backup og meta

မိသားစု ကျန်းမာရေးအတွက် မိနစ်၂၀စာ အိမ်သန့်ရှင်းရေး

အလုပ်ရှုပ်လှသော ခေတ်သစ်လူနေမှုဘဝမှာ ကျွန်တော်တို့ဟာ အလုပ်ရဲ့ စိတ်ဖိအားတွေကို လျော့နည်းစေဖို့ အချိန်နည်းနည်းပဲ ပေးနိုင်ပါတယ်။ အဲဒါတွေကြောင့် ကျွန်တော်တို့ဟာ ထင်ထားတာထက် ကျန်းမာရေးကို ပိုမိုသက်ရောက်နေတဲ့ အိမ်သန့်ရှင်းရေး ကို လျစ်လျူရှုနေကြပါတယ်။ ကလေးတွေ အိမ်မွေးတိရစ္ဆာန်လေးတွေရှိတဲ့ အိမ်တွေက အိမ်သန့်ရှင်းဖို့၊ ရောဂါပိုးရှင်းနေဖို့ ပိုတောင် လိုပါသေးတယ်။ အောက်ပါ ဆောင်းပါးက အိမ်ကို မိနစ်၂၀အတွင်း သန့်ရှင်းသပ်ရပ်နေအာင် ဘယ်လို ထားမလဲ ရှင်းပြပါလိမ့်မယ်။

မိသားစု ကျန်းမာရေးအတွက် မိနစ်၂၀စာ အိမ်သန့်ရှင်းရေး

မိသားစု ကျန်းမာရေးအတွက် မိနစ်၂၀ စာ အိမ်သန့်ရှင်းရေး ကတော့ ဘာတွေဖြစ်မလဲ ဆိုတော့

နေရာ(၁) ရေချိုးခန်း

  • ရေပန်း၊ ဘေစင်၊ မှန်တင်ခုံနဲ့ ရေစည်တို့ကို Sprayဖျန်း သန့်စင်ကာ နေရာတကျ ထားပါ။
  • တစ်ခါတရံကို အိမ်သာကို ပြောင်အောင် ဆေးဖို့ဆိုတာ ခက်ပါတယ်။ မုန့်ဖုတ်ဆော်ဒါဖြင့် ကြွေခွက်ကိုဖြူးကာ brushဖြင့် တိုက်ပေးပါ။ ပြီးနောက်ရေဆွဲချပါ။ အိမ်သာကြွေခွက် လုံးဝ သန့်ရှင်းသွားပါလိမ့်မယ်။ ထို့နောက် ကြွေခွက်အပြင်ကို Spray ဖြန်းထားသော အဝတ်ဖြင့် တိုက်ပေးပါ။
  • မှန်တင်ခုံကို မှန်သန့်ဆေးဖြင့် အပေါ်ထောင့်မှ စကာ ဝိုက်ပြီး တိုက်ပေးပါ။
  • ရေစိုအစဝတ်ဖြင့် ကြမ်းတိုက်ပေးပါ။(အနံ့ပျောက်ဆေးထည့်တိုက်သင့်သည်)။ အခန်းထောင့်မှစပြီး တံခါးဝထိ အမြန်တိုက်ပေးပါ။

