backup og meta

ဆံပင်ပါးနေတဲ့ကိုယ့်ကလေး ဆံပင်ထူလာအောင် ဘာလုပ်ပေးရမလဲ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆံပင်ပါးနေတဲ့ကိုယ့်ကလေး ဆံပင်ထူလာအောင် ဘာလုပ်ပေးရမလဲ။ ။

    ဆံပင်ဆိုတာ ဒုတိယမျက်နှာပါ။ ဆံပင်ပုံကျမှ၊ ဆံသားကောင်းမှ၊ ဆံပင်ထူမှ လူတစ်ယောက်ရဲ့ အလှအပက ပြည့်စုံတာပါ။ ဆံပင်ထူမှ လှတာပါ။ ဆံပင်ပါးလို့လှတယ်ဆိုတာ မရှိပါဘူး။ ဒါကြောင့် ပြည့်စုံလှပတဲ့ ဆံပင်ရဖို့အတွက် ငယ်ငယ်တည်းက ထိန်းသိမ်းခဲ့ဖို့တော့ လိုပါတယ်။

    ကလေးတိုင်း မတူကြပါဘူး။ တချို့ကလေးတွေရဲ့ ဆံပင်ကထူပြီး ဆံပင်ပေါက်သန်သလို တချို့ကလေးတွေ ကျတော့ ဆံပင်ပါးပြီး ဆံပင်ပေါက်နှေးကြပါတယ်။ ဆံပင်ထူအောင် ငယ်ငယ်တည်းက မေမေတို့ မလုပ်ပေးခဲ့ရင် အရွယ်ရောက်လာတဲ့အချိန်မှာလည်း သ့င်ကလေးဆံပင်ပါးပါးလေးပဲ ရှိမှာပါ။ ဒါကြောင့် ဆံပင်ပါးနေတဲ့ သင့်ကလေး ကို ဆံပင်ထူလာအောင်၊ သန်လာအောင် လုပ်ပေးဖို့ မေမေတို့မှာ တာဝန် အပြည့်ရှိပါတယ်။ ။

    (၁) ဆံပင်အတွက် လိုအပ်တဲ့ အာဟာရတွေ ကလေးကို များများကျွေးပါ။ ။

  • အာဟာရ ပြည့်ဝတဲ့ အစားအသောက်တွေ စားပေးခြင်းဟာ ဆံပင်သန် လာစေဖို့အတွက် ရွေးချယ်သင့်တဲ့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ သင့်ကလေးရဲ့ ဆံသားကို အာဟာရဓာတ် ကောင်းကောင်း ပြည့်ဝနေစေဖို့အတွက် အသားဓာတ်အဆီဓာတ်သံဓာတ်ဇင့်ဓာတ်ဗီတာမင်ဓာတ် စတဲ့အာဟာရ တွေကြွယ်ဝတဲ့ အစားအသောက်တွေကို ကျွေးပါ။ ဒါမှာ ဆံပင်သန်စွမ်းပြီး အရှည်မြန်လာမှာ ဖြစ်ပါတယ်။
  • ဗီတာမင်ဓာတ်များဗီတာမင် C ဓာတ်ဟာ အသားအရေနဲ့ ဆံပင်ကို သန်စွမ်းလာဖို့ မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုပါ။ အချဉ်ဓာတ်များတဲ့ အသီးအနှံတွေ၊ ပန်းဂေါ် ဖီစိမ်း၊ ဟင်းနုနွယ် စတာတွေကနေ ဗီတာမင် C ရပါတယ်။ ဥအမျိုးမျိုး၊ မြေပဲ ၊ ဘယ်ရီသီး၊ငါး၊ အသီးအရွက် စတာတွေမှာပါတဲ့ ဘိုင်အိုတင်ဓာတ်ကလည်း သင့်ကလေးရဲ့ဆံပင် ပိုပြီး သန်စွမ်းလာအောင်ပြုလုပ်ပေး နိုင်ပါတယ်
  • အသားဓာတ်နှင့် အဆီဓာတ်များ။ ကြက်၊ ငါး၊ ဥအမျိုးမျိုး၊ ပဲပိစပ် ထွက်ကုန်တွေနဲ့ မြေပဲကနေ ပရိုတင်းဓာတ်တွေ အများကြီးရပါတယ်။
  • သံဓာတ်။ ပဲပိစပ်နဲ့ ပဲနီလေး စားပေးရင် သံဓာတ်တွေရနိုင်ပါတယ်။
  • ဇင့်ဓာတ်ဇင့်ဓာတ်ဟာ ဆံပင်ရဲ့ ဖွဲ့စည်းပုံမှာ မရှိမဖြစ် အရေးကြီးတဲ့ အရာတစ်ခုလည်းဖြစ်ပါတယ်။ ရွှေဖရုံသီးချက်၊ ပြည်ကြီးငါး၊ အမဲသားချက်နှင့် cocoa အမှုန့် စတာကိုတွေ စားပေးရင်သင့် ဆံပင်လိုအပ်နေတဲ့ ဇင့်ဓာတ်ကို ဖြည့်စည်းပေးနိုင်ပါတယ်။
  • (၂) ကလေး ဦးရေပြားကို နှိပ်နှယ်ပေးပါ

  • ဦးရေပြားကို နှိပ်နှယ်ပေးရင် ဆံပင်အမြစ်ကို သွေးလည်ပတ်မှု ကောင်းစေတာကြောင့် ဆံပင်သန်လာပါတယ်။
  • (၃) ဆံပင်သန်စွမ်းဖို့ရာအတွက် သဘာဝကရတဲ့ထုတ်ကုန်တွေကို အသုံးပြုပါ

    (၄) ကလေး အတွက် ထုတ်ထားတဲ့ ခေါင်းလျှော်ရည်တွေကိုသာ သုံးပါ။

    • လူကြီးခေါင်းလျှော်ရည်တွေမှာ ပါဝင်တဲ့ ပစ္စည်းတွေဟာ ကလေးနဲ့ မတည့်တာမျိုးတွေဖြစ်တတ်တာကြောင့် သင့်ကလေးဆံသားကိုပျက်စီးစေပါတယ်။ ဒါကြောင့် ကလေးအတွတ် ထုတ်ထားတဲ့ ထုတ်ကုန်တွေကိုပဲ ရွေးဝယ်စေချင်ပါတယ်။

    ဆံပင်ပါးနေတဲ့ သင့်ကလေး ဆံပင်ထူလာစေဖို့ ဆံပင်အတွက် အရေးကြီးတဲ့ အာဟာရဓာတ်တွေ ရနေဖို့နှင့် ဆံပင်ပျက်စီးတာကနေ ကာကွယ်တာထက် ပိုကောင်းတဲ့ နည်းလမ်း မရှိနိုင်တော့ပါဘူး။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement