brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကလေးတွေအတွက် essential fatty acids က ဘာကြောင့် မရှိမဖြစ်အရေးကြီးတာလဲ ။ ။

ကလေးတွေအတွက် essential fatty acids က ဘာကြောင့် မရှိမဖြစ်အရေးကြီးတာလဲ ဆိုတာလေး ပြောပြပေးချင်ပါတယ်။ အဆီတိုင်းမကောင်းတာမဟုတ်ပါဘူး။ ခုမှ ကြီးထွားဖို့ တာဆူနေတဲ့ ကလေးတွေအတွက် အာဟာရပြည့်ဝဖို့အတွက် အဆီတွေရော၊ အသားတွေရော တစ်ခြားအရာတွေရော အကုန် မျှတအောင်စားမှ ရမှာပါ။ ဒါကြောင့် ခုပြောပြပေးချင်တာကတော့ ကလေးတွေ ရဲ့ ကျန်းမာရေးအတွက် fatty acids တွေက ဘယ် အခန်းကနေ ပါဝင်နေလဲ၊ ဘာကြောင့် စားဖို့လိုအပ်လဲဆိုတာလေးတွေပဲ ဖြစ်ပါတယ်။

ကလေးတွေအတွက် essential fatty acids က ဘာကြောင့် မရှိမဖြစ်အရေးကြီးတာလဲ ။ ။

အဆီစားတိုင်းကောင်းသလား။ ။

ကလေးတွေအတွက် လိုအပ်တဲ့ အာဟာရမျိုးစုံရအောင် အဆီတွေပါစားရမယ်ဆိုပေမယ့်လည်း သင့်တော်တဲ့ ပမာဏသာ စားဖို့လိုအပ်ပါတယ်။ အဆီစားများရင် ကလေးအတွက် အဝလွန်စေတဲ့ ပြဿနာ ဖြစ်တတ်သေးတယ်မဟုတ်လား။ ။

ကလေးတွေအတွက် essential fatty acids က ဘာကြောင့် မရှိမဖြစ်အရေးကြီးတာလဲ ။ ။

ကလေးတွေအတွက် essential fatty acids က ဘာကြောင့် မရှိမဖြစ်အရေးကြီးတာလဲ ဆိုတော့ fatty acid တွေက

ဒါကြောင့် ခုမှ ကြီးထွားဖွံ့ဖြိုးဖို့ တာဆူနေတဲ့ ကလေးတစ်ယောက်မှာ fatty acid က မရှိမဖြစ်လိုအပ်ပါတယ်။

ကိုယ်ခန္ဓါအတွက် မရှိမဖြစ်လိုအပ်တဲ့ fatty acid ဘယ်နှစ်မျိုးရှိသလဲ။ ။

  • Omega 3 fatty acid
  • Omega 6 fatty acid ဆိုပြီး မရှိမဖြစ်လိုအပ်တဲ့ fatty acid ၂ မျိုးရှိပါတယ်။

သူတို့နှစ်မျိုးလုံးက (polyunsaturated fats ) မပြည့်ဝဆီေတွဖြစ်လို့ ကိုယ်တွင်းမှာရှိတဲ့ မကောင်းတဲ့ LDL ကိုလက်စရောကို လျော့ကျစေတဲ့အပြင် ကိုယ်တွင်းရောင်ရမ်းတာတွေတာကိုလည်း သက်သာစေပါတယ်။ ဒါကြောင့် သူတို့ကို ကိုယ်ခန္ဓါအတွက် မရှိမဖြစ်လိုအပ်တဲ့ fatty acid လို့ခေါ်ကြတာပါ။ ကိုယ်ခန္ဓါက မထုတ်ပေးနိုင်တဲ့အတွက် fatty acid ဆိုတာ နေ့စဉ်စားတဲ့ အစားအသောက်တွေထဲ ပါကိုပါရမယ့် အရာတစ်ခုပါ။

Omega 3 fatty acid ကြွယ်ဝတဲ့ အစားအသောက်တွေက ဘာတွေလဲ။ ။

Omega 3 fatty acid မှ

  • alpha-linolenic acid (ALA),
  • docosahexaenoic acid (DHA),
  • eicosapentaenoic acid (EPA). ဆိုပြီး ၃ မျိုးရှိပါတယ်။

DHA က ဦးနှောက်နဲ့ ဉာဏ်ရည်ဖွံဖြိုးဖို့နဲအမြင်အာရုံ သန်စွမ်းစေဖို့အတွက် အဓိက အခန်းကနေ ပါဝင်ကူညီပေးပါတယ်။ ဒါကြောင့် ကလေးတွေ အတွက်ထုတ်ထားတဲ့ နို့မှုန့်နဲ့ ဖြည့်စွက်စာတွေမှာ DHA က မပါမဖြစ်ပါဝင်ပါတယ်။

alpha-linolenic acid (ALA) ကို အပင်တွေကနေ အများဆုံးရတာဖြစ်ပြီး စားလိုက်ရင် ကိုယ်ခန္ဓါက alpha-linolenic acid (ALA), ကို DHA နဲ့ EPA တို့ အဖြစ်ပြောင်းပေးပါတယ်။ alpha-linolenic acid (ALA) က ကိုက်လန်၊ ပဲပိစပ်ဆီနဲ့ သစ်ကြားသီးတို့မှာ ကြွယ်ဝစွာပါဝင်ပါတယ်။

DHA နဲ့ EPAတို့ ကြွယ်ဝတဲ့ ဆယ်လ်မွန်ငါး၊ ဆာဒင်းငါး၊ ငါးကွမ်းရှပ်၊ ငါးသလောက်နဲ့ ထရောက်ငါးတို့က နေ့စဉ်စားတဲ့အစားအသောက်ထဲမှာ ပါသင့်တဲ့ အရာတွေပါ။

Omega 6 fatty acid ကြွယ်ဝတဲ့ အစားအသောက်တွေက ဘာတွေလဲ။

Omega 6 fatty acid ကို linolenic acid လို့လည်းခေါ်ကြပြီး အပင်တွေကနေ အဓိက ရပါတယ်။ ပြောင်းဖူး၊ ဆူးပန်းရွက်၊ ညနေခင်းနှင်းဆီ( evening primose)၊ နေကြာဆီ နဲ့ ပဲပိစပ်ဆီတို့က Omega 6 fatty acid ကြွယ်ဝတဲ့ အရာတွေပါ။

ကလေးတွေအတွက် နေ့စဉ်လိုအပ်တဲ့ essential fatty acids ပမာဏက ဘယ်လောက်လဲ။ ။

အသက် ၁နှစ်မှ ၃ နှစ်အရွယ်ကလေးတွေက

Omega 6 fatty acid – ၇ ဂရမ် နဲ့

Omega 3 fatty acid – ဝ.၇ ဂရမ် နေ့စဉ်ရဖို့ လိုအပ်ပါတယ်။

အသက် ၄ နှစ်မှ ၈ နှစ်ကလေးတွေက

Omega 6 fatty acid – ၁၀ ဂရမ် နဲ့

Omega 3 fatty acid – ဝ.၉ ဂရမ် နေ့စဉ်ရဖို့ လိုအပ်ပါတယ်။

ကလေးတွေအနေနဲ့ fatty acid တွေကို သတ်မှတ်ထားတဲ့ပမာဏထက်ပိုမစားသင့်ပါဘူး။ Omega 3 fatty acid ကို လိုတာထက်ပိုစားမိရင် သိပ်ပြဿနာ မရှိပေမယ့် Omega 6 fatty acid ကတော့များများစားမိရင် ကျန်းမာရေးကို ဒုက္ခပေးနိုင်ပါတယ်။ တန်ဆေးလွန်ဘေးဆိုတာလည်း ရှိတယ်မလား။ ။

ဒါတွေကတော့ ကလေးတွေအတွက် fatty acids ကဘယ်လိုအရေးကြီးတယ်၊ တစ်နေ့ဘယ်လောက်လိုအပ်လဲဆိုတာနဲ့ သူတို့ကြွယ်ဝတဲ့ အစားအစာတွေက ဘာတွေလဲဆိုတာတွေကို ပြောပြပေးထားတွေပဲဖြစ်ပါတယ်။ ကလေးတွေရဲ့ ကျန်းမာရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးရေးတို့က မေမေတို့လက်ထဲမှာပဲရှိတဲ့အတွက် ခုဆောင်းပါလေးက မေမေတို့ ဖတ်ထားသင့်တဲ့ဆောင်းပါးတစ်ခုပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thin Yadanar @ Frances မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 03/05/2024 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။