brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကလေးတွေ ဟင်းသီးဟင်းရွက် အစိမ်းစားလို့ရလား

အသီးအရွက်တွေကို ရေသန့်သန့်လေးဆေးပြီး အစိမ်းလိုက် ဂျိုးဂျိုးဂျွက်ဂျွက်ဝါးစားရတာ မိုက်တယ်နော်။ ကိုယ်စားလို့ အရသာရှိတိုင်း ကိုယ်ရဲ့ ကိုယ်ပွားဖြစ်တဲ့ ကလေးကို ကျွေးချင်မိတယ်ဟုတ်။ ကလေးတွေ ဟင်းသီးဟင်းရွက် အစိမ်းစားလို့ရလား …. ကလေးက ငယ်သေးတော့ကျွေးလို့ရပါ့မလားလို့ စိတ်ပူနေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက မေမေဖေဖေတို့အတွက်ပါ။

ကလေးတွေ ဟင်းသီးဟင်းရွက် အစိမ်းစားလို့ရလား

ကလေးတွေ ဟင်းသီးဟင်းရွက် အစိမ်းစားလို့ရလား

ကလေးက ဖြည့်စွက်စာစစားပြီး နည်းနည်းလေး ကြီးလာပြီဆိုရင် လူကြီးတွေစားသမျှကို စားဖို့ စိတ်ဝင်စားစပြုလာပြီလေ။ ကိုကိုမမတွေရှိတဲ့ ကလေးတွေဆို အကြီးတွေစားသမျှကိုလိုက်စားချင်ပြီလေ။ ဒီလိုအချိန်မျာ ကလေးကိုကျွေးမှာလား ၊ မကျွေးဘူးလား ဘယ်လိုဆုံးဖြတ်မလဲ။

ကလေးတွေ ဟင်းသီးဟင်းရွက် အစိမ်းစားလို့ရလား ဆိုတော့ ကလေးက ၂ နှစ်လောက်ကျော်လာပြီဆိုရင်၊ ကျွတ်ဆတ်တဲ့ အစာမာတွေကို သေချာကြေညက်အောင် ဝါးပြီး မျိုချနိုင်ပြီဆိုရင် ကျွေးလို့ ရပါပြီ။

ကျွေးလို့ရတာဆိုရင်တော့ကျွေးလိုက်တာအကောင်းဆုံးပါ။ ကလေးအတွက် အရသာအသစ်အဆန်းကိုမြည်းစမ်းခွင့်ရစေမှာဖြစ်သလို ကလေးကို ကျန်းမာတဲ့ အစားအသောက်အလေ့အထပျိုးထောင်ခွင့်ရစေမှာပါ။ အသက် နှစ်နှစ်လောက်ရောက်လာပြီဆိုတော့ ကလေးက သွားတွေလည်း စုံလို့ စားချင်၊ ဝါးချင်နေပြီလေ။

ကလေးတစ်ယောက်နေ့စဉ်စားသင့်တဲ့ ဟင်းသီးဟင်းရွက်ပမာဏ

ကလေးကို ဟင်းသီးဟင်းရွက်တွေ သစ်သီးတွေကျွေးတာတော့ ဟုတ်ပါပြီ။ ဘယ်လောက်အတိုင်းအချင့်နဲ့ ကျွေးရမလဲလို့များ သိချင်နေလား။ ကလေးရဲ့ အသက်အရွယ်အလိုက် စားသုံးရမယ့် ဟင်းသီးဟင်းရွက်နဲ့သစ်သီးပမာဏက ကွာခြားပါတယ်နော်။

ကလေးက ၂ နှစ် ကနေ ၃ နှစ် ဆိုရင်– တရုတ်ပန်းကန်လုံးနဲ့ ၁လုံး၊ ၁လုံးခွဲ

ကလေးက ၄ နှစ်ကနေ ၈ နှစ်ဆိုရင် – တရုတ်ပန်းကန်လုံးနဲ့ ၁လုံးခွဲကနေ ၂လုံးခွဲ

ကလေးက ၉ နှစ် ကနေ ၁၃ နှစ်ဆိုရင် – တရုတ်ပန်းကန်လုံးနဲ့ ၂လုံးကနေ ၄လုံးလောက် ကျွေးလို့ရပါပြီ။

ကလေးကို ဘယ်ဟင်းသီးဟင်းရွက်တွေ အစိမ်းကျွေးလို့ရလဲ

ဟင်းသီးဟင်းရွက်တွေ နဲ့ သစ်သီးတွေရဲ့ အရောင်အသွေးစုံလင်မှုက ကလေးကို စားချင်စိတ် ဖြစ်လာအောင် ဆွဲဆောင်မှာပါ။ ဒီကနေမှ တဆင့် စားကြည့်လိုက်တဲ့အခါ ခံစားမိတဲ့ အရသာက ကလေးကို စားချင်စိတ် ဖြစ်လာအောင် ဆက်လက် တာဝန်ယူမှာပါ။

ကလေးက သူ့ရှေ့မှာ စားပြတဲ့သူ ရှိလေလေ ဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးတွေကို စားချင်လာလေလေ ဖြစ်မှာပါ။ ကလေးတွေကို ကျွေးလို့ရမယ့် ဟင်းသီးဟင်းရွက်တွေက –

သစ်သီးတွေ အနေနဲ့ကတော့ –

ကလေးကို ဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးတွေ ကျွေးတဲ့အခါ ဒါတွေ သတိထားပါ

ကလေးကို ဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးတွေ ကျွေးတဲ့အခါ သတိထားသင့်တဲ့ အချက်လေးတွေ ရှိနေပါတယ်။ ဒါတွေကတော့

  • ကလေးကို သဘာဝ မြေသြဇာ သုံးပြီး စိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက်တွေပဲ ကျွေးပေးပါ။
  • ရေစင်အောင် ဆေးကြောပါ။
  • အခွံခွာ ကျွေးပါ။
  • အနာအဆာ မပါဖို့ ဂရုစိုက်ပါ။
  • လတ်ဆတ်မှု ရှိအောင်ဂရုစိုက်ပါ။
  • ကလေးစားနိုင်မယ့် အရွယ်လေးတွေ လှီးဖြတ်ပေးပါ။

ဒီအချက်လေးတွေကို ဂရုစိုက် ပြင်ဆင်ပေးပြီး ကိုယ့်ရဲ့ ကိုယ်ပွားဖြစ်တဲ့ ကလေးကို ငယ်စဉ်ကတည်းက ဟင်းသီးဟင်းရွက်တွေ စားသုံးတတ်သူလေးဖြစ်အောင် ပျိုးထောင်လိုက်ပါနော်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 26/09/2023 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။