backup og meta

ဘေဘီလေးတို့ အသားလှဖို့ ဆောင်ရန်၊ ရှောင်ရန် တချို့

ဘေဘီလေးတို့ အသားလှဖို့ ဆောင်ရန်၊ ရှောင်ရန် တချို့

မေမေတို့ရဲ့ ဘေဘီလေးတွေကို အသားဖြူစေချင်၊ အသားလှစေချင်လွန်းလို့ သိပ်ဂရုစိုက်ပေးကြတယ် မဟုတ်လား။ ပင်ကိုယ်ကိုက နုနယ်၊ နူးညံ့လွန်းတဲ့ အရွယ်လေးတွေဆိုတော့ လူကြီးတွေလို အသားအရေထိန်း ပေးလို့လည်း မရဘူးလေ။ တကယ်လို့ ဂရုစိုက်ပုံ မှားနေခဲ့ရင် ကလေးအသားအရေ၊ ကလေးအရေပြားမှာ ထိခိုက်ရနိုင်ခြေ များပါတယ်။ ဒါကြောင့် ဘေဘီလေးတို့ အသားလှဖို့ ၊ အသားအရေ ကျန်းမာစေဖို့ ဒီအချက်တွေကို မေမေတို့ သတိထားပေးပါနော်။

ဘေဘီလေးတို့ အသားလှဖို့ ဆောင်ရန်၊ ရှောင်ရန် တချို့

လူကြီးတွေရဲ့ အရေပြားထက် အဆပေါင်းများစွာ ပိုနုတဲ့အပြင် သူတို့လေးတွေရဲ့ အသားအရေ ခြောက်သွေ့သွားရင် ဓာတ်မတည့်မှုတွေ၊ အရေပြားပြဿနာတွေလို အကျိုးဆက်တွေ ရှိလာနိုင်ပါတယ်။ ရေချိုးတဲ့ ကလေးအရေပြားမှာ ရှိနေတဲ့ သဘာဝအဆီလေးတွေ အကုန်ပါသွားနိုင်လို့ပေါ့။ ဒါကြောင့်‌ နေ့တိုင်း ရေမချိုးပေးပါနဲ့။ မွေးစဘေဘီလေးတွေကို တစ်ပတ်သုံးကြိမ်လောက်ပဲ ချိုးပေးပါ။

  • သန့်စင်ပေးတဲ့အခါ ဂရုစိုက်ပါ။

တစ်လဝန်းကျင် ဘေဘီလေးကို တစ်ပတ် နှစ်ကြိမ်၊ သုံးကြိမ် ကလေးသုံး အပျော့စားဆပ်ပြာရည်လေးသုံးပြီး ရေမြှုပ်လေးနဲ့ ရေချိုးပေးလို့လည်း ရပါတယ်။ ရေမချိုးဖြစ်တဲ့ ရက်တွေမှာ ကလေးရဲ့ ပါးစပ်တဝိုက်၊ လက်နဲ့ ခြေထောက် အကွေးအဆန့်ကြားလေးတွေ၊ လည်ပင်းအရစ်လေးတွေ၊ ပေါင်ကြားလေးတွေကို ဂွမ်းလုံးနုနုလေးတွေနဲ့ သန့်စင်ပေးနိုင်ပါတယ်။

  • ကလေးသုံးပစ္စည်းကို ရွေးချယ်ဝယ်ယူပါ။

ဘေဘီတို့ အတွက် သီးသန့်ထုတ်တဲ့ ရေချိုးဆပ်ပြာ၊ အစိုဓာတ်ထိန်းခရင်မ်၊ ခေါင်းလျှော်ရည်၊ အဝတ်လျှော်ဆပ်ပြာ စတဲ့ အသုံးအဆောင်တွေကိုပဲ သုံးပါ။ အဲဒီထဲမှာလည်း အမွှေးနံ့ပြင်းတာ၊ အရောင်တွေပါတာ၊ ဓာတုပစ္စည်းပါတာတွေကို မရွေးမိဖို့ ဂရုစိုက်ပါ။

ရေချိုးတဲ့အခါ ဘေဘီလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ အပျော့စားဆပ်ပြာရည်၊ ခေါင်းလျှော်ရည်တို့နဲ့ပဲ ရေချိုးပေးပါ။ ရေချိုးတဲ့အခါမှာလည်း တစ်ပတ်ကို ၃ ကြိမ်လောက်နဲ့ အချိန် ၃ မိနစ်ကနေ ၅ မိနစ်လောက်အထိပဲ ချိုးပေးတာက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ ကလေးအတွက် ဆပ်ပြာရည်ဝယ်ယူတဲ့အခါ သေသေချာချာစစ်ဆေးဖို့ လိုအပ်သလို တတ်သိနားလည်တဲ့သူ နဲ့ တိုင်ပင်သင့်ပါတယ်။

ရေချိုးပြီး တဲ့အခါ အသားအရေခြောက်သွေ့တာမျိုးမဖြစ်စေဖို့အတွက် ကလေးတွေ အတွက် သီးသန့်ထုတ်ထားတဲ့ အစိုဓာတ်ထိန်းခရင်မ်တစ်ခုခုလူးပေးရပါမယ်။

  • ကလေးအဝတ်အစားတွေ လျှော်တဲ့အခါ အပြင်းစားဆပ်ပြာမှုန့်တွေ မသုံးပါနဲ့

တချို့ဆပ်ပြာမှုန့်တွေက ချေးနဲ့ အစွန်းအထင်းတွေကျွတ်စေတယ်ဆိုပေမယ့် ဓာတုပစ္စည်းတွေ အများအပြား ပါဝင်နေတတ်ပါတယ်။ ဒီလိုမျိုး ဆပ်ပြာမှုန့်တွေနဲ့ ကလေးအဝတ်တွေကို စိမ်ပြီးလျှော်မယ်ဆိုရင် ကလေးအရေပြားမှာ ဓာတ်မတည့်တာ၊ ခြောက်သွေ့ယားယံတာ မျိုး ဖြစ်နိုင်ပါတယ်။

အဝတ်တွေတင် မဟုတ်ဘဲ ကလေးရဲ့ စောင်တွေ၊ ရေသုတ်တဘက်တွေ နဲ့ အခြားအသုံးအဆောင်တွေ လျှော်တဲ့အခါလည်း ဆပ်ပြာအပြင်းစားတွေ မသုံးသင့်ပါဘူး။

ကလေးအနှီးတွေ၊ အဝတ်အစားတွေကို လျှော်မယ်ဆိုရင် ကလေးအဝတ်အစားလျှော်ဖို့ သီးသန့်ထုတ်ထားတဲ့ Fabric washတွေ၊ Softenerတွေကိုပဲ သုံးပေးပါ။ Organicဖြစ်ပြီး ကလေးကို အန္တရာယ်ဖြစ်စေတဲ့ Parabenတွေ၊ အရောင်ဆိုးဆေး၊ အစွန်းချွတ်ဆေးတွေ မပါဝင်မှ ကလေးအတွက် 100% စိတ်ချရပြီး အရေပြားထိခိုက်ခြင်း မရှိမှာ ဖြစ်ပါတယ်။

  • အညစ်အကြေး စွန့်ပြီးတိုင်း သန့်ရှင်းရေးလုပ်ပေးပါ

ဘေဘီလေးကို အဝတ်လဲပေးတဲ့အခါတိုင်း အနည်းဆုံးတော့ ဂွမ်းစနုနုလေးနဲ့ ရေကိုသုံးပြီး ဆီးတွေနဲ့ အညစ်အကြေးတွေကို သန့်စင်ဖယ်ရှားပေးပါ။ အရေပြားကို ပုံမှန် pH ပမာဏရရှိအောင် ထိန်းညှိပေးပါ။

ကလေးကိုအနှီး၊ ဘောင်းဘီ ဒါမှမဟုတ် သေးခံအသစ်လဲပေးဖို့ အတွက် သန့်ရှင်းရေး လုပ်ပေးပြီးတိုင်းမှာ ခြောက်သွေ့အောင် သုတ်ပေးဖို့ကိုလည်း မေ့မထားသင့်ပါဘူး။ ဒီလိုမှမဟုတ်ရင် ဘေဘီလေး တွေမှာ သေးခံလောင်တဲ့ပြဿနာ ခံစားရနိုင်ပါတယ်။

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.webmd.com/parenting/baby/skin-care-tips#1

https://www.momjunction.com/articles/most-helpful-tips-to-keep-your-babys-skin-healthy_00293/#gref

https://www.webmd.com/parenting/baby/ss/slideshow-baby-skin-care

 

ယခုပုံစံ

28/08/2024

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆောင်းရာသီမှာ ဘေဘီလေးတွေကျန်းမာနေစေဖို့

ဘေဘီလေးအတွက် ဖေဖေ့တာဝန် ကျေပွန်ပါစေ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement