backup og meta

အစာခြေစနစ်နဲ့ ခုခံအားစနစ်က ဒီလိုဆက်စပ်နေပါတယ်။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အစာခြေစနစ်နဲ့ ခုခံအားစနစ်က ဒီလိုဆက်စပ်နေပါတယ်။ ။

    လူ့ကိုယ်ခန္ဓါဆိုတာ ကားနဲ့တူပါတယ်။ မှန်ကန်တဲ့လောင်စာဆီထည့်မှ အင်ဂျင်တွေကောင်းကောင်းအလုပ်လုပ်နိုင်ပြီး လိုရာခရီးကို ချောချောမွေ့မွေ့ရောက်မှာဖြစ်ပါတယ်။ လူ့ကိုယ်ခန္ဓါလည်း ဒီလိုပါပဲ။ ကိုယ်ခန္ဓါအတွက် မှန်ကန်အကျိုးရှိတဲ့ အရာတွေကို ရွေးစားပေးမှ အားအင်ြပည့်ဝပြီး ရောဂါဘယတွေကနေ ကင်းဝေးမှာဖြစ်ပါတယ်။ ဒါတွေကို ကြည့်လိုက်တာနဲ့တင် အစာခြေစနစ်နဲ့ ခုခံအားစနစ်က ဆက်သွယ်မှုရှိနေတယ်ဆိုတာ တွေ့ရမှာပါ။ ။

    အစာခြေစနစ်က ဘယ်လို တာဝန်တွေကို ယူရတာလဲ။ ။

    အစာခြေစနစ်ကြီးမှာ ပါးစပ်ပေါက်ကနေ စအိုဝအထိတောက်လျှောက်ပါပါတယ်။ လူတို့သက်တမ်းတစ်လျှောက် မရေမတွက်နိုင်အောင်စားတဲ့ အစားအစာတွေကို ဒီစနစ်ကပဲတာဝန်ယူ ခြေဖျက်ပေးပြီး လိုအပ်တဲ့ အာဟာရတွေကို စုပ်ယူပေးနေရတာပါ။ မှန်ကန်တဲ့ အစားအသောက်တွေစားမှလည်း လိုအပ်တဲ့အာဟာရတွေကို ရဖို့အတွက် အစာခြေစနစ်က တာဝန်ယူပေးနိုင်မှာပါ။

    ခုခံအားစနစ်ရဲ့တာဝန်တွေကရောဘာတွေလဲ။ ။

    ခုခံအားစနစ်ကိုတော့ ကိုယ်တွင်းစစ်တပ်ကြီးလို့ပြောလို့ရပါတယ်။ အပြင်ကရောဂါပိုးတွေ ဝင်မလာနိုင်အောင်၊ ဝင်လာခဲ့ရင်လည်း ပြန်ထွက်သွားအောင် တိုက်ထုတ်ပေးရတဲ့ စနစ်ကြီးပါ။

    အစာခြေစနစ်နဲ့ ခုခံအားစနစ်က ဘယ်လိုဆက်စပ်နေတာလဲ။ ။

    သောင်းကျန်းသူ ဘက်တီးရီးယားတွေ အများဆုံးရှိတဲ့ အစာအိမ်နဲ့ အူလမ်းကြောင်း နယ်မြေမှာ ခုခံအားစစ်တပ်ကြီးရဲ့ ၈၀ ရာခိုင်နှုန်းလောက်က အချိန်ပြည့် တာဝန်ယူနေရပါတယ်။ စားလိုက်တဲ့ အစားအသောက်တွေထဲက အာဟာရေတွ ရအောင် အစာအိမ်နဲ့ အူလမ်းကြောင်းက စုပ်ယူပေးရတာဖြစ်လို့ ကိုယ်ခန္ဓါအတွက် သူတို့က အရေးကြီးတယ်ဆိုတာ ယုံမှားဖွယ်မရှိပါဘူး။ သောင်းကျန်းသူ ဘက်တီးရီးယားတွေဟာ အခွင့်ရရင်ရသလို ဒုက္ခပေးတတ်ကြပါတယ်။ အဲ့ဒီ အခါကျရင် အစာအိမ်နဲ့ အူလမ်းကြောင်းမှာတစ်ခုခုဖြစ်ပြီး ကိုယ်တွင်းခုခံအား စနစ်ကြီး အလုပ်စရှုပ်ပါတော့တယ်။ ဒါကြောင့် ခုခံအားနဲ့ အစာအိမ်အူလမ်းကြောင်းဆိုတာ အမြဲ ဆက်စပ်နေတဲ့ အရာတစ်ခုပါ။

    အစာအိမ်နဲ့ အူလမ်းကြောင်းမှာရှိတဲ့ ကောင်းတဲ့ ဘက်တီးရီးယားတွေကို ဘာတွေက ဒုက္ခပေးနိုင်တာလဲ။ ။

    အစားအသောက်ဆိုတာ စားတတ်ရင် ကောင်းတဲ့ အရာဖြစ်ပြီး အစားမတော်ရင်တော့ ဘေးဖြစ်နိုင်ပါတယ်။ အာဟာရေတွ ပြည့်ဝမျှတအောင် လိုအပ်တဲ့ ကလေးတွေ အတွက်ဆို မှန်ကန်တဲ့အစားအသောက် စားဖို့ ပိုလို့တောင် အရေးကြီးပါသေးတယ်။ ဒါကြောင့် ခုပြောပြမယ့် အကျိုးပြု ဘက်တီးရီးယားတွေကို ဒုက္ခပေးနိုင်တဲ့ အစားအသောက်တွေကို ကလေးတွေ မစားမိဖို့ အရေးကြီးပါတယ်။ တာရှည်ခံေအာင်လုပ်ထားတဲ့ စည်သွပ်ဘူး၊ အသားခြောက်တွေ၊ အရောင်ဆိုးထားတဲ့ အစားအစာတွေ၊ အချိုဓါတ်လွန်ကဲတဲ့ အစားအသောက်တွေ၊ ကလေးသောက်ရတဲ့ဆေးတွေ၊ စိတ်ဖိစီးမှုတွေက မကောင်းတဲ့ ဘက်တီးရီးယားတွေကို ထကြွစေပါတယ်။ ဒီလိုဆို ခုခံအားစနစ် အားနည်းသွားပြီး ကလေးတွေ နေမကောင်းဖြစ်ကြပါတော့တယ်။ နေမကောင်းလို့ဆိုပြီး ပဋိဇီဝ ပိုးသတ်ဆေးတွေကို လူကြီးတွေ သောက်သလို ကလေးတွေ လိုက်သောက်လို့ မရပါဘူး။ ဆေးတွေကို လိုအပ်တဲ့ ပမာဏထက် ပိုသောက်မိရင် ကောင်းတဲ့ အကျိုးပြု ဘက်တီးရီးယားတွေကိုပါ သေစေနိုင်ပါတယ်။ ဒီလိုနဲ့ ကိုယ်တွင်းမှာ အကျိုးပြု ဘက်တီးရီးယားတွေ နည်းလာပါတော့တယ်။

    အစာအိမ်နဲ့ အူလမ်းကြောင်း မှာ အကျိုးပြု ဘက်တီးရီးယားနည်းလာရင် ခုခံအား စနစ်ဘယ်လိုထိခိုက်လာမှာလဲ။ ။

    အကျိုးပြု ဘက်တီးရီးယားတွေ မရှိတော့ဘူးဆိုတာနဲ့ မကောင်းတဲ့ ဘက်တီးရီးယားတွေ သောင်းကျန်းလာပြီး အစာမကြေတာ၊ လေပွတာ၊ ဝမ်းလျှောတာတွေ ဖြစ်လာပါတော့တယ်။ အဲလိုမျိုးဖြစ်လာပြီဆို ကိုယ်တွင်းခုခံအားက ပြင်ပကဝင်ရောက်လာတဲ့ အစာတွေကို ရောဂါပိုးတွေ အဖြစ် မှားသတ်မှတ်ပြီး immune antibodies တွေနဲ့ စတင်တိုက်ခိုက်ပါတော့တယ်။ ဒီလိုနဲ့ လိုအပ်တဲ့ အာဟာရတွေလည်း မရတော့လို့ ခုခံအား စနစ်ကြီး ပိုပြီးအားနည်းလာပါတော့တယ်။

    အစာအိမ်နဲ့ အူလမ်းကြောင်းမှာ အကျိုးပြု ဘက်တီးရီးယားတွေ ပြန်များလာအောင် ဘယ်လိုလုပ်မလဲ။ ။

    အရေးအကြီးဆုံးကတော့ အစားစားတာပါ။ အကျိုးပြု ဘက်တီးရီးယားတွေ အားကောင်းစေတဲ့ ၊ အစားအသောက်တွေ စားပေးခြင်းကသာ အကောင်းဆုံးပါ။ အကျိုးပြု ဘက်တီးရီးယားတွေကို အားကောင်းစေတဲ့ အစားသောက်တွေကတော့

    • ဒိန်ချဉ် ( ဒိန်ချဉ်ဟာ အစာအိမ်နဲ့ အူလမ်းကြောင်းအတွက် အလွန်ကောင်းတဲ့ အရာတစ်ခုဆိုတာ လူတိုင်းသိပြီးကြမှာပါ)။
    • ပဲနို့ (ပဲနို့မှာ ပရိုတင်းဓါတ်ကြွယ်ဝပြီး ခုခံအားစနစ်ကိုအားပေးတဲ့ အမိုင်နိုအက်ဆစ်တွေ အများကြီးပါဝင်ပါတယ်)
    • ကင်မ်ချီလိုမျိုး အချဉ်ဖောက်ထားတဲ့ အစားအသောက်တွေက အကျိုးပြု ဘက်တီးရီးယားတွေကို ပိုပြီး အားကောင်းစေပါတယ်။ သန့်ရှင်းဖို့ကတော့ လိုတာပေ့ါ။
    • ငါးကြီးဆီက အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ဖြစ်နေတဲ့ ရောင်ရမ်းတာတွေ အတွက် အကောင်းဆုံးဖြေရှင်းပေးနိုင်တဲ့ အရာတစ်ခုပါ။
    • အမျှင်ဓါတ်ပါတဲ့အစားအသောက်တွေကလည်း အူလမ်းကြောင်းကို အားကောင်းစေတဲ့ အစားအစာတွေပါ။

    အစာအိမ်နဲ့ အူလမ်းကြောင်း ဟာ ကိုယ်ခန္ဓါအတွက် လိုအပ်တဲ့ အာဟာရတွေကို စုပ်ယူချေဖျက်ပေးနေတဲ့ အပြင် သူ့ထဲမှာ ရှိနေတဲ့ အကျိုးပြု ဘက်တီးရီးယားလေးတွေက တစ်ခြား ရောဂါပိုးတွေ မဝင်နိုင်အောင်လည်း တာဆီးကာကွယ်ပေးပါတယ်။ ဒါကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းဆိုတာ ကျန်းမာသန်စွမ်းတဲ့ ကိုယ်ခန္ဓါတစ်ခုဖြစ်ဖို့ အတွက် အဓိက တာဝန်ယူထားရတဲ့ စနစ်ကြီးတစ်ခုပါ။ ခုခံအားကောင်းစေဖို့ အတွက် လိုအပ်တဲ့ အရာတွေကို ထောက်ပံ့ပေးနေတဲ့ ပင်မအရင်းအမြစ်တစ်ခုဆိုလည်း မမှားပါဘူး။ အစာအိမ်ခြေစနစ်နဲ့ ခုခံအားစနစ် တက်ညီလက်ညီတွဲပြီး အလုပ်လုပ်မှသာ ကျန်းမာပျော်ရွင်ရတဲ့ နေ့ရက်တိုင်း ကို သင့်ကလေး ပိုင်ဆိုင်နိုင်မှာပါ။ ။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement