ကြက်ဥ ဘဲဥဆိုတာ လူတိုင်းကြိုက်ကြ၊ စားနေကြ၊ လူတိုင်းနဲ့လည်း တည့်ပြီး အာဟာရရှိတဲ့ အရာတစ်ခုပါ။ ဒီလို အရသာရှိ၊ ကျန်းမာရေးအတွက်လည်း ညီညွတ်တဲ့ ကြက်ဥ ဘဲဥတွေနဲ့ မတည့်တဲ့သူတွေလောက် ကံဆိုးတဲ့သူမရှိပါဘူး။
ဘယ်သူတွေမှာ ပိုဖြစ်တာလဲ။ ။
ကြက်ဥဘဲဥနဲ့ ဓါတ်မတည့်တဲ့ ပြဿနာဟာ ကလေးတွေ မှာ အများဆုံးဖြစ်တဲ့ ပြဿနာတစ်ခုပါ။
ကြက်ဥဘဲဥနဲ့ ဓါတ်မတည့်တာရဲ့ လက္ခဏာတွေက ဘာတွေလဲ ။ ။
ကြက်ဥစားပြီးပြီးချင်းမှာ ဖြစ်တတ်တဲ့ မပြင်းထန်တဲ့ လက္ခဏာတွေကတော့
- အင်ပြင်ေတွထွက်လာမယ်
- နှာတွေမွန်ပြီး နှာစေး၊နှာရည်ယိုတာတွေဖြစ်လာမယ်
- ဗိုက်အောင့်မယ်
- ပျို့အန်တာတွေဖြစ်မယ်
- ချောင်းဆိုးြပီး အသက်ရှူမဝတော့တာမျိုး ၊ရင်ဘတ်ပေါ်တစ်ခုခု ဖိထားလို့ အသက်ရှူကြပ်နေတာမျိုးတွေဟာ ကြက်ဥ၊ဘဲဥ နဲ့ ဓါတ်မတည့်တာရဲ့ လက္ခဏာတွေပါ။
anaphylaxis လို့ခေါ်တဲ့ အသက်ဆုံးရှုံးရလောက်တဲ့အထိ ပြင်းထန်တဲ့ ဓါတ်မတည့်မှုတွေလည်း ဖြစ်တတ်ပါသေးတယ်။ အသက်ဆုံးရှုံးရလောက်တဲ့အထိ ပြင်းထန်ပြီးတော့ ချက်ချင်းဆေးကုသမှုခံယူဖို့လိုအပ်ပါတယ်။ ဒီ anaphylaxis Shock ရဲ့ လက္ခဏာတွေကတော့
- အသက်ရှူလမ်းကြောင်းပိတ်သွားပြီး အသက်ရှူရခက်ြခင်း
- ဗိုက်အောင့် ဗိုက်နာဖြစ်ခြင်း
- သွေးခုန်နှုန်းတွေ မြန်နေခြင်း
- သွေးပေါင်ထိုးကျသွားပြီး ချာချာလည်အောင် မူးနေခြင်း
- သတိလစ်သွားခြင်း တို့ဖြစ်ပါတယ်။ ကြက်ဥ ဘဲဥတို့နဲ့ ဓါတ်မတည့်ခြင်း ။ ။
ကြက်ဥ၊ ဘဲဥနဲ့ ဓါတ်မတည်ခြင်းကိုဘယ်လိုကုသ ပါသလဲ ။ ။
မပြင်းထန်တဲ့ ဓါတ်မတည့်ခြင်းတွေ အတွက်ကတော့ ဓါတ်မတည့်တာတွေကို သက်သာစေတဲ့ ဘာမီတွန်တို့ ၊ antihistamine အုပ်စုဝင် ဆေးတွေ သောက်လိုက်လို့ရပါတယ်။
ပြင်းထန် ဓါတ်မတည့်ခြင်းဖြစ်တဲ့ anaphylaxis Shock သာဖြစ်ခဲ့ရင်တော့ ဆရာဝန်ဆီ ချက်ချင်းသွားပြီး epinephrine ဆေး ထိုးရမှာ ဖြစ်ပါတယ်။
ကြက်ဥ၊ ဘဲဥနဲ့ ဓါတ်မတည့်တဲ့ကလေး အိမ်မှာရှိရင် ဘယ်လို ပြုစုရမလဲ ။ ။
ဓါတ်မတည့်ဘူးဆိုတာ သိနေမှတော့ အကောင်းဆုံးက ကြက်ဥ ဘဲဥတွေ ကလေးမစားမိစေဖို့ပဲဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ကလေးစားတဲ့ သရေစာေတွ၊ မုန့်တွေအစားအသောက်တွေထဲမှာ ကြက်ဥနဲ့ လုပ်ထားတာတွေ မပါမိစေဖို့ မေမေတို့ဘက်က အထူး သတိထားပေးရမှာဖြစ်ပါတယ်။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
[embed-health-tool-bmr]