နေရာ(၂) မီးဖိုချောင်

  • ပထမဆုံးပေနေတဲ့ ပန်းကန်တွေကို စဆေးပါ။ ဘေစင်ထဲမှာ တစ်ရက်ထက်ပိုပြီး မထားပါနဲ့။ အနံ့ဆိုးတွေ ထွက်ပြီး ယင်ကောင်၊ ပိုးကောင်နဲ့ ပိုးဟပ်တွေရောက်လာပါလိမ့်မယ်။
  • စားပွဲပေါ်က အရှုပ်ထုပ်တွေကို ရှင်းပါ။ ကြောင်အိမ်နဲ့ အံဆွဲထဲဟာတွေကိုလည်း စနစ်တကျ ပြန်စီပါ။ မီးဖိုချောင်က သေသပ်လေလေ သန့်ရှင်းလေလေဖြစ်သည်။
  • Sprayဖြန်းကာ ရေစွတ်ထားသော အဝတ်ဖြင့် စားပွဲကို သန့်ရှင်းပေးပါ။
  • အဝတ်စိုဖြင့် ပန်ကန်ဆေးစက်၊ မီးဖို၊ microwave နဲ့ ရေခဲသေတ္တာတို့ကို အတွင်းအပြင် သန့်ရှင်းပေးပါ။ အခန်းထောင့်မှ တံခါးဝအထိ တံမြက်စည်းအမြန်လှဲပါ။ ပြီးနောက် ကြမ်းတိုက်ပါ။ အနံ့ကောင်းပြီး သန့်ရှင်းစေရန် အနံ့ပျောက်ဆေး ထည့်သုံးပါ။

နေရာ(၃)ဧည့်ခန်း

  • အခန်းထဲရှိ နေရာမမှန်တဲ့ အရာတွေကို ရှာပါ။ နေရာတကျ ပြန်ထားပါ။ ဒါမှ စနစ်တကျဖြင့် သပ်သပ်ရပ်ရပ် ဖြစ်နေလိမ့်မည်။ ပစ္စည်းတွေ မပြန့်ကျဲနေမှနောက်ထပ်အဆင့်တွေ ထပ်လုပ်ဖို့ လွယ်ပါလိမ့်မယ်။
  • အခန်းနှင့်ပရိဘောဂတို့ကို ဖုန်ပြောင်အောင်သုပ်ပါ။ သုတ်ထားသောနေရာများကို ဖုန်များ ပြန်မပေအောင် အစွန်းထိ ရောက်အောင် သုတ်ပေးပါ။
  • မှန်သန့်ဆေးဖြင့် မှန်များကိုဝိုက်၍တိုက်ပေးပါ။
  • နောက်ဆုံး ဖုန်စုတ်စက်ဖြင့် ပရိဘောဂနှင့် ကြမ်းပြင်တို့မှ ဖုန်စဖုန်နနှင့် အမှိုက်များ မကျန်ရှိစေရန် ရှင်းလင်းပေးပါ။

သင့်ကလေး ဒါမှမဟုတ် အိမ်မွေးတိရိစ္ဆာန်တို့က ဖျားနာလွယ်နေခြင်းကနေ အိမ်မသန့်ရှင်းခြင်းကြောင့် သူတို့ ကစားတဲ့ နေရာတွေ အိပ်တဲ့ နေရာတွေမှာ ဖုန်မှုန့်တွေ ပိုးမွှားတွေ ရှိလို့ပဲ ဖြစ်တယ်။ မိမိနေတဲ့ ပတ်ဝန်းကျင်ဟာ မိမိရဲ့ ကိုယ်ရောစိတ်ပါ ကျန်းမာခြင်းကို သက်ရောက်မှု ရှိတယ်ဆိုတာ သိထားရပါလိမ့်မယ်။ ဒါကြောင့် လူတိုင်း မိမိနေအိမ် သန့်ရှင်းရေးကို လျစ်လျူမရှုသင့်ပါဘူး။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

How to clean your home in 19 minutes, August 1, 2007
http://edition.cnn.com/2007/LIVING/homestyle/07/27/wlb.rs.clean.plan/index.html

20-Minute Home ‘Clean-Ups’ for a Healthier Family
http://www.webmd.com/parenting/features/20-minute- home-cleanups- for-better- family-health#1

ယခုပုံစံ

09/08/2022

Phyo Wai Yan မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သန့်ရှင်းသပ်ရပ်နေတဲ့ အိမ်လေးကပေးတဲ့ အကျိုးကျေးဇူး

ကိုယ့်ရဲ့ နေအိမ်ဝန်းကျင် သန့်ရှင်းသပ်ရပ်နေတဲ့အခါ…


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Phyo Wai Yan မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 09/08/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement