backup og meta

ကလေးဖွံ့ဖြိုးမှုကို ကူညီပေးမယ့် အဖိုးတန်ရတနာလေးများ


Aye Thi Mon မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးဖွံ့ဖြိုးမှုကို ကူညီပေးမယ့် အဖိုးတန်ရတနာလေးများ
    ကလေးကချစ်စရာလေး ထွားလိုက်တာ၊ တတ်လိုက်တာနော်။ အရမ်းဉာဏ်ကောင်းတာပဲဆိုတဲ့ ချီးကျူးသံတွေကြားရရင်ပျော်မဆုံးဂုဏ်ယူမဆုံးဖြစ်သူက ဘယ်သူများလဲ။မေးနေစရာများလိုမလား ဒါကမေမေထိန်းသိမ်းစောင့်ရှောက်မှုတော်လို့ပေါ့ဆိုပြီး စိတ်ထဲက ဝမ်းသာနေတယ်ဟုတ် ချစ်မေမေတို့ရေ။ ဒီစကားက အကြားချင်ဆုံးစကားဆိုပေမယ့်မေမေတိုင်းကြားရတာတော့မဟုတ်ပါဘူး။ ဒါပေမယ့် ဒါက လူလုပ်ယူလို့မရတဲ့ ဆုလာဘ်တစ်ခုတော့လည်း မဟုတ်ပြန်ဘူးနော်။မေမေတို့ အနေနဲ့ ဒီကြားချင်တဲ့စကားလေး ကြားရအောင် ကလေးကို ဘယ်လိုပျိုးထောင်ရမလဲဆိုတာ ဒီဆောင်းပါးလေးထဲကနေပြောပြပေးပါရစေနော်။

    မေမေတို့ကြားချင်တဲ့ စကားလေးကြားရစေဖို့

    မေမေတို့ကြားချင်တဲ့ စကားလေးကြားရဖို့ဆိုရင် လုပ်လို့ရမယ့် အလွယ်ကူဆုံးနည်းလမ်းက ကလေးကို အာဟာရပြည့်အောင်ကျွေးဖို့ပါ။ ဒီနေရာမှာ သိထားရမှာက ကလေးက စားတော့စားတယ်၊ကျွေးလည်းကျွေးနေတာပဲ ဘာလို့များဝမလာတာလဲပေါ့။ ဒါကတော့ ရှင်းပါတယ်။ အာဟာရမပြည့်လို့ပေါ့။ ဒါဆိုအာဟာရပြည့်အောင်ဘာတွေများကျွေးရမလဲစဉ်းစားနေပြီလား။ ကလေးတစ်ယောက် ကျန်းမာပျော်ရွှင်စွာကြီးပြင်းလာစေဖို့ အထောက်အပံ့ပေးမယ့် အဖိုးတန်ရတနာလေးတွေရှိတယ်လေ။

    ကလေးကိုအကောင်းဆုံးကြီးထွားဖွံ့ဖြိုးစေမယ့် အဖိုးတန်ရတနာလေးတွေက ဘာတွေများလဲ

    ကလေးတစ်ယောက်ကောင်းမွန်စွာကြီးပြင်းအရွယ်ရောက်လာစေဖို့နေ့စဉ်စားသုံးမှုမှာ ဒီအာဟာရလေးတွေ ပါဝင်ဖို့လိုပါမယ်။

    • ပရိုတင်းကြွက်သားတွေနဲ့ ခန္ဓာကိုယ်တစ်ရှုးတွေဖြစ်ပေါ်ကြီးထွားစေဖို့ အထောက်အကူပြုပေးပါတယ်။ ကိုယ်ခံအားစနစ်ကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ အသက် ၂ နှစ်ကနေ ၈ နှစ်အရွယ်ကလေးတစ်ယောက်အနေနဲ့ တစ်နေ့တာမှာ ပရိုတင်းပမာဏ ၃အောင်စ ကနေ ၅အောင်စ ရရှိဖို့လိုအပ်ပါမယ်။ အသက်အရွယ်ကြီးလာလေလေ ပရိုတင်းလိုအပ်ချက်မြင့်လာလေလေပါနော်။

    ဘယ်နေရာတွေကနေရမှာလဲ

    ငါး၊ ကြက်သား၊ ကြက်ဆင်သား၊ အဆီမပါတဲ့ အနီရောင်အသား၊ အခွံမာသီးတွေ၊ ဥအမျိုးမျိုး၊ နို့၊ ဒိန်ချဉ်၊ ချိစ်၊မြေပဲထောပတ်တို့ကနေ ရရှိနိုင်ပါတယ်နော်။

    • သံဓာတ်သွေးနီဥဆဲလ်တွေဖြစ်ပေးစေဖို့ အထောက်အပံ့ပေးပါတယ်။ ခန္ဓာကိုယ်တစ်လျှောက်အောက်ဆီဂျင်ကို သယ်ပို့ပေးပါတယ်။ ကလေးကြီးထွားစေဖို့ထောက်ပံ့ပေးသလို သွေးအားနည်းရောဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ကလေးတွေမှာ တစ်နေ့ကို သံဓာတ်လိုအပ်ချက်က ၁၀မီလီဂရမ်အထိရှိပါတယ်။ အရွယ်ရောက်လာတာနဲ့အမျှ သံဓာတ်လိုအပ်ချက်က တစ်နေ့ကို ၈ မီလီဂရမ်အထိတိုးလာနိုင်ပါတယ်။

    ဘယ်နေရာတွေကနေရမှာလဲ

    အနီရောင်အသားတွေ၊ ပဲအမျိုးမျိုး၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ၊ တူနာ၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး ၊ သံဓာတ်ဖြည့်စွက်ထားတဲ့ အာဟာရဖြည့်စားစရာတွေ ကနေ သံဓာတ်ကိုရရှိနိုင်ပါတယ်။

    ကျန်းမာကြံ့ခိုင်တဲ့ အရိုးတွေဖြစ်ပေါ်စေဖို့ အထောက်အပံ့ပေးပါတယ်။ ကလေးတိုင်းဟာ တစ်နေ့ကို ဗီတာမင် ဒီ ၆၀၀ ဂရမ်ရရှိဖို့လိုအပ်ပါမယ်။ ဗီတာမင် ဒီက အရမ်းများလွန်းရင်မကောင်းသလို အရမ်းများလွန်းရင်လည်း မကောင်းပါဘူး။

    ဘယ်နေရာတွေကနေရနိုင်လဲ

    ပြောနေကျစကားတစ်ခွန်းကိုပဲ ထပ်ပြောရဦးမယ်။ နေရောင်ခြည်ကနေ အဓိကရနိုင်ပါတယ်။ နို့နဲ့နို့ထွက်ပစ္စည်းတွေကနေလည်း ရနိုင်ပါတယ်နော်။

    အရိုးတွေနဲ့သွားတွေကျန်းမာကြံ့ခိုင်စေဖို့ လိုအပ်တဲ့ ဓာတ်တစ်ခုပါ။ နေ့စဉ်စားသုံးဖို့မလိုအပ်ပေမယ့် ပြည့်ဝနေဖို့အတွက် မကြာမကြာစားသုံးပေးဖို့တော့ လိုပါမယ်။ ကလေးတစ်ယောက်အနေနဲ့ တစ်နေ့ကို ကယ်လ်ဆီယမ်ပမာဏ ၁၀၀၀ မီလီဂရမ်လိုအပ်ပါတယ်။

    ဘယ်နေရာတွေကနေ ရနိုင်လဲ

    နို့နဲ့နို့ထွက်ပစ္စည်းတွေ၊ ပဲပြား၊ ကယ်လ်ဆီယမ်ဖြည့်စွက်ထားတဲ့ ပဲနို့ နဲ့ အခြားသော ကယ်လ်ဆီယမ်ပါဝင်နေတဲ့ ဖြည့်စွက်အာဟာရတွေကနေရရှိနိုင်ပါတ ယ်။

    ဦးနှောက်ဖွံ့ဖြိုးဖို့နဲ့ ကိုယ်ခံအားစနစ်ကောင်းမွန်စေဖို့ အဓိက ပံ့ပိုးပေးတာပါ။ ခန္ဓာကိုယ်က သံဓာတ်စုပ်ယူနိုင်အောင်လည်း ပံ့ပိုးပေးပါသေးတယ်။ ငယ်စဉ်မှာ တစ်နေ့ကို ၂၅ မီလီဂရမ်လိုအပ်နိုင်ပြီး အရွယ်ရောက်လာတာနဲ့အမျှ ၄၅ ဂရမ်အထိလိုအပ်နိုင်ပါတယ်နော်။

    ဘယ်နေရာတွေကနေရရှိနိုင်လဲ

    လတ်ဆတ်တဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ အထူးသဖြင့် လိမ္မော်သီး၊ စတော်ဘယ်ရီ၊ ကီဝီသီး၊ ပန်းဂေါ်ဖီစိမ်းတို့ကနေ ရရှိနိုင်ပါတယ်နော်။

    အစာခြေစနစ်က အကျိုးပြုဘက်တီးရီးယားလေးတွေကို အာဟာရဖြည့်တင်းပေးတဲ့ အကျိုးပြုဘက်တီးရီးယားအာဟာရပါ။ အစာခြေစနစ်ကျန်းမာပြီး ကိုယ်ခံအားကောင်းစေဖို့ အထောက်အပံ့ပေးပါတယ်။

    ဘယ်ကနေရရှိနိုင်လဲ

    အထူးသဖြင့် ဒိန်ချဉ်ကနေရရှိနိုင်ပါတယ်။ lcFOSဖြည့်စွက်ထားတဲ့ အာဟာရဖြည့်စွက်စာတွေကနေလည်း ရရှိနိုင်ပါတယ်။

    ကလေးရဲ့ အမြင်အာရုံနဲ့ဦးနှောက်ဖွံ့ဖြိုးမှုကိုအကောင်းဆုံးထောက်ပံ့ပေးတဲ့ Omega 3 fatty acid တစ်မျိုးပေါ့။ ဉာဏ်ကောင်းတဲ့ ကလေးအဖြစ်ကြီးပြင်း လာစေမှာပါ။

    ဘယ်ကနေရရှိနိုင်လဲ

    ထောပတ်သီး၊ ဥအမျိုးမျိုး၊ အခွံမာသီး၊ ပဲအမျိုးမျိုး၊ ဆားဒင်း၊ ဆယ်လ်မွန်၊တူနာ၊ မက်ကာရယ်ငါးတို့ကနေ အဓိကရရှိနိုင်ပါတယ်။

    မေမေတို့ဈေးဝယ်ထွက်တိုင်း ဒီအဖိုးတန်ရတနာလေးတွေပါအောင်ဝယ်ယူရင်း ကိုယ့်ရဲ့ အဖိုးမဖြတ်နိုင်တဲ့သားသမီးတွေကို အာဟာရပြည့်ဝအောင်ကျွေးမွေးပျိုးထောင်လိုက်ပါနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement