့် – အချို့သော ဆေးဝါးတွေ အိပ်နေစဉ်စကားပြောတာကိုဖြစ်စေနိုင်ပါတယ်။ ဥပမာပြောပြရရင် ပန်းနာရင်ကျပ်ရောဂါ သက်သာစေဖို့သောက်သုံးရတဲ့ဆေးတွေက ညအိပ်နေစဉ် စကားပြောတာမျိုးကိုဖြစ်စေနိုင်ပါတယ်။

    အိပ်နေစဉ်စကားပြောတာက ရောဂါမဟုတ်ပါဘူး။ အိပ်နေစဉ်မှာဖြစ်တတ်တဲ့ အခြေအနေတစ်မျိုးပါ။ အိပ်နေစဉ်စကားပြောတာက အိပ်စက်မှုကို ထိခိုက်တာမျိုးမရှိသလို ကျန်းမာရေးကို ထိခိုက်စေတာမျိုးလည်း မရှိနိုင်ပါဘူး။ ဒါကဖြစ်လေ့ဖြစ်ထရှိတယ်ဆိုပေမယ့် ညတိုင်းဖြစ်နေမယ်ဆိုရင်တော့ မိသားစုဝင်တွေကို အိပ်ရေးပျက်စေနိုင်ပါတယ်။ ဒီလိုမျိုးဖြစ်လာပြီဆိုရင်တော့ သင့်တော်တဲ့ ကုထုံးကို ခံယူဖို့ အကြံပြုပါရစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 16/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